Pages

Thursday, December 19, 2013

***နှောင်း ဆန္ဒ***



ဆောင်းလေပြေလေး ၊ စိမ့်စိမ့်အေး၍
ဖက်ထွေးလို့သာ ၊ကျီစယ်ပါလျှက်
သူလာနှုတ်ဆက် ချစ်ဟန်စွက်။

ဆောင်းသဇင်လေး ၊ ရနံ့မွှေး၍
ဖြုဖွေးလို့သာ ၊ ဆင်းတင့်စွာဖြင့်
သူလာနှုတ်ဆက် ကေသာထက်။

ငှက်တေးသံလေး ၊ ချိုကြည်အေး၍
ဆိုတေးဖွဲ့ကာ ၊ သံစာစာဖြင့်
သူလာနှုတ်ဆက် ဆောင်းနံနက်။

ဆောင်းလေပြေနှင်း ၊ သဇင်သင်း၍
သီချင်းသံသာ ၊ နှုတ်ဆက်ပါလည်း
သည်းညှာချစ်မှူး ၊ ထားရစ်ဖူးသည့်
ဆောင်းဦးချိန်ခါ ၊ ပြန်ရောက်လာတော့
ရင်မှာဖြေခက် လွမ်းနေလျှက်။

လရိပ်လေး(မောင်းမကန်)
(၁၈ .၁၂ ၂၀၁၃)

No comments:

Post a Comment