Pages

Wednesday, January 1, 2014

***နှစ်သစ် ဆန္ဒ***


နှစ်သစ်ကိုကြို
ဆိုမိလိုက်သေး။
မြန်မာပြည် သာယာစေကြောင်း
ဆုချွေတဲ့တေး။

စက္ခုအာရုံ
ကြုံချင်လှသေး။
စစ်ဘေးများ ကင်းဝေးလို့
ငြိမ်းအေးတဲ့ရေး။

သောတဆင်ယင်
ကြားချင်လှသေး။
စစ်မှန်တဲ့ လူ့အခွင့်ရေးနဲ့
ရှေ့ရေးမှာ ပြည်သာပြီလို့
စုံညီစွာ သွေးနဲ့ရေး
ဟစ်ကြွေးမဲ့တေး။

ငတ်မွတ်ဘေးတွေ
ပြေပျောက်လို့လေး။
ပြည်သူတွေ တန်းတူခွင့်ရေး
ပေးစေချင်သေး။

အတ္တဝါဒီ
စွဲမှီလို့လေး။
ကိုယ်ကျိုးကို ရှေ့တမ်းတင်တဲ့
အမြင်မတူ လူမိုက်များ
လမ်းမှားကို မြန်မြန်ပြင်တာ
မြင်ချင်လှသေး။

နှစ်သစ်ပြည်သူ
ဆူပူမှုဝေး။
နွေးထွေးစွာ စာနာတတ်သည့်
မြင့်မြတ်တဲ့ ခေါင်းဆောင်အောက်ကို
ရောက်စေချင်သေး။

လရိပ်လေး(မောင်းမကန်)
(၁ . ၁ . ၂၀၁၄)

No comments:

Post a Comment