Pages

Tuesday, December 31, 2013

*** new year စိတ်ကူး***








 

သက္ကရာဇ်တွေ မြေခရင်း
နှစ်သစ်ကို နန်းတင်လိုက်ရပေမဲ့
သတ်ဖြတ်ခြင်းတွေ နန်းမကျသေးပါလား။

ပညာအသိများရောင်းစား ခဏတာလေး
ထိုင်ခွင့်ရဖို့ နှစ်ဟောင်းကို သေမိန့်ကျစေချင်တဲ့သူတွေ
သေမင်းကိုတော့ အံတုလို့ရမယ်မထင်။

ပစ္စုပ္ပန်မှာ မာယာသုံး
သူတလူ ငါတမင်း ၀ါဒတွေစစ်ခင်း
ကြိုမမြင်နိုင်ခြင်းကို အသက်သွင်း
၂၀၁၅ကိုမှ ချက်ချင်း ခုန်ကျော်ချင်နေသူများ
၂၀၁၄ နှစ်သစ်အရသာကို ခံစားလို့မှတတ်ပါရဲ့လို့
မိုက်မိုက်မဲမဲ တွေးလိုက်သေး။

စိတ်ကူးနဲ့ ရေးချယ်ထားလိုက်တယ်
နှစ်သစ်မှာ ဘယ်သူ ထိုင်ထိုင်
ဘယ်သူရပ်ရပ် စိတ်ဓာတ်သန့်သန့်ထားပြီး
မြန်မာပီသဖို့ ကြိုးစားမယ်ပေါ့။

လရိပ်လေး (မောင်းမကန်)
(၃၁ . ၁၂ .၂၀၁၃)

No comments:

Post a Comment