Pages

Sunday, August 23, 2015

ပန်းတနော်သို့


ဦးသန့်စာအုပ်မိတ်ဆက်ပွဲ ၊
စာအုပ်လှူဒါန်းပွဲ အတွက်
ဦးသန့်၏မွေးဖွားရာဇာတိ ပန်းတနော်သို့

ပန်းတနော် ၊ ပုသိမ်၊ ဓနုဖြူ ခရီးစဉ်စပြီ
လရိပ်လေး ခရီးသွားနေသည်ပေါ့။ 

လရိပ်လေး (မောင်းမကန်)
၂၃. ၈ .၂၀၁၅
http://layeiklay.blogspot.com/

***တမ်းတမှု ခြေရာ***

အထီးကျန်ခြင်းနဲ့ ချစ်ခြင်းကြားမှာ လွန်ဆွဲရင်း
ဘဝက အလင်းမဲ့လာတယ်။

ကဗျာဆိုတာကို ဖက်တွယ်ရင်း
ခံစားချက်တွေ ဖွင့်ထုတ်ချင်ပေမဲ့
နှလုံးသားက ဆေးခါးပဲကြိတ်မျိုနေရသေး။

အမှားမှန်တွေရဲ့ ဒွိဟကြား
သံယောဇဉ်တံတားလေး တစ်ခုရှိနေစေချင်တာ
လိုအပ်ဆုံးသော ဆုလဒ်တစ်ခုပါ။

အတိတ်ရယ် ကမ္ဘာမခြားခင်လေး
ပြန်လာပေးပါလားကွယ်။

လရိပ်လေး (မောင်းမကန်)
၁၈. ၈ .၂၀၁၅
http://layeiklay.blogspot.com/

***ဂုဏ်ယူထိုက်စွာ တို့မြန်မာ***


ရေးဘေးဒုက္ခ ကြုံလာရချိန်
ဖေးမအားကူ စိတ်ကြည်ဖြူလျက်
ညီတူလက်တွဲ မေတ္တာကဲ၍
သဲသဲလှုပ်မျှ လှူဒါန်းကြရာ
မြင်ရသူမှာ စိတ်ကြည်သာသည်။


ဝေးရပ်မြေခြား မြန်မာများလည်း
စိတ်ထားတက်ကြွ စုစည်းကြလျက်
ဝေမျှခံစား ဒါနပွားကာ
အများကျိုးတွက် ပေးကမ်းလက်နှင့်
သက်ဆက်စေတာ ဂုဏ်ယူပါသည်။

နေရာများစွာ ဖြန့်ကျက်ကာဖြင့်
မြန်မာစိတ်ထား မာန်ဝင့်ကြွားသို့
အင်အားနဲ့ငွေ ဖြည့်စွက်ဝေလျက်
ရေမြေတောတောင် ဘေးမရှောင်ပဲ
များမြောင်လူသား ဘဝများအား
လေးထားကယ်ပေး မြန်မာ့သွေးကို
လေးစာအစဉ် ချစ်စိတ်ဝင်သည်။

ပေးလှူသူများ မြတ်စိတ်ထားကို
လေးစားအားကျ ကြည်နူးလှ၍
ရင်မှကဗျာ ရေးစပ်ကာဖြင့်
မြန်မာပြည်ဖွား သွေးချင်းများအား
တင်စားဂုဏ်ယူ မှတ်တိုင်ထူသည်
နတ်လူသာဓု ခေါ်စေသော်။

လရိပ်လေး ( မောင်းမကန်)
( 13 - 7 - 2015 )
http://layeiklay.blogspot.com/

Sunday, August 9, 2015

ငြိမ်းအေးပါစေ

သံဃာရည်မှန်း မြတ်သင်္ကန်းကို
လှူဒါန်းဆက်ကပ်ခဲ့ပါသည်။

ဤသို့ပြုရ မြတ်ပုညကြောင့်
ကြုံရရေဘေး မြန်ကင်းဝေးလျက်
ငြိမ်းအေးပါစေ တောင်းဆုချွေ။

လရိပ်လေး (မောင်းမကန်)
August 2 - 2015
http://layeiklay.blogspot.com/

စာရေးနည်းသင်တန်းဖွင့်ပွဲ

မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းသင်တန်းဖွင့်ပွဲမှာ
ဆရာမကြီးဒေါ်ကြူကြူသင်း
ဆရာမ ဝါဝါထင်လင်းတို့နဲ့
အမှတ်တရ 

လရိပ်လေး (မောင်းမကန်)
August 2 - 2015
http://layeiklay.blogspot.com/

အကြောက်တရားဆိုတာ

အကြောက်တရားဆိုတာကို
လက်ကိုင်မထားသင့်ဘူးလို့
ဆိုကြပေမဲ့ ...

ကြောက်သင့်တဲ့အရာကို
ကြောက်ရွံ့တတ်မှ
ဘဝရည်မှန်းချက်ကို
မှန်ကန်တဲ့လမ်းကြောင်းကနေ
တက်လှမ်းနိုင်မှာပါ။

လရိပ်လေး (မောင်းမကန်)
July 19 - 2015
http://layeiklay.blogspot.com/

၆၈ နှစ်မြောက် အာဇာနည်နေ့

၆၈ နှစ်မြောက် အာဇာနည်နေ့
ချွေးအလိမ်းလိမ်းနဲ့ တိုးဝှေ့ပြီး
အာဇာနည်ခေါင်းဆောင်ကြီးတွေကို
အလေးပြုပြီးချိန် အမှတ်တရ

လရိပ်လေး (မောင်းမကန်)
July 19 - 2015
http://layeiklay.blogspot.com/