Pages

Friday, November 4, 2016

***အခါလွန် အလွမ်းပန်း***

ကေသာမဲ့ချိန် ပန်ဖို့ပန်းရှိလေလည်း
ကေသာလှချိန် ပန်းနွမ်းလေပြီကွယ်။

အောင်မြင်ဖို့ ကြိုးစားချိန်
အချစ်ကိုချန်ခဲ့လေတော့
အောင်မြင်လာချိန်
အချစ်က ကိုယ့်အား တဖန်ချန်ခဲ့ပေ။

မေ့ရက်တာလား နှုတ်ဆက်တာလား
မမေးဝံ့တော့တာမို့ လွမ်းကဗျာတမ်းချင်းလေးပဲ
ထပ်ကာထပ်ကာရေးပါရစေလေ။

လရိပ်လေး (မောင်းမကန်)
31.10.2016
http://layeiklay.blogspot.com

No comments:

Post a Comment