Pages

Saturday, October 20, 2012

အရိပ်ကင်းရာ နွေကန္တာ




အာဇာနည်အချင်း အဖော်တစ်သင်း
ရဲရဲရင့်ရင့် အဆင်းတင့်တင့်
သွေးချင်းဆင့်လို့ မြေတစ်ခင်းတွင်
အင်အားတွေဆင် အရှုံးတွေစင်
အောင်ခြင်းဝေစည် သွေးစည်းကာချီ
မျှော်ရည်ကာမှန်း လမ်းပြခေါ်ဆောင်
အဆောင်ယောင်မဲ့ ဖော်ဆောင်ခဲ့လည်း
အချည်းနှီးပဲ။

ငြိမ်းချမ်းသာယာ အလှကမ္ဘာကို
ရောက်လုဆဲဆဲ အချိန်ထဲမယ်
အတ္တရောင်ကဲ ပညာနည်းလျှက်
စွဲမက်လောဘ မောဟဖုံးလွမ်း
ခရီးကြမ်းနှယ် ပြောင်းလဲချယ်သ
လမ်းစကိုဖျောက် အသိမှောက်မှား
ဖောက်ပြားကြံစည် လူမမည်သည့်
သွေဖီသူများ သနားမငဲ့
ကိုယ်ကျိုးဖက်လျှက် သွေးစက်ခြေဆေး
နန်းတက်ရေးသာ လှမ်းနေရှာတော့ 
 ဘယ်မှာလှပ သာယာမလဲ။

အကြင်သူသည် ကျွန်ဖြစ်ပါမူ
အရှင်ဆိုသူ နန်းသခင်ကို
အားကိုးယုံစား လျှောက်ထားခွင့်များ
ရလိုငြား၏ ပြည်တွင်းသခင်
အရှင်မမည် လိုရာဆွဲသုံး
မူထုံးပျက်က လက်အောက်နာခံ
ကျွန်အဖြစ်စံ အားမာန်မရှိ
အသိမကြွယ် ပြည်သူတွေဝယ်
ကယ်သူကမဲ့ အမိဖမဲ့
ပစ်ခဲ့သူငယ်လို မိုးပြိုမှာကြောက်
စိုးရိမ်စိတ်ကြောင့် ဘယ်မှာပျော်ရွှင်
နေချင်မလဲ။

No comments:

Post a Comment