Pages

Tuesday, October 2, 2012

တကယ့်လူသား


မလှမပနဲ့ ဘ၀ကစခဲ့
အဖမဲ့တဲ့ဖြစ်အင် ညမရှိတဲ့လအသွင်နဲ့
သံသရာဝန်းကျင် ကံကြမ္မာဝေါယာဉ်ကြီးစီး
သောကစည်ကြီးမြည်ဟီး မောဟဝဲဂယက်က
အပြုံးမပျက်ရုန်းထွက် လူတစ်ယောက်အတွက်
အဓိကချက်တဲ့ ပညာရွှေအိုးလူမခိုး
ပညာရဲရင့်ပွဲလယ်တင့်သတဲ့
မသင့်တင့်တဲ့ ဘ၀အဖြစ်ရယ်ကြောင့်
ပညာအဆင့်ထင်ရာမရောက် ဘဏ္ဍာကမွှေနှောက်
ရောက်ခဲ့တဲ့ပန်းတိုင် ဘွဲ့တစ်ခုတော့လှမ်းကိုင်
အမိမြေရဲ့အဓိကမဏ္ဍိုင် မြန်မာစာဘွဲ့တော့တကယ်ပိုင်။

အခြေခိုင်မခိုင်မတွေးလေအား စေတနာစွမ်းပကားတွေ
တကယ့်အလေးထားကာ မွေးဌာနေတကယ်လှစေဖို့
အမုန်းမဖက်အပြုံးမပျက်တဲ့ အကြင်နာအားတွေကြား
လမ်းစတွေတကယ်ရစေဖို့ တိုးတက်မဲ့အရေး
မှန်းဆကာတွေးပါလို့  ရွေးထုတ်မကွဲ့
တကယ့်လူသား။

1 comment: