Pages

Sunday, June 30, 2013

***သဘာဝ***



ပင်မြင့်မှာနေ
ပန်းခရေ
မခြွေယူလည်း မြေခမြဲ။

ဆူးနှင်းဆီလေး
မာနထွေး
ရောင်သွေးစုံလည်း နွမ်းကြေမြဲ။

ပန်းလေးစံပယ်
ဖြူစင်ကြယ်
ရေနှယ်အေးလည်း ပျက်စီးမြဲ။

ပင်မြင့်သဇင်
ပန်းတော်ဝင်
စံတင်ထားလည်း ကြွေရမြဲ။

ပိတောက်ဝါ၀ါ
ပွင့်ဖတ်လွှာ
သစ္စာရှိလည်း ညှိုးရော်မြဲ။

သံသရာထဲ
ကျင်လည်ဆဲ
စွဲမြဲတည်တာ သေခြင်းပါ။

ဖြစ်ပြီးပျက်မှာ
အသေချာ
ဘယ်ခါမမှား အမှန်တရား။

ဖြစ်ပျက်လောက
သင်္ခါရ
ဖတ်ကြမှတ်ကြ သတိရ။

ရတနာသုံးပါး
ဦးထိပ်ထား
ပွားများဘာဝနာ အခါခါ။

ငြိမ်းချမ်းရာမှန်
မြတ်နိဗ္ဗာန်
ဧကန်ရောက်ကြောင်း ကုသိုလ်လောင်း။

မဖောက်မပြန်
စိတ်ရည်သန်
နိဗ္ဗာန်ရောက်ရန် လမ်းကြောင်းမှန်။(30.6 .2013)(လရိပ်လေး)