Pages

Sunday, January 26, 2014

မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ပထမအကြိမ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို စာမူပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား (26. 1. 2014) တနင်္ဂနွေနေ့


ဒီနေ့ အထူးအဆန်းသဖွယ် အိမ်မက်တစ်ခုကို မက်ခွင့်ရခဲ့တယ်။ စာရေးဆရာမကြီး ကြူကြူသင်းက ကျွန်မကို စာရေးဆရာအသင်းက ကြီးမှူးကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ ဗန်းကိုင်ပေးဖို့ ပြောလာပါတယ်။ တောသူမလေး ကျွန်မ ဘာမှလည်း မပြင်တတ် မဆင်တတ်နဲ့ အခမ်းအနားတက်ရောက်ပြီးတော့ ဝင်နွှဲလိုက်တာ အဆင်တော့ ပြေလောက်ပါရဲ့နော်၊ ရင်တုန်နေတာကတော့ စင်ပေါ်ကနေ စင်အောက်ရောက်တဲ့ အထိပါပဲ။

ဆရာမကြီးကလည်း ပွဲထုတ်ချင်တော့ ရှိတဲ့အဝတ်အစားလေးနှင့် တပည့်တောသူမလေး ရှိုးမထုတ်တတ်ပေမဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ ကျေးဇူးကြောင့် စင်ပေါ်ရောက်သွားတာပါပဲ။ ဆံထုံးမထုံးတတ်လို့ ဆရာမကြီး ဆူခံလိုက်ရတာကလည်း တကယ့်အမှတ်တရပါ။ ဒါပေမဲ့ ကြွားချင်တာရော ဆရာကြီးတွေနဲ့တွေ့ခွင့်ရတာရော ဆုရစာရေးဆရာတွေအတွက် ဗန်းကိုင်ပေးရတာလေးကို ၀မ်းသာအားရ ကျေနပ်မှုတွေနဲ့ ဆရာကြီးဆရာမကြီးတွေ ကျေးဇူးတရားနဲ့ ဆုရ ဆရာဆရာမတို့အား ဂုဏ်ပြု မုဒိတာပွါးလျှက် ဓာတ်ပုံလေးတွေကို ဖေ့စ်ဘွတ်ခ်က မိတ်ဆွေတွေအတွက် တင်လိုက်တယ်နော် ..။

ဆရာများနဲ့ မိတ်ဆွေများကို လေးစားလျှက်

လရိပ်လေး(မောင်းမကန်)
(၂၆. ၁. ၂၀၁၄)
 

No comments:

Post a Comment