Pages

Wednesday, August 24, 2016

***မေမေ့ကိုမှန်း ရွာဆီလွမ်း***


အမေ့ကိုမှန်း စိတ်ဝယ်လွမ်းလျက်
ရွာလမ်းလေးဆီ ပြန်ခဲ့ပြီ။

စိတ်မောရက်တွေ ခဏဖြေရင်း
ရွာမြေအလှ သဘာဝဝယ်
ပျော်ရမည်မှာ အသေချာ။

မေမေ့မေတ္တာ မေမေ့ရွာမှာ
ပင်လယ်ပြာကြီး ရေတွေစီးလျက်
ရှုမငြီးပဲ ရှိနေမှာ။

တွေးယုံမျှပင် စိတ်ကြည်ရွှင်၍
မြင်မြင်သမျှတွင် အမေ့ပြုံးထင်သည်
ရောက်ချင်လှပြီ မောင်းမကန်ဆီ။

လရပ်လေး (မောင်းမကန်)
24.8.2016
http://layeiklay.blogspot.com

Saturday, August 20, 2016

"ချစ်တယ်"


"ချစ်တယ်"
ဒီစကားလုံးက
လိမ်ညာတတ်တဲ့သူတွေပြောဖို့
ရည်ရွယ်ထားတာများလားကွယ်။

လရိပ်လေး မောင်းမကန်
20.8.2016
http://layeiklay.blogspot.com

***လမ်းခွဲ***


မုန်းသူရှိတာ သိနေပါမူ
မတ္တာထားလျက် ကျောခိုင်းပါ။

တိုက်ခိုက်နေတာ သိနေပါမူ
ခွင့်လွှတ်ပေးလျက် ရှောင်ဖယ်ပါ။

ရိုင်းစိုင်းသူဟု သိနေပါမူ
ကြင်နာထားလျက် ဖေးမပါ။

တန်ဖိုးမထားတာ သိနေပါမူ
ထိုသူနားမှ ထွက်ခွာပါ။

ဘဝဆိုတာ ခဏတာမို့
သေခါလှဖို့ အသိရှိပါ။

လရိပ်လေး မောင်းမကန်
19.8.2016
http://layeiklay.blogspot.com

Thursday, August 18, 2016

***လွမ်း***

လွမ်းရိပ်လွမ်းဆဲ လွမ်းဆင့်ကဲလျက်
ချစ်သဲမောင့်ကို တမ်းတသည်။

သူ့အချစ်သာ မေ့ကမ္ဘာမို့
ဖြေစရာမဲ့ကာ လွမ်းမိသည်။

ချစ်တတ်သူသာ လွမ်းတတ်တာမို့
လွမ်းတာလေးကို နှစ်သက်သည်။

လရိပ်လေး (မောင်းမကန်)
18.8.2016
http://layeiklay.blogspot.com

***လွန်ကျူးမိလျင် စိတ်ကိုပြင်***

စိတ်စေတနာသည် လူတစ်ယောက်ရဲ့
အနာဂတ်အားပြောင်းလဲနိုင်၏။

မေတ္တာဆိုသော အရာသည်တောင်းဆို၍မရနိုင်
လုပ်ယူခြင်းဖြင့်သာ ရရှိနိုင်၏။

လောက၌ ကိုယ်ကအရင်မပေးပဲ
ရသည့်အရာကား အလွန်ရှားပါး၏။

မျှော်လင့်ခြင်းမဲ့ ပေးဆပ်ခြင်းတွက်
ထိုက်တန်သော ရလဒ်သည်
သင့်အားစောင့်ကြိုနေ၏။

မိမိ၏စိတ်နှင့် လုပ်ရပ်အား
သုံးသပ်ပြီး အမှားကိုပြင်ဆင်ခြင်းသည်
လူပီသသော လုပ်ရပ်ဟု ဆိုနိုင်၏။

လရိပ်လေး (မောင်းမကန်)
17.8.2016
http://layeiklay.blogspot.com

***အလင်းမဲ့သူများ သို့ ဆုတောင်း***

ကိုယ့်အမှားကို ပျောက်စေချင်
အမှန်ကိုပင် အမှားရှာအကွက်ဆင်လို့
လူတကာယုံကြည်အောင် လုပ်ချင်ဇောတွေနှင့်
ပူလောင်နေသူများရယ် သနားလှတယ်လေး။

ရာထူးရွှေငွေများရယ်ကြောင့်
စိတ်ထားကယုတ်မာ အများတကာ
ငြိုငြင်မကြောက်ပါပဲ အခါခါဆဲဆိုလို့ကွယ်
ငရဲကိုအံတု ရန်ပြုသူများရယ်
ခုဘဝပင် နာမည်ဆိုးတွေနဲ့
ရပ်တည်ရခက်မှာမို့ ရှက်လှတယ်လေး။

ဘဝရယ် တိုလွန်းတာကြောင့်
မကောင်းတာကို မြှပ်နှံထားပါလျက်
ကောင်းရာရှောင်သူများကိုဖြင့်
တရားဘာဝနာ ရှာဖွေမှီး၍သာ
အိုနာသေဘေး ထိုအရေးကို
တွေးဖြစ်ကာ လားရာကောင်းစေကြောင်း
ဆုတောင်းလျက်အခါခါ စာနာမိတယ်လေး။

လရိပ်လေး (မောင်းမကန်)
15.8.2016
http://layeiklay.blogspot.com

***ပညာပြပေးသောသူများ***

ကျွန်မ၏ နှလုံးသားအား ခိုးယူစားသောက်ပြီး
ကျွန်မ၏နောက်ကျောအား ဓားနှင့်ထိုးသောသူသည်
ကျွန်မ ချစ်ရသော လေးစားရသော မိတ်ဆွေစစ်အဖြစ်
သတ်မှတ်ထားသော သူများဖြစ်နေကြောင်းသိရှိလိုက်ချိန်တွင်
ရူးမတတ်သောစိတ်နာကျင်မှုကို ခံစားမိတော့သည်။

ထိုသို့ပင်ဖြစ်သော်လည်း ကျွန်မသည် စာပေဖတ်ခြင်းနှင့်
ဘဝမှရရှိသော အတွေ့အကြုံများကြောင့် စိတ်ကိုဖြေသိမ့်ရန်
ခွန်အားကိုရရှိခဲ့၏။

ကျွန်မဆရာ ပြောခဲ့သော စကားတစ်ခွန်းရှိခဲ့သည်။
"ပညာပြရင် ပညာရတာပေါ့ ရသမျှယူထားပါတဲ့"
ဘဝ၏ပညာများကို ပိုမိုရရှိလာသည်နှင့်အမျှ
ထိုပညာများအား ပြန်လည်မျှဝေရန်ကြိုးစားပါအုံးမည်။

ပညာပြပေးသောသူများအား အထူးကျေးဇူးတင်လျက်

လရိပ်လေး( မောင်းမကန်)
15.8.2016
http://layeiklay.blogspot.com

***လက်ဆောင်***

အကြောင်းပြချက် ကိုယ်စီနဲ့
ပေးကြယူကြသည်။

ပေးသူဘက်က မျှော်လင့်ချက်မရှိဘူးဆိုသော်ငြား
ရယူသူဘက်က တစ်ခုခုကို ပြန်ပေးဆပ်ရစမြဲ။

ကျေးဇူးတရား၏ အနက်ကို လက်ခံရင်း
အချိန်လား၊ ဂုဏ်သိက္ခာလား၊ လွပ်လပ်မှုလား၊
နာကျင်မှုနောက်ကွယ်က ထောက်ထားမှုတွေနဲ့
ပေးဆပ်ကြရတယ်။

ထိုကြောင့် လူတစ်ယောက်အဖြစ် မှန်ကန်ဖြောင့်မတ်စွာ
ရပ်တည်လိုလျင် လက်ဆောင်ကို ချင့်ချိန်လက်ခံသင့်သလို
ဒီလက်ဆောင်ကြောင့် ငါဘာပြန်ပေးရမှာလဲ
ဆိုသည့်အတွေးကို ကြိုတွေးသင့်ပေသည်။

ရယူခြင်းသည် ပေးဆပ်ရန်အတွက်
လမ်းပြသော အညွန်းကိန်းတစ်ခုသာဖြစ်ပေသည်။

လရိပ်လေး (မောင်းမကန်)
10.8.2016
http://layeiklay.blogspot.com

***စစ်မှန်သော မေတ္တာတရား***


လူတိုင်းသည်

မေတ္တာတရား လိုချင်ကြတယ်။

ဂရုတစိုက် အချစ်ခံချင်ကြတယ်။

အကောင်းပြောတာ ကြားချင်ကြတယ်။

ဖေးမကြင်နာမှုတွေ လိုချင်ကြတယ်။

ကိုယ်က ဘယ်လိုပြန်ပေးရမလဲဆိုတာ
မေ့နေတတ်ကြတယ်။

ကိုယ်ချင်းစာတရားရှိမှ
ပြန်မြင်တတ်တာ စစ်မှန်သော မေတ္တာတရားပါ။

လရိပ်လေး (မောင်းမကန်)
6.8.2016
http://layeiklay.blogspot.com

***မသေခင်တရားသိမြင်ခွင့်ရကြပါစေ***


နရာ၊ရာထူးအတွက် အပေါ်ဖား အောက်ဖိတွေရှိနေသမျှ
အမှန်တရားဆိုတဲ့အရာ တိမ်ဖုံးတဲ့လလိုပဲ။
အခွင့် အာဏာ ရာထူးဆိုတာကြောင့် မျက်နှာသာရနေပေမဲ့
တစ်ချိန်ချိန် ကိုယ်လုပ်တဲ့ကံ ကိုယ်ပြန်ခံရမှာ အသေချာပဲ။
ပုပ်ပွသေဆုံးမဲ့ ကိုယ့်ခန္ဓာကိုယ်ကိုယ်ပဲချစ်ပြီး
စိတ်ထားယုတ်မာသူများ သေရင်ဘာမှ
ယူသွားလို့မရဘူးဆိုတာ သိလောက်ပါရဲ့။
မသေခင်တရားသိမြင်ခွင့်ရကြပါစေ။

လရိပ်လေး (မောင်းမကန်)
6.8.2016
http://layeiklay.blogspot.com

Friday, August 5, 2016

***ဆုံခွင့်***


သတိရခြင်းက အချစ်ရဲ့ကျိန်စာဖြစ်နေလည်း
မပျက်ပြယ်စေချင်ဘူး ။

နှုတ်ဆက်ခြင်းက အချစ်ရဲ့ အဆုံးသတ်မှန်းကြိုသိခဲ့ရင်
မမြင်ချင်ယောင်ဆောင်ပြီး ကျောခိုင်းဖြစ်မှာပါ။

အခုတော့ လွမ်းတွေပြည့်ကျပ်နေတဲ့ ရင်ခွင်တစ်ခုက
မျက်ရည်ကြား နှုတ်ဆက်မှုကို ပြန်မြင်နေရင်း
စက္ကန့်တိုင်း တမ်းတနေမိတယ် ချစ်သူရယ်။

ဆုတောင်းတစ်ခု ပြုခွင့်ရမယ်ဆို
သူနဲ့ ပြန်ဆုံခွင့်သာ ရပါလို၏။

လရိပ်လေး (မောင်းမကန်)
5.8.2016
http://layeiklay.blogspot.com

Thursday, August 4, 2016

***စကားလုံး***


လူတစ်ယောက်၏ နှလုံးသားအား
သံချွန်ဖြင့် ထိုးနှက်ခြင်းထက်

အရိုင်းဆန်သောစကားလုံးဖြင့်
ထိုးနှက်ခြင်းက ဘဝတစ်ခုလုံးကို
ပို၍ပျက်စီးလွယ်စေသည်။

လရိပ်လေး (မောင်းမကန်)
4.8.2016
http://layeiklay.blogspot.com

*** ရွှေလယ်တော ကော်ဖီဆိုင်***


သမ္မတကြီးရဲ့ ရွှေလယ်တော ကော်ဖီဆိုင်မှာ 
သူငယ်ချင်းနဲ့အတူကော်ဖီလည်းသောက် 
ကြယ်ပဲစိုက်ခင်းလည်းလေ့လာခဲ့တယ်။

ကော်ဖီဆိုင်ဘေးမှာ
ကြယ်ပဲစိုက်ခင်းက 
စိမ်းစိုလှပခြင်းတွေနဲ့။

လရိပ်လေး (မောင်းမကန်)
3.8.2016
http://layeiklay.blogspot.com
 
 

Tuesday, August 2, 2016

***ကြယ်ပဲဆီသန့်***


မင်္ဂလာပါရှင်
ဒီနေ့မှာတော့ စားသုံးသူများအတွက် အကျိုးရှိပြီး ဈေးနှုန်းချိုသာစွာနဲ့
ကျန်းမာရေးကို တကယ်အထောက်အပံ့ပေးတဲ့ ကြယ်ပဲဆီသန့် အကြောင်းလေး မိတ်ဆက်ပေးပါရစေရှင်။

ကြယ်ပဲအပင်မှ ကြယ်ပဲအသီးကိုရရှိသည်။
အသီးမှ ကြယ်ပဲအစေ့ကို ရရှိသည်။
ကြယ်ပဲအစေ့ကို အပူချိန်အနည်းငယ်သာပေးပြီး
ကြိတ်စက်ဖြင့် မည်သည့်ဓာတုဗေဒပစ္စည်းမှ ရောနှောခြင်းမရှိ
သန့်ရှင်းသန့်ရပ်စွာ ထုတ်လုပ်ထားပါသည်။

ကြယ်ပဲဆီသန့် တွင် အိုမီဂါ 3,6,9ပါဝင်ခြင်းကြောင့် နေ့စဉ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ရှိ အဆီပိုများလျော့ကျစေသည်။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး အရွယ်တင်နုပျိုလှပစေသည်။
ကင်ဆာရောဂါကို ကာကွယ်ပေးသည်။
ကိုယ်ခံအားကို ပြန်လည်ပြည့်ဝစေသည်။
အရိုးကျန်းမာရေးအတွက် အထောက်အကူပေးသည်။
နှလုံးသွေးကြောကျဉ်း၊ နှလုံးအဆီဖုံးခြင်းများကို သက်သာပျောက်ကင်းစေသည်။

ကြယ်ပဲအဆီကို နေ့စဉ် စားသုံးဆီထဲ (၁၀)ရာခိုင်နှုန်းရောပြီး စားသုံးနိုင်သည်။
ခေါင်းလိမ်းဆီအဖြစ်လည်း သုံးစွဲနိုင်သည်။
ဆံပင်နက်မှောင်ပျော့ပျောင်းပြီး ဦးရေပြားကြည်လင်အေးမြသည်။
ခေါင်းလျှော်မည့်ရက်တွင် နေ့တစ်ဝက် (သို့မဟုတ်) တစ်နာရီလောက် လိမ်းထားပြီး ခေါင်းလျှော်ပါက ဆံပင်များနူးညံ့ပျော့ပျောင်းလာသည် လက်တွေ့သိရှိနိုင်ပါသည်။

အသားအလှဆီ body lotion အဖြစ်လည်း အသုံးပြုနိုင်ပါသည်။
တစ်နေ့တာလုံး အသားအရေကို နူးညံ့စေပြီး စိုပြည်လှပစေသည်။
နေလောင်ဒဏ်ကို ကာကွယ်ပေးသည်။

လက်တွေ့သုံးစွဲပြီးသူများ ထပ်မံမှာယူအသုံးပြုနေသည့်
ဆေးဖက်ဝင်ကြယ်ပဲ ဆီသန့်ပါ။

စားသုံးသူကျန်းမာရေးအတွက် အဓိကထားပြီး ကြယ်ပဲအသင်း
အတွင်းရေးမှူးကိုယ်တိုင် စေတနာရှိရှိဖြင့် ထုတ်လုပ်ထားသော
ထုတ်ကုန်တစ်ခုဖြစ်တာမို့ စိတ်ချလက်ချ မှာယူသုံးစွဲနိုင်ပါတယ်ရှင်။
အသေးစိတ်သိရှိလိုပါက ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ရှင်

ဖြန့်ချီရေး
အမှတ် ၈၂၃၊ သမိုင်းဈေးဘူတာ( ၃) လမ်း၊
အမှတ် (၁)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
ဖုန်းနံပါတ် :09795544005

လက်ကားရောင်းဝယ်လိုသူများကိုလည်း နီးစပ်ရာကားဂိတ်အရောက်ပို့ပေးပြီး ဈေးနှုန်းသီးသန့်သတ်မှတ်ပေးပါမည်။

သမာအာဇီဝကျကျဖြင့် ပတ်ဝန်းကျင်အတွက်ရော မိမိအတွက်ပါအကျိုးရှိမည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ
လက်တွဲလုပ်ချင်များ ဆက်သွယ်နိုင်ပါတယ်ရှင်။
အမြဲတမ်းကြိုဆိုလျက်ပါ။

လရိပ်လေး (မောင်းမကန်)
2.8.2016
http://layeiklay.blogspot.com
 

***အချင်းချင်း ကူညီအားပေးနိုင်ကြပါစေ***


သူတစ်ပါးအား ကူညီရန် စိတ်ကူးရှိသောသူသည်
မိမိအရည်အချင်းနှင့် ကူညီရန်တတ်နိုင်သောနေရာကို
ရှာဖွေ၍ သင့်လျော်သည့်နေရာများတွင် ပေးဆပ်ကူညီကြသည်။

အရာအားလုံးပြီးပြည်စုံမှ ကူညီခွင့်ရှိမယ်လို့ယူဆရင်
လူတွေကိုဘယ်တော့မှ ကူညီခွင့်ရမှာမဟုတ်။

အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ဘယ်တော့မှ
အရာအားလုံးပြီးပြည့်စုံသော ပညာကို မရနိုင်။

မိမိ၏ အရည်အချင်း၊ လုပ်နိုင်စွမ်းအားဖြင့်
အချင်းချင်း ကူညီအားပေးနိုင်ကြပါစေ။

လရိပ်လေး (မောင်းမကန်)
2.8.2016
http://layeiklay.blogspot.com

***သမီးကို ရှာနေတဲ့ အဖေ***


"သမီးကို ရှာနေတဲ့ အဖေ"တဲ့လေ၊
ဆရာ့ဆီက အဲဒီစကားလုံးကြားလိုက်ရတာ အရမ်းပျော်တယ်ဆရာ။
"ကျွန်တော့ဆရာသမီးလေ ခုမှပြန်ဆုံရတာ၊ အရမ်းပျော်တယ်"ဆိုပြီး လွှတ်တော်အမတ်တွေကိုခေါ်ပြီး မိတ်ဆက်ပေးလိုက်သေး။

၎နှစ်သမီးကတည်းက အဖေမရှိတော့တဲ့ ကျွန်မတို့မောင်နှမ နှစ်ယောက်ကို ၉တန်း ၁၀တန်း ကျောင်းစရိတ်ထောက်ပံ့ပေးပြီး ပညာသင်ပေးခဲ့တဲ့ဆရာ၊ ကျန်းမာရေး နေထိုင်ရေးကိုပါ ဂရုစိုက်ပေးခဲ့တဲ့ဆရာ။ သမီးအမြဲသတိရနေခဲ့ပါတယ်။

အဝေးကြီးမှာရောက်နေခဲ့ပေမဲ့ သမီးကလည်း ဆရာ့ကို ရှာနေခဲ့တာပါ။ အခုသမီးရဲ့ကုသိုလ်ကြောင့်ထင်ပါရဲ့၊ သမီးတို့ရဲ့ဆရာက နေပြည်တော်မှာ လွှတ်တော်အစည်းအဝေး လာတက်ရင်း ပြန်ဆုံလိုက်ရတယ်။

ဆရာက တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်လုပ်ဆောင်နေတုန်း သမီးကလည်း ဘဝကို ရုန်းကန်ရင်း အများအတွက် လုပ်ဆောင်မဲ့
ရည်မှန်းချက်တွေနဲ့ ရည်ရွယ်ချက်တူရာသို့ လျောက်လှမ်းခွင့်ရတော့မှာမို့ အတိုင်းမသိ ဝမ်းသာရပါတယ်။
ဆရာ့ကျေးဇူး အဖေ့ကျေးဇူးကို ပြန်ဆပ်ရင်း ထားဝယ်ဒေသ တိုးတက်ဖို့အတွက် ကူညီခွင့်ရပါစေလို့ ဆုတောင်းရင်း။

လရိပ်လေး (မောင်းမကန်)
01.08.2016
http://layeiklay.blogspot.com

***ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက်***

ကျန်းမာရေးနှင့်ညီညွတ်ပြီး သွေးတိုး ဆီးချို ရောဂါများကို သက်သာစေသည့်ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက် ပြုလုပ်နည်းကို ဒီနေ့ လက်တွေ့လေ့လာဖြစ်ခဲ့တယ်။

အလုပ်ရုံတစ်ခုလုံး ကြယ်ပဲလက်ဖက်ခြောက်မွှေးရနံ့လေး သင်းပျံ့လျက် သောက်ချင်စိတ်က တဖွားဖွားပေါ်လာမိရော။

အရင်ကသောက်ခဲ့ဖူးပါတယ်၊ ဒီနေ့က ပိုမွှေးနေသလားလို့၊တစ်ခွက်လောက်သောက်ကြည့်လိုက်တော့ အရသာကပဲရနံ့လေးသင်းပျံ့လို့ မမေးပဲမနေနိုင်။

"ဘာလို့အရသာပိုကောင်းလာတာလဲ ဆရာ"
 
"အရသာပိုကောင်းတာပေါ့ဗျာ နည်းစနစ်ကျကျ၊
လက်ဖက်ခြောက်ပြုလုပ်နည်းကျွမ်းကျင်သူ ပညာရှင်တွေနဲ့
သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားလို့ပေါ့"

"ဘယ်လိုသောက်ရတာလဲ၊ဘယ်လိုအကျိုးကျေးဇူးတွေရလဲ"
 
"သာမာန်လက်ဖက်ခြောက်လိုပဲ ရေနွေးကြမ်းထဲထည့်သောက်ရတာ"
ပုံမှန်သောက်ရင် တစ်လအတွင်း တကယ်သိသိသာသာဗိုက်ချပ်ပြီး
အဆီကျတယ်၊ဆီးချိုကျတယ်၊ သွေးတိုးကျတယ်၊ နှလုံးအဆီဖုံးတာပါ ပျောက်တယ်။

လရိပ်လေး (မောင်းမကန်)
01.08.2016
http://layeiklay.blogspot.com
 

***စိတ်ခွန်အားမှ လူ့ဘဝဆီသို့***

ငယ်စဉ်ကစ လူ့ဘဝကို
သင်ပြညွှန်ကြား မေတ္တာထားလျက်
ခွန်အားပေးဝေ ချစ်မေမေနှင့်
စာပေပညာ ထပ်ဆင့်ရှာဖို့
ပမာသွေးသား မြတ်စိတ်ထားရှင်
ဆရာများအား လွမ်းလှပြီ။


ချစ်ခြင်းလွမ်းခြင်း စိုးမိုးရင်းလေ
စစ်ခင်းနေရ လူ့ဘဝဝယ်
လမ်းပြသူများ ကျေးဇူးတရားကို
ခွန်အားဖြင့်လေ ဆပ်နိုင်စေဖို့
နေ့တွေမနား ငါကြိုးစားမည်။

ထိုခရီးအစ ဝေဖန်ရှုတ်ချ
ဒုက္ခများစွာ တွေ့ကြုံပါလည်း
မှန်ရာလမ်းထံ ကြံ့ကြံ့ခံ၍
စံထားစရာ ဖြစ်လို့လာအောင်
ချိန်ခါနဲ့အညီ ကြိုးစားမည်။

လရိပ်လေး (မောင်းမကန်)
31.7.2016
http://layeiklay.blogspot.com

***သေလမ်းမသွားခင် သိစေချင်***

တစ်ပါးသူအပြစ် ထပ်ကာဆင့်လျက်
မချင့်ချိန်ပဲ မုန်းဆင့်ကဲကာ
အမြဲငြူစူ ဖြစ်နေပါမူ
ဘယ်မှာငြိမ်းချမ်းစေမည်နည်း။


တရားကိုသိ တရားရှိလျက်
စွဲမိအတ္တ ဖျောက်မရပဲ
လောဘဇောတွေ ကပ်ငြိနေလျင်
သေခါမည်သို့ရှိမည်နည်း။

လူ့ဘဝခဏ ဖြစ်ခွင့်ရချိန်
ပေးမျှမဝေ သောကပွေလျက်
မုန်းတွေသာလွမ်း ချစ်ကုန်ခမ်းက
သေလမ်းဘယ်မှာ ဖြောင့်မည်နည်း။

မသန္တာ (မောင်းမကန်)
27.7.2016
http://layeiklay.blogspot.com

***TOT CERTIFICATE***

START AND IMPROVE YOUR BUSINESS TRAINING OF TRAINER TOT CERTIFICATE ကို လက်ခံရရှိပြီးလို့ ကြည်နူးပေါ့ပါး အမှတ်တရလေးတွေ

လရိပ်လေး (မောင်းမကန်)
25.7.2016
http://layeiklay.blogspot.com


*** လူပီသက ဘဝလှ***

ပန်းခူးဖို့ လက်တွန့်ပေမဲ့
ပန်ပျိုးဖို့ လက်မတွန့်ခဲ့။

ရယူဖို့ လက်တွန့်ပေမဲ့
ပေးဆပ်ဖို့လက်မတွန့်ခဲ့။

မျက်ရည်ကျဖို့ ကြောက်ရွံ့ပေမဲ့
ပြုံးပြဖို့ မကြောက်ရွံ့ခဲ့။

ဥပေက္ခာဆိုတာ
ချစ်ခြင်း မုန်းခြင်းကင်းပြီး
မျှော်လင့်ခြင်းမဲ့ ပေးဆပ်ခြင်းတစ်မျိုးလို့
ခံယူရင်း ဘဝကိုလူပီသချင်ခဲ့။

ဘဝမလှလည်း သမိုင်းလှစေ
ရုပ်မလှလည်း စိတ်လှနေရင်
ငြိမ်းချမ်းခြင်းက လက်တစ်ကမ်းမှာပါ။

လရိပ်လေး (မောင်းမကန်)
23.7.2016
http://layeiklay.blogspot.com