Pages

Saturday, June 13, 2015

***EDNAဒါရိုက်တာအဖွဲ့ဝင်တွေ တွေ့ဆုံပွဲ***


EDNA မြန်မာစွန့်ဦးတီထွင်စီးပွားရေးနည်းပညာသင်တန်းရဲ့
ဒါရိုက်တာ အဖွဲ့ဝင်တွေ တွေ့ဆုံပွဲတက်ရောက်ခဲ့တယ်။ 

ကိုယ့်ထက်အများကြီး ပညာရော အတွေ့အကြုံပါ
ပြည့်ဝသူတွေ ပါတာမို့ အရမ်းကြည်နူးပါတယ်။

ဒါပေမဲ့ ကိုယ်ကအရမ်းညံ့နေမှန်းသိလာတော့
ကြိုးစားအားထုတ်မှုအများကြီးလိုအပ်တာ သိလာရင်း
စိတ်တော့ နည်းနည်း မွှန်းကြပ်တယ်။

လရိပ်လေး(မောင်းမကန်)
13 – 6 - 2015
http://layeiklay.blogspot.com/

***အလုပ်***

အလွမ်း၏စေညွှန်ရာကို
လျှောက်လှမ်းနေမဲ့အစား 

ခံစားချက်တွေကို
အိပ်မောကျစေတဲ့
မိမိရဲ့တိုးတက်ရာ
အလုပ်တစ်ခုကို
စိတ်နှစ်ပြီး
လုပ်ဆောင်လိုက်ပါ။

မနေ့ကအဖြစ်ပျက်ဟာ
ဒီနေ့အတွက်
ဟာသတစ်ခု ဖြစ်လာလိမ့်မယ်။

လရိပ်လေး(မောင်းမကန်)
13 – 6 - 2015
http://layeiklay.blogspot.com/

Thursday, June 11, 2015

***မနောမြေသို့ ***



နှုတ်ဆက်လက်ပြ 
ခွဲခါရလည်း
ပြုံးလှလှချွေ 
မနောမြေမှ
မိတ်ဆွေအပေါင်းတွေ 
သတိရနေ။

လရိပ်လေး(မောင်းမကန်)
11 – 6 - 2015
http://layeiklay.blogspot.com/

Tuesday, June 2, 2015

***အဖေ့မေတ္တာ***

ပန်းတိုင်တစ်ခုကို လှမ်းချင်တိုင်း
လွမ်းမိတာ အဖေ၊
မျက်ရည်ကျလောက်အောင်
အခက်အခဲတွေ ကြုံရတိုင်း
လွမ်းမိတာ အမေ။

အဖေဖြစ်စေချင်တာ
ပညာမျှဝေနိုင်တဲ့
သမီးလေးတွေတဲ့လေ၊
သမီးကြိုးစားရင်း
တမလွန်က အဖေ့ကို
ကျေးဇူးဆပ်နေပါတယ်။

အမေ့ရဲ့အားပေးစကားတွေနဲ့
ဘဝခရီးကိုလျှောက်လှမ်းနေပါတယ်။

ဒါပေမဲ့...
သူငယ်ချင်းတွေ အဖေဆီက
သမီး နေကောင်းလား?
ဘယ်နေ့ပြန်လာမှာလဲ?
မေးသံလေးကြားတိုင်း
ရင်တစ်ခုလုံး မီးလောင်မြိုက်သလိုခံစားရပြီး
အဖေ့မေတ္တာကို လိုချင်လာတယ် အဖေ....။

လရိပ်လေး(မောင်းမကန်)
2 – 6 - 2015
http://layeiklay.blogspot.com/

ကချင်တိုင်းရင်းသူ/သားများနဲ့ အမှတ်တရ


ရိုးသားပွင့်လင်းသော ကချင်တိုင်းရင်းသူ တိုင်းရင်းသားများနဲ့
မန္တလေး တလသင်တန်း သွားပေးစဉ်က သင်တန်းအပြီး အမှတ်တရ

လရိပ်လေး(မောင်းမကန်)
1 – 6 - 2015
http://layeiklay.blogspot.com/

***ချစ်မဲ့ည***

အတိတ်တစ်စ မေ့မရပဲ
တသသစွဲ ချစ်ရဆဲမို့
ရင်ထဲဒဏ်ရာ နာကျင်စွာနှင့်
ကဗျာလေးတွေ ရေးမိပေ။

ညအမှောင်မှာ လရောင်ဖြာလျက်
ကြယ်ရာကြွေလေး မျှော်ကာငေးရင်း
ချစ်သွေးကြွယ်စ တူဘဝကို
လွမ်းရရင်နာ အကြိမ်ကြိမ်ခါ။

လရောင်လည်းဖြာ တေးသံသာနှင့်
ကဗျာမမှီ ညပန်းချီကို
စီရီဖွဲ့ထုံး ကဗျာကုံးလည်း
ချစ်ဆုံးသခင် မရှိလျင်ကား
ရွှေရင်ကွဲရှ ချစ်မဲ့ညမို့
လွမ်းရသည်မှာ ချိန်တိုင်းသာ။

လရိပ်လေး(မောင်းမကန်)
1 – 6 - 2015
http://layeiklay.blogspot.com/

***ခေါင်းဆောင်ကောင်း***

ခေါင်းဆောင်ကောင်းတစ်ယောက်မှာ
စေ့စပ်ညှိုနှိုင်းဆွေးနွေးနိုင်တဲ့
အရည်အချင်းရှိရသလို...
ထိရောက်မှန်ကန်သော
အကြောင်းပြန်ပေးမှုကိုပြုလုပ်နိုင်တဲ့
အရည်အချင်းလည်း ရှိရတယ်။

လရိပ်လေး(မောင်းမကန်)
1 - 6 - 2015
http://layeiklay.blogspot.com/

မန္တလေး အမှတ်တရ


မန္တလေး တလသင်တန်း သွားပေးစဉ်က
မန္တလေးဟိုတယ်မှာ
မန္တလေးအမှတ်တရ..
လရိပ်လေး(မောင်းမကန်)
1 – 6 - 2015
http://layeiklay.blogspot.com/