Pages

Monday, October 29, 2012

လရိပ်လေးရဲ့လပြည့်ည



မိုးတစ်ညရဲ့ အေးစက်စက်အရသာ
လမပါတဲ့ညချမ်း ဝေးခဲ့တဲ့လင်းလက်ခြင်းဒြပ်ထု
မြေမခချင်ပေမဲ့ ကြေမွနေတဲ့အသည်းကဆွတ်ပျံ့ပျံ့
ဇာတ်မျောတွေနဲ့အိပ်မောကျလို့
သဘာဝကျတဲ့လပြည့်ညကို မြင်ချင်နေခဲ့။

ဘဝပေးကမလှ ပညတ်တဲ့အရာက လရိပ်တဲ့
နေမင်းကကူ အရိပ်ယူလို့
မြင်သူတွေငေး ပျော်ရွှင်မှုတွေပေးရပါရဲ့
အသွင်မတူတဲ့ဇာတ်လမ်း မှတ်တမ်းမပြုချင်တော့
မိုးမပြိုခင်လေးတော့ လပြည့်ညကို မြင်ချင်နေခဲ့။

ကံကြမ္မာကို အသက်သွင်း ရင်ထဲကချဉ်ခြင်းအတွက်
အမြင်မဆန်းတဲ့ ညအလွမ်းတွေနဲ့
ဒဏ်ရာတွေကုစား မှိုင်းညှို့ရီဝေနေတဲ့
ညတရားကိုထားခဲ့လို့ ရမ္မက်ပန်းတွေချွေချရင်း
လပြည့်ညကို မြင်ချင်နေခဲ့။

အဆင့်သင့်လို့ ပြေပြစ်ခြင်းတွေ စာစီကုံး
ဘဝအရှုံးတွေလက်နက်ချ
နွေညရဲ့အိပ်စက်ခြင်းတွေနိုးထလို
ငါ့ဘဝရဲ့ ကြိုးတစ်စက ယဲ့ယဲ့လေးပြုံးပြတော့
မနက်ဖြန်ဆိုတဲ့ အရိပ်အောက်က မသွေ့ခြောက်တော့တဲ့
ညတစ်ညက လရိပ်လေးရဲ့လပြည့်ညပေါ့။

No comments:

Post a Comment