Pages

Tuesday, November 29, 2016

***လူမှုဆက်ဆံရေးနှင့် ပံ့ပိုးကူညီခြင်းဆိုင်ရာ သင်တန်း****

မိမိမွေးရပ်မြေ ထားဝယ်သို့ သွားရောက်ပြီး
လူမှုဆက်ဆံရေးနှင့် ပံ့ပိုးကူညီခြင်းဆိုင်ရာ
သင်တန်းကို ထားဝယ်မြို့ လယ်ပေါ်ကျောင်းတိုက်ဆရာတော်၏
အကူအညီဖြင့် ဆွေးနွေးပေးခွင့်ရတော့မှာမို့ ဝမ်းသာနေမိပါတယ်။

မိမိတတ်မြောက်ထားသောအသိပညာကို မိမိရဲ့မွေးရပ်မြေမှာ
ပထမဆုံးပြန်လည်မျှဝေခွင့်ရတာမို့
တကယ်ကြည်နူးမိပါတယ်။

လူငယ်များ ဘဝတိုးတက်ရေး၊ လူမှုဆက်ဆံရေးနဲ့
စီးပွားရေးလောကမှာ အဆင်ပြေစွာရပ်တည်နိုင်ဖို့
ဒီသင်တန်းက အဓိကထောက်ပံ့ပေးနိုင်မှာ အသေချာပါ။

ပံ့ပိုးသူတစ်ယောက်အနေနဲ့ကြည်နူးမှုရသလို
သင်ယူလက်ခံသူများအနေဖြင့်အကျိုးဖြစ်ထွန်းပါစေလို့ ဆန္ဒပြုရင်း

လရိပ်လေး (မောင်းမကန်)
30.11.2016
http://layeiklay.blogspot.com/

Saturday, November 26, 2016

***ချစ်မဲ့ ဆုတောင်း***


စိမ့်စမ်းရေလေး တကယ်အေးလည်း
ဖော်ဝေးငှက်နှယ် လွမ်းမောဖွယ်ဖြင့်
ရင်ဝယ်နွမ်းလျ သူ့ကိုတလျက်
မြေခမျက်ရည် ကျလုပြီ။

နောင်သောအခါ လူဖြစ်ပါမူ
တဏှာမြူ ရှင်း ချစ်ခြင်းကင်းသည့်
အတွင်းနှလုံးသား ဥပေက္ခာတရားဖြင့်
ခြုံလွမ်းထားသူ ဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
26.11.2016
http://layeiklay.blogspot.com/

Friday, November 25, 2016

***ရင်ဝယ်ကြည်နူး ဘုရားဖူး***

ဘားအံဘုရား တမူထူးခြားလျက်
လှတရားဆန်းကြယ် အံ့ဩဖွယ်မို့
ရင်ဝယ်ကြည်နူး ဖူးခဲ့ပြီ။

လရိပ်လေး (မောင်းမကန်)
25.11.2016
http://layeiklay.blogspot.com

ဘားအံမြို့သို့ ...

မြဝတီမြို့ မှ ...
ဘားအံမြို့သို့ ခရီးဆက်ရင်း ...

လရိပ်လေး (မောင်းမကန်)
25.11.2016
http://layeiklay.blogspot.com

Thursday, November 24, 2016

***ထိုင်းနိုင်ငံ မဲဆောက်မြို့***


မြဝတီမြို့မှာ သင်တန်းပြီးဆုံးလို့ သင်တန်းသားတွေနဲ့အတူ
ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အလည်သွားခဲ့တယ်။

သွားလာရေးအတွက်ရော အစားအသောက်အတွက်ပါ
ဘာမှပူစရာမရှိအောင် ကူညီစီစဉ်ပို့ဆောင်ပေးသော
သင်တန်းသူ နေခြည်လင်းရယ် ပျော်ရွှင်မှုအပြည့်အဝပေးလျက် 

လိုက်ပါပို့ဆောင်ပေးသော ကောင်းဆက်၊ ကစ်ကစ်နဲ့
သင်တန်သား သင်တန်းသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။


နောင်ကာလတစ်ခုတွင် အောင်မြင်သောလုပ်ငန်းရှင်များအဖြစ်
ပြန်လည်ဆုံတွေ့ရပါစေလို့ ဆုတောင်းရင်း ...
ဘားအံမြို့သို့ ခရီးဆက်ပါပြီ။

လရိပ်လေး (မောင်းမကန်)
25.11.2016
http://layeiklay.blogspot.com

Wednesday, November 23, 2016

***Generate Your Business & Start Your Business သင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ***

ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်စဉ်

မြဝတီမြို့ ဓမ္မရောင်ခြည်ကျောင်းတိုက်ဆရာတော်
ဦးဓမ္မပါလမှ စေတနာ မေတ္တာအပြည့်အဝဖြင့်
သင်တန်းသားများအတွက် လိုလေသေးမရှိအောင်
Generate Your Business & Start Your Business သင်တန်းကာလအတွင်း 

ပညာမျှဝေပေးရုံမျှမက သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို 
တခမ်းတနား ပြုလုပ်ပေးခဲ့ပါတယ်။

သင်တန်းသားများကလည်း တက်ကြွစွာပါဝင်ဆွေးနွေးရုံမျှမက
သူတို့အတွက်တကယ်လိုအပ်ပြီး တကယ်ထိရောက်ကြောင်း
ကျးဇူးတင်စကားပြောတာကြားခဲ့ရသလို
ဆရာတော်ပေးအပ်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာရရှိခဲ့ပါတယ်။

ကျွန်မတတ်နိုင်သမျှ နေရာတိုင်းကို သွားရောက်ပြီး
သင်တန်းများပေးရင်း လူငယ်တွေတိုးတက်မှုအတွက်
ဆက်လက်လုပ်ဆောင်ပါအုံးမည်ဟု ဆန္ဒပြုရင်း

လရိပ်လေး (မောင်းမကန်)
23.11.2016
http://layeiklay.blogspot.com

ဓမ္မရောင်ခြည်ကျောင်းတိုက်ဆရာတော်၊ သင်တန်းသားများနှင့် အမှတ်တရ

သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်စဉ်



Tuesday, November 22, 2016

***မြဝတီမြို့ ဓမ္မရောင်ခြည်ကျောင်းတိုက် စီးပွားရေးသင်တန်း***

 
မြဝတီမြို့ ဓမ္မရောင်ခြည်ကျောင်းတိုက်တွင်
စီးပွားရေးသင်တန်းသားများ Business map and
Business Idea ကို တက်ကြွစွာပါဝင်ဆွေးနွေးပြီး
အားပါးတရ တင်ဆက်နေစဉ်

လရိပ်လေး( မောင်းမကန်)
22.11.2016
http://layeiklay.blogspot.com

Sunday, November 20, 2016

***ပညာဒါန ကုသိုလ်မှတ်တမ်း***

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်
ဓမ္မရောင်ခြည်ပရိယတ္တိစာသင်တိုက်ဆရာတော်မှ ဦးစီး၍
တပည့်ဒါယကာ/ဒါယိကာမများအား စီးပွားရေး လူမှုရေး
တိုးတက်စေရန် ရည်ရွယ်၍
Generate your Business.
သင်တန်းစတင်ဖွင့်လှစ်ပေးခြင်း ပညာဒါန ကုသိုလ်မှတ်တမ်း ~
20 - 11 - 2016 တနင်္ဂနွေနေ့

***တောင်းဆု***

ဝဋ်ကြွေးတုံတင် ရှိပါရင်လည်း
အသက်ရှင်သမျှ ချိန်ကာလ၏
ပြုရကုသိုလ် အဖုံဖုံကြောင့်
လွတ်ငြိမ်းကျေစေ တောင်းဆုချွေ။

လရိပ်လေး( မောင်းမကန်)
20.11.2016
http://layeiklay.blogspot.com