Pages

Monday, January 27, 2014

****အမျိုးမပျောက်စေ မျိုးစောင့်လေ***

လူ့အခွင့်ရေး ဦးစားပေးက
ရှေ့ရေးမြန်မာ ခက်တွေ့မှာမို့
ပညာနှင့်ယှဉ် ဥာဏ်နှင့်မြင်၍
လိုအင်ဆန္ဒ ချိုးနှိမ်ကြပြီး
မျိုးလှစေရေး ဦးစားပေးကာ
နွေးထွေးလို့သာ မျိုးစောင့်ပါ။

အမျိုးမစောင့် လူမျိုးပျောက်လိမ့်
ခေတ်နောက်လိုက်ကာ သာသနာမေ့
ဘာသာရွှေ့လို့ မြန်မာတို့တွေ
ရှေ့သို့ဆက်နေ လမ်းမှားချေက
ရေမြေကျရှုံး လူမျိုးတုံးကာ
ပျောက်ဆုံးမျိုးဆက် ဘာသာပျက်လို့
နေ့ရက်တိုင်းဟာ ကျဉ်းတန်စွာနဲ့
သေခါနောက်ဆုံး လူဖြစ်ရှုံး။

အမျိုးဘာသာ သာသနာတွက်
သံဃာတော်များ ဦးဆောင်ထားကာ
အများကောင်းကျိုး ရွက်သယ်ပိုးလို့
မျိုးရိုးစောင့်စည်း ရှေ့ခရီးတွက်
မငြီးမငြူ ပေါင်းစည်းကူလျှက်
ညီတူစုဝေး စည်းမျဉ်းရေး။

ဤသို့ဤနှယ် အတွေးကြွယ်လျှက်
မကွယ်လူမျိုး တို့မျိုးရိုးတွက်
အားကျိုးမာန်ပါ ဆောင်ရွက်တာကို
မြန်မာတို့တွေ အားပေးလေလော့
မသွေမဖောက် မျိုးကိုစောင့်လော့
ရှေ့လျှောက်ဖို့ရေး လက်တွဲပေးလော့
မျိုးရေးကိုသာ လေးစားပါလော့
ဘာသာချိုးဖောက် အကျင့်ဖျောက်လော့
မပျောက်ကွယ်အပ် တရားမြတ်တွက်
မွေးရပ်တို့မြေ ဥပဒေရေး
မသွေထောက်ခံ လမ်းကြောင်းမှန်ဖို့
ပြန်လှန်ကူလို့ မျိုးစောင့်စို့။

အမျိုးမပျောက် ခေတ်ကောင်းရောက်ဖို့
မျိုးစောင့်ဥပဒေ တည်တံ့စေရေး
တို့ပြည်သွေးချင်း လွှတ်တော်တွင်းမှ
မတ်မင်းများလည်း မေတ္တာကဲကာ
အမြဲမကွာ မျိုးစောင့်ကာဖြင့်
စာနာလို့သာ လက်ခံလာဖို့
မြန်မာများတို့ ဆုတောင်းစို့။

သာသနာ့မွေ တည်တံ့စေဖို့
တို့တွေလက်တွဲ သွေးမခွဲပဲ
တိုင်းထဲပြည်ထဲ တရားမြဲအောင်
လုပ်ဆဲလုပ်နေ ဥပဒေကို
ရေရှည်တည်ဖို့ ကြိုးစားစို့။

လရိပ်လေး(မောင်းမကန်)
July 27, 2013

Sunday, January 26, 2014

မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ပထမအကြိမ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား (26. 1. 2014) တနင်္ဂနွေနေ့


ဒီနေ့ အထူးအဆန်းသဖွယ် အိမ်မက်တစ်ခုကို မက်ခွင့်ရခဲ့တယ်။ စာရေးဆရာမကြီး ကြူကြူသင်းက ကျွန်မကို စာရေးဆရာအသင်းက ကြီးမှူးကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ ဗန်းကိုင်ပေးဖို့ ပြောလာပါတယ်။ တောသူမလေး ကျွန်မ ဘာမှလည်း မပြင်တတ် မဆင်တတ်နဲ့ အခမ်းအနားတက်ရောက်ပြီးတော့ ဝင်နွှဲလိုက်တာ အဆင်တော့ ပြေလောက်ပါရဲ့နော်၊ ရင်တုန်နေတာကတော့ စင်ပေါ်ကနေ စင်အောက်ရောက်တဲ့ အထိပါပဲ။

ဆရာမကြီးကလည်း ပွဲထုတ်ချင်တော့ ရှိတဲ့အဝတ်အစားလေးနှင့် တပည့်တောသူမလေး ရှိုးမထုတ်တတ်ပေမဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ ကျေးဇူးကြောင့် စင်ပေါ်ရောက်သွားတာပါပဲ။ ဆံထုံးမထုံးတတ်လို့ ဆရာမကြီး ဆူခံလိုက်ရတာကလည်း တကယ့်အမှတ်တရပါ။ ဒါပေမဲ့ ကြွားချင်တာရော ဆရာကြီးတွေနဲ့တွေ့ခွင့်ရတာရော ဆုရစာရေးဆရာတွေအတွက် ဗန်းကိုင်ပေးရတာလေးကို ၀မ်းသာအားရ ကျေနပ်မှုတွေနဲ့ ဆရာကြီးဆရာမကြီးတွေ ကျေးဇူးတရားနဲ့ ဆုရ ဆရာဆရာမတို့အား ဂုဏ်ပြု မုဒိတာပွါးလျှက် ဓာတ်ပုံလေးတွေကို ဖေ့စ်ဘွတ်ခ်က မိတ်ဆွေတွေအတွက် တင်လိုက်တယ်နော် ..။

ဆရာများနဲ့ မိတ်ဆွေများကို လေးစားလျှက်

လရိပ်လေး(မောင်းမကန်)
(၂၆. ၁. ၂၀၁၄)
 

Saturday, January 25, 2014

ဆရာမကြီး မေကျော့ရှင်း နဲ့ ခနတာ


ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတော်များများဟာ အင်တာနက်ကို သုံးစွဲနေကြပြီ ဖြစ်တယ်။ အင်တာနက်ကနေ တစ်ချို့သောသူတွေက အကောင်းကို ယူတတ်ကြသလို အဆိုးကို ယူနေကြသူတွေလဲ အများကြီးပါပဲ။ အင်တာနက်ကနေ တဆင့် ခင်မင်ရတဲ့သူတွေဟာ စိတ်ထားမြင့်မြတ်သူရှိသလို စိတ်ထားမကောင်းသူလဲ ရှိတတ်ပါတယ်။ အင်တာနက်ကြောင့် ပျက်စီးခဲ့ရသူတွေလဲ ရှိလိမ့်မယ်ထင်ပါရဲ့။

ဒါပေမဲ့ ကျွန်မအတွက်တော့ အင်တာနက်ဆိုတာ တကယ့်ကျေးဇူးရှင်ပါ။ ကျွန်မဟာ စာပေကို ဖတ်ရုံကလွဲပြီး စာရေးတာ ၀ါသနာ မပါခဲ့ပါဘူး။ ဘ၀ကို အခန်းအောင်းရင်း အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းနေခဲ့တာပါ။ တစ်နေ့တော့ အင်တာနက်သုံးရင်း ဆရာတော်တစ်ပါးနဲ့ ခင်မင်ခွင့်ရခဲ့ပြီး စာရေးဖို့ တိုက်တွန်းရာကနေ စာတွေ ရေးဖြစ်ခဲ့ပါတယ်။ စာပေနဲ့ ပတ်သက်တာတွေလည်း ရှာဖွေကူညီ ပေးခဲ့ပါတယ်။ ကဗျာလေးတွေ လိုက်ရေးရင်း ဖေ့ဘုတ်ကနေတဆင့် စာရေးဆရာကြီးတွေ သိကျွမ်းခဲ့ရပြီး ကဗျာကို အဓိကရေးဖြစ်ခဲ့သလို ဘာသာရေး ဆောင်းပါးတွေ စရေးဖြစ်ခဲ့ပါတယ်။

အင်တာနက်ကတဆင့်သိရတဲ့ စာရေးနည်းသင်တန်း တက်ခွင့်ရခဲ့တယ်။ အိမ်မက်တောင် မမက်ရဲခဲ့တဲ့ ပညာရှိ စာရေးဆရာကြီးတွေနဲ့ ဆုံတွေ့ခွင့် ရခဲ့တယ်။ စာရေးဆရာကြီးတွေရဲ့ မြင်ြ့မတ်တဲ့ စိတ်ထားတွေကို မြင်တွေ့ခွင့်ရခဲ့တယ်။ ဒါ့အပြင် ကျွန်မ ဖေ့ဘုတ်ကနေ ဆရာကြီး တက္ကသိုလ် ဘုန်းကြွယ်ကို ခင်မင်ခွင့်ရခဲ့ပါတယ်။ ဆရာက အမေရိကားမှာ နေထိုင်ရင်း ဖေ့ဘုန်ကနေ ကျွန်မကို ကဗျာရေးတာတွေ သင်ပေးခဲ့ပါတယ်။ မြန်မာပြည် ပြန်လာရင်လည်း တပည့်တစ်ယောက်အနေနဲ့ တွေ့ဆုံဖို့ အခွင့်ရေးပေးထားပါတယ်။

ဆရာကြီးပြန်မလာခင် (၂၃ .၁ .၂၀၁၄)နေ့က ဖေ့ဘုတ်ကနေ ရက်ပိုင်းလောက်သာ ခင်မင်ခွင့်ရသေးတဲ့ စာရေးဆရာမကြီး မေကျော့ရှင်းနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ ဆရာမကြီးကို ကျွန်မ ရွှေဂုံတိုင်က Excel Tower ဟိုတယ်မှာ ဆရာမကြီး ဖိတ်ခေါ်မှုနဲ့ သွားရောက် တွေ့ဆုံခဲ့တာပါ။ တစ်ခါမှ မဆုံဘူးသေးတဲ့ ကျွန်မကို ဆရာမကြီးက သမီးအရင်းလေးလို နွေးထွေးစွာ ပွေ့ဖက်ပြီး ကြိုဆိုပါတယ်။ ဆံညှပ်ကလစ်လေး လက်ဆောင်ပေးပါတယ်။
ဆရာမကြီးဟာ Bangkok University နဲ. Radio Thailand မှာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ဘွဲ့ထူးတွေ ကျွန်မ ဘာမှ မသိရပေမဲ့ ဆရာမကြီးရဲ့ ပညာရှိစိတ်ဓာတ် အဆင့်တန်းမခွဲခြားတဲ့ စိတ်ဓာတ်ကိုတော့ အထင်းသား မြင်ခဲ့ရပါတယ်။

ကျွန်မ ပြန်လာခါနီးမှာ မြန်မာနိုင်ငံစာရေးဆရာအသင်းက အတွင်းရေးမှူးနဲ့ အဖွဲ့က လာရောက်တွေ့ဆုံတာကို ကြုံတွေ့ခဲ့ရတယ်။ မအားလပ်တဲ့ကြားက လမ်းဘေးက ကျွန်မလိုကောင်မလေး တစ်ယောက်ကို ကဗျာရေးတယ်-ဆိုတာလေးနဲ့ လေးစားပြီး ဆရာမကြီးက ဖိတ်ခေါ်တွေ့ဆုံတယ်ဆိုတော့ တကယ့်ပညာရှိ စာရေးသူတွေကိုဆို ဆရာမကြီး ဘယ်လောက်များ အလေးထားလိုက်မလဲ ဆိုတာ မပြောတတ်အောင်ပါပဲရှင်။ ဆရာမကြီးကို လေးစားလွန်းလို့ ပြန်လာခါနီးမှာ ဓာတ်ပုံတွဲရိုက်လာခဲ့ပါတယ်။ တလမ်းလုံးလည်း ပျော်လွန်းလို့ အရုးတစ်ယောက်လို သီချင်းတွေ ဆိုဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မလိုပဲ မိတ်ဆွေတွေလည်း အင်တာနက်ကနေ လေးစားစရာကောင်းတဲ့ ဆရာသမားတွေ အခွင့်လမ်းတွေ မိတ်ဆွေကောင်းတွေ တွေ့ရှိပါစေလို့ ဆန္ဒပြုရင်း ဆရာမကြီး နဲ့ တွဲရိုက်ထားတဲ့ ပုံလေးကိုတင်လိုက်တာပါ။

ဖေ့ဘုတ်က ဆရာတော်များနဲ့ မိတ်ဆွေများကို လေးစားလျှက်

လရိပ်လေး(မောင်းမကန်)
(၂၅. ၁. ၂၀၁၄)

***ကိုယ်စား ဆုတောင်း***


နေရာလုရင်း
သတ်ဖြတ်ခြင်း
မြန်ကင်းဝေးစေ မြန်မာပြည်။

ပါတီအချင်းချင်း
သွေးကွဲခြင်း
မြန်ကင်းဝေးစေ မြန်မာပြည်။

လာဘ်ပေးလာဘ်စား
အမှုမှား
လွှင့်ပါးပျောက်စေ မြန်မာပြည်။

လယ်မြေသိမ်းရေး
ဒုက္ခဘေး
ကင်းဝေးပါစေ မြန်မာပြည်။

မြစ်ချောင်း ရေ အင်း
ခန်းခြောက်ခြင်း
ကင်းဝေးပါစေ မြန်မာပြည်။

တောတောင်ပျက်ယွင်း
ဖျက်ဆီးခြင်း
ကင်းဝေးပါစေ မြန်မာပြည်။

လူမျိုးခြားများ
ဝါးမျိုအား
လျော့ပါးပါစေ မြန်မာပြည်။

ရန်ကိုရန်ချင်း
မတုံ့နှင်း
ဖြေရှင်းကြလေ မြန်မာပြည်။

ငြိမ်းချမ်းစေရေး
စုံညီတွေး
ဖေးမကူလေ မြန်မာပြည်။

လူထုအရေး
ဦးစားပေး
ဆွေးနွေးကြစေ မြန်မာပြည်။

သာသနာဆင်း
ရွှေရောင်ဝင်း
ထွန်းလင်းပါစေ မြန်မာပြည်။

လရိပ်လေး(မောင်းမကန်)
(၂၅ . ၁ . ၂၀၁၄)

Wednesday, January 22, 2014

***လေးစားဦးခိုက် မိပါသည်***



ကဗျာဆိုတာ ရင်ထဲကလာတဲ့ ခံစားချက်ကို အဓိကထားရေးသားရတယ် ဆိုတာကို လက်ခံမိတာ အကြိမ်ကြိမ်ပါပဲ။
ဒါပေမဲ့ ဂန္တ၀င်ကဗျာကို ဖွဲ့ဆိုရာမှာ အခြေခံကျတဲ့ စည်းမျဉ်းတွေရှိတယ် ရေးသားနည်းတွေရှိတယ်ဆိုတာကို စာရေးဆရာကြီးတွေ ဖွင့်လှစ်တဲ့ စာရေးနည်းသင်တန်း တက်ရောက်တဲ့ အချိန်ရောက်မှ ပိုမိုသိခဲ့ရပါတယ်။

ကဗျာဆိုတာ ဘယ်က လာမှန်းမသိသေးတဲ့ အချိန်က မြန်မာပြည်က
ဆရာတော် သံဃာတော်များ သာသနာတော်အတွက် လမ်းလျှောက်ပြီး ဆန္ဒပြရင်း ဖြစ်သလို စားသောက်နေပုံလေးကို အင်တာနက်မှာ တွေ့လိုက်ရတဲ့ အချိန်မှာ ကျွန်မကိုယ်တိုင် ခံစားပြီး လေးစားရင်း ၀မ်းနည်းစွာ Friday, November 23, 2012 နေ့မှာ စတင်ရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။

ကာရံမကျ နည်းမကျပေမဲ့ ခံစားချက်ကို အလေးထားရေးသားထားတာမို့ နားလည်မှုနဲ့ ကျွန်မနဲ့ထပ်တူ ခံစားပေးကြပါလို့ တောင်းဆိုရင်း
အမျိုးစောင့် ဥပဒေအတွက် ဆောင်ရွက်နေတဲ့ ဆရာတော်များ သာသနာတော်ကို စောင့်ရှောက်နေတဲ့ ဆရာတော် သံဃာတော်များကို ရှိခိုးရိုကျိုးလျှက် ကဗျာလေးကို ပြန်လည်တင်ပြလိုက်ပါတယ်။


***လေးစားဦးခိုက် မိပါသည်***

ဘာသာသာသနာကို အလေးထား
ဒကာ ဒကာမတွေ အရေးကြား
အတွေးများနဲ့စိုးရိမ်ပို
မိုးစိုစို နေပူပူဘာကိုမှမမှု
လူထုအတွက် ဘ၀ကိုပေး
အသက်ကိုပင် စတေးမယ်တဲ့။

တွေ့တဲ့နေရာ ဖြစ်သလိုနေ
ကြုံရာမှာဖြစ်သလိုစား
ဖုံထူထူလမ်းတွေကြား
ဖိနပ်မပါလျှောက်ကာသွား
ကြေးနီတောင် စီမံကိန်းအတွက်တဲ့လား။

ငြိမ်းချမ်းရေးတရား လက်ကိုင်ထားလို့
သနားစရာ ပြည်သူတွေအတွက်
မနားမနေ တောင်းဆိုသွားလေမဲ့
လေးစားစရာ သံဃာတော်များပါတကား။

လရိပ်လေး (မောင်းမကန်)
(၂၀ .၁ .၂၀၁၄)

Sunday, January 19, 2014

“ပန်းရတု” သုတရသစာစုများ စာအုပ်မိတ်ဆက်ပွဲအခမ်းအနား (၁၉- ၁- ၂၀၁၄)



ဒီနေ့လေးကတော့ ကျွန်မရဲ့ အမှတ်တရ နေ့စွဲပေါ့။ စာရေးနည်းသင်တန်းအမှတ်စဉ် (၄)သင်တန်းသားတွေရဲ့ ကဗျာ ဆောင်းပါး ၀တ္ထုတိုတွေ စုပေါင်းရေးသားထားတဲ့ ပန်းရတု စာအုပ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တာပါ။ ကိုယ်တိုင်ရေး ၀တ္ထုတိုတစ်ပုဒ်နဲ့ ကဗျာတစ်ပုဒ် ပါခွင့်ရတာကို ဖော်မပြနိုင်အောင် ပျော်ရွှင်မှုတွေရခဲ့ပါတယ်။



ဆရာမကြီး ကြူကြူသင်း အပင်ပန်းခံဦးဆောင်ပြီး စာရေးနည်းသင်တန်းက ဆရာတွေ ၀ိုင်းဝန်းကူညီ ထုတ်ဝေပေးခဲ့တဲ့ စာအုပ်မိတ်ဆက်ပွဲမှာ ဆရာကြီး လယ်တွင်းသားစောချစ်က အဖွင့်မှာစကား ပြောကြားပေးခဲ့ပါတယ်။ ဆရာကြီး လယ်တွင်းသားစောချစ်က သူ၏စာမူ ပထမဆုံးပါဝင်ခဲ့စဉ်က ပျော်ရွှင်ရတဲ့အကြောင်း သူငယ်ချင်းတွေကို ကြွားခဲ့တဲ့အကြောင်းလေးကို ပြောပြရင်း စာရေးဆရာတွေရဲ့ ပထမဆုံးပုံနှိပ်ထုတ်ဝေ ခံရတဲ့အချိန်အမှာ ခံစားရတဲ့ ခံစားမှုလေးကို ပြောပြသွားခဲ့ပါတယ်။





ဆရာကြီးပြောလို့ အပြီးမှာ ဆရာမနုဿကျော်ဝင်းက စင်ပေါ်ကို တက်လာပါတယ်။ ဆရာ့လက်ထဲမှာ အရုပ်ကလေး တစ်ရုပ်ပါလာပါတယ်။ ကျွန်မ စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သွားတယ်။ ဆရာက စာရေးဆရာတွေနဲ့ ပတ်သက်ပြီး ပြောမဲ့စကားနဲ့ အရုပ်ကလေးနဲ့ ဘာဆိုင်လဲပေါ့။ ဆရာက မိုက်ရှေ့ ရောက်တာနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ဆရာ့အရုပ်ကလေးကလည်း ဆရာပြောတဲ့ အတိုင်း လိုက်ပြောပါတယ်။ ကျွန်မ နားမလည်နိုင်သေးပါဘူး။ ဆရာဘယ်လိုရည်ရွယ်ချက်နဲ့ ဒီအရုပ်ကို လိုက်ပြောခိုင်းနေတာလဲပေါ့။ ကျွန်မ ပိုစိတ်ဝင်စားလာတယ်။ စောင့်ကြည့်နေပေမဲ့ အဖြေမရလာပါဘူး။ ဆရာက စာပေအကြောင်းတွေ ဆက်ပြောသွားပါတယ်။ ပြီးမှ စာရေးဆရာတွေရဲ့ စာတွေဟာ တကယ်လေးစားဖို့ ကောင်းပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာမှာရှိတဲ့ ပညာရှင်တွေအားလုံးဟာ လိုချင်တဲ့အရာအားလုံးနီးပါးကို စက်ကိရိယာတွေ အရုပ်တွေနဲ့ တူညီအောင် ဖန်တီးလို့ရတယ်တဲ့။ ဒါပေမဲ့ ကဗျာတစ်ပုဒ် ဆောင်းပါးတစ်ပုဒ် ၀တ္ထုတစ်ပုဒ်ကို ဘယ်ပညာရှင်ကမှ စက်ကိရိယာတွေနဲ့ ဖန်တီးလို့မရနိုင်ဘူးတဲ့။ ခံစားမှုနဲ့ ပညာပေါင်းပြီး ကိုယ်တိုင်ရုပ်လုံးပေါ်အောင်ရေးမှ ရလို့ပါတဲ့။ ဒါကြောင့်ကမ္ဘာမှာ အတော်ဆုံးက စာရေးဆရာတွေပါတဲ့။

အဲလိုပြောလိုက်မှ ဆရာအရုပ်ကလေး ယူလာတဲ့အကြောင်းရင်းကို သိရသလို ကျွန်မလေးစားရတဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ တုမမှီနိုင်တဲ့ အတွေးခေါ်တစ်ခုကို တွေ့ရှိလိုက်ရတော့တယ်။ ဒါကြောင့် စာရေးသူတွေအတွက် အင်အားဖြစ်စေမဲ့ ဆရာ့ရဲ့စကားလေးကို ပြန်လည်မျှဝေလိုက်တာပါ။ စာပေ၀ါသနာရှင် အားလုံးစာပေကို အလေးထား ဖတ်ရှုရေးသားရင်း အမြင့်မြတ်ဆုံးသော စာရေးဆရာ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

လရိပ်လေး(မောင်းမကန်)
(၁၉- ၁- ၂၀၁၄)


Wednesday, January 15, 2014

***လမင်းမေမေ***



 
ငွေစန္ဒာ ရောင်ဝါဆင်းရယ်နဲ့
လမင်းနှင့် အမေ့မျက်နှာ
ယှဉ်ပြိုင်ကာ စာပန်းချီသွေးရင်ဖြင့်
မွေးမေမေ အပြုံးအောက်မှာ
အလင်းပျောက်ရှာ။

ရဲရင့်ခြင်း ဘုရင်ပမာ
အကြင်နာ မေတ္တာများစွာနဲ့
စဉ်မကွာ နှစ်သာပွားပါလို့
ရင်မဟာ သစ္စာတရားရယ်နှင့်
ကမ္ဘာမှာ ပြိုင်သူရှားပါတဲ့
အနိုင်ရ လူသားမဟာ။

ဘုရားရှင်သော်မှ
တရားဆင် ကျေးဇူးဆပ်ပါသည့်
မြင့်မြတ်တဲ့ မာတာမိခင်မို့
မကြင်နာ စွန့်မပစ်ပါဘဲ
နွေးထွေးစွာ ပြန်လှန်ဖေးကူရင်း
(မွေးမေကျေးဇူး) ဆပ်ဖို့ရည်မှန်း။

ဝေးမြေမှာလေ
ကြမ္မာမွှေ ဘ၀လမ်းတွေကြား
မတမ်းသာ လွမ်းပါလျှက်
ကြမ်းတမ်းစွာ ရုန်းကန်ရင်းနဲ့လေ
တော်လှန်နှင်း ရက်မကွာ
ကဗျာပန်းပွင့်တွေနဲ့
မွေးမေကို လက်စုံမိုးလို့ကွယ်
ရိုကျိုးကာ အားမာန်လျှော့ပါလို့
(အမေနေ့ဝယ်) မှန်းကန်တော့လွမ်း။

လရိပ်လေး (မောင်းမကန်)
(၁၅ .၁ .၂၀၁၄ )

Tuesday, January 14, 2014

***ပန်းခတ္တာ၏ လွမ်းပီတိ***



လရိပ်လေး(မောင်းမကန်)
၏ - ပထမဆုံး ဝတ္ထု လက်ရာ

***ပန်းခတ္တာ၏ လွမ်းပီတိ***

မှ -
“ပန်းရတု” သုတရသစာစုများ
မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ
ဆရာကြီး လယ်တွင်းသားစောချစ်-၏
ဥယျောဇဉ် အမှာစာ နှင့်အတူ
မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း (၄/၂၀၁၃)
သင်တန်းသူသင်တန်းသားများ၏ လက်ရာ
ကဗျာ (၁၈) ပုဒ်
ဆောင်းပါး (၆) ပုဒ်
ဝတ္ထုတို (၁၈) ပုဒ် တို့ကို
တဝကြီး ဖတ်ရှုရမည့်
“ပန်းရတု” သုတရသစာစုများ - စာအုပ်ကို
၂၅၀၀ - ကျပ် ဖြင့် ဝယ်ယူ ရရှိနိုင်ပြီး ဖြစ်ကြောင်း
စာချစ်သူများအား သတင်းကောင်း ပါးလိုက်ပါတယ်။

***တုနှိုင်းမဲ့ မေမေ***


 
 
***တုနှိုင်းမဲ့ မေမေ***
လရိပ်လေး(မောင်းမကန်)

မှ -
“ပန်းရတု” သုတရသစာစုများ
မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ
ဆရာကြီး လယ်တွင်းသားစောချစ်-၏
ဥယျောဇဉ် အမှာစာ နှင့်အတူ
မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း (၄/၂၀၁၃)
သင်တန်းသူသင်တန်းသားများ၏ လက်ရာ
ကဗျာ (၁၈) ပုဒ်
ဆောင်းပါး (၆) ပုဒ်
ဝတ္ထုတို (၁၈) ပုဒ် တို့ကို
တဝကြီး ဖတ်ရှုရမည့်
“ပန်းရတု” သုတရသစာစုများ - စာအုပ်ကို
၂၅၀၀ - ကျပ် ဖြင့် ဝယ်ယူ ရရှိနိုင်ပြီး ဖြစ်ကြောင်း
စာချစ်သူများအား သတင်းကောင်း ပါးလိုက်ပါတယ်။

“ပန်းရတု” သုတရသစာစုများ



မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ
ဆရာကြီး လယ်တွင်းသားစောချစ်-၏
ဥယျောဇဉ် အမှာစာ နှင့်အတူ

မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း (၄/၂၀၁၃)
သင်တန်းသူသင်တန်းသားများ၏ လက်ရာ

ကဗျာ (၁၈) ပုဒ်
ဆောင်းပါး (၆) ပုဒ်
ဝတ္ထုတို (၁၈) ပုဒ် တို့ကို
တဝကြီး ဖတ်ရှုရမည့်
“ပန်းရတု” သုတရသစာစုများ - စာအုပ်ကို

၂၅၀၀ - ကျပ် ဖြင့် ဝယ်ယူ ရရှိနိုင်ပြီး ဖြစ်ကြောင်း
စာချစ်သူများအား သတင်းကောင်း ပါးလိုက်ပါတယ်။

ဖိတ်ကြားလွှာ




မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း
အမှတ်စဉ်(၄)သင်တန်းသူသင်တန်းသားများ၏

“ပန်းရတု” သုတရသစာစုများ
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့
ကြွရောက်ချီးမြှင့်ပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ၁၉- ၁- ၂၀၁၄
အချိန် ။ မွန်းလွဲ (၁းဝဝ) နာရီ
နေရာ ။
စာရေးဆရာအသင်းခန်းမ
အမှတ် ၁၇၃၀၁၇၅
ပန်းဆိုးတန်းအလယ်ဘလောက်
ရန်ကုန်မြို့။

Tuesday, January 7, 2014

***ဒွိဟ***


အာဟာရဖြစ်ဖို့ ဆာလောင်မှုကို
ရေဖြစ်ဖြစ် စားစရာတစ်ခုနဲ့ဖြစ်ဖြစ်
အစားထိုးလို့ရပေမဲ့

နှလုံးသားက သတိရခြင်းကို ဖြေသိမ့်ဖို့
ဘယ်အရာနဲ့မှ အစားထိုးလို့မရပါလား

အချစ်ဆိုတာ
နှလုံးသားရဲ့ ရေသောက်မြစ်လား
အလွမ်းဖြစ်စေတဲ့ မျိုးစေ့လား

ဝေခွဲမရခြင်းအမြစ် ဖြာထွက်လာလေလေ
အရူးရင့်လာလေမို့ ချစ်ခြင်းကို နှုတ်ပစ်ချင်တယ်ကွယ်။
ဒါပေမဲ့ ............
ငါ့စိတ်တွေ လက်တွန့်နေတယ်။

လရိပ်လေး (မောင်းမကန်)
(၇ .၁ .၂၀၁၄)

Wednesday, January 1, 2014

***နှစ်သစ် ဆန္ဒ***


နှစ်သစ်ကိုကြို
ဆိုမိလိုက်သေး။
မြန်မာပြည် သာယာစေကြောင်း
ဆုချွေတဲ့တေး။

စက္ခုအာရုံ
ကြုံချင်လှသေး။
စစ်ဘေးများ ကင်းဝေးလို့
ငြိမ်းအေးတဲ့ရေး။

သောတဆင်ယင်
ကြားချင်လှသေး။
စစ်မှန်တဲ့ လူ့အခွင့်ရေးနဲ့
ရှေ့ရေးမှာ ပြည်သာပြီလို့
စုံညီစွာ သွေးနဲ့ရေး
ဟစ်ကြွေးမဲ့တေး။

ငတ်မွတ်ဘေးတွေ
ပြေပျောက်လို့လေး။
ပြည်သူတွေ တန်းတူခွင့်ရေး
ပေးစေချင်သေး။

အတ္တဝါဒီ
စွဲမှီလို့လေး။
ကိုယ်ကျိုးကို ရှေ့တမ်းတင်တဲ့
အမြင်မတူ လူမိုက်များ
လမ်းမှားကို မြန်မြန်ပြင်တာ
မြင်ချင်လှသေး။

နှစ်သစ်ပြည်သူ
ဆူပူမှုဝေး။
နွေးထွေးစွာ စာနာတတ်သည့်
မြင့်မြတ်တဲ့ ခေါင်းဆောင်အောက်ကို
ရောက်စေချင်သေး။

လရိပ်လေး(မောင်းမကန်)
(၁ . ၁ . ၂၀၁၄)