Pages

Tuesday, August 2, 2016

***ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက်***

ကျန်းမာရေးနှင့်ညီညွတ်ပြီး သွေးတိုး ဆီးချို ရောဂါများကို သက်သာစေသည့်ဆေးဖက်ဝင် ကြယ်ပဲလက်ဖက်ခြောက် ပြုလုပ်နည်းကို ဒီနေ့ လက်တွေ့လေ့လာဖြစ်ခဲ့တယ်။

အလုပ်ရုံတစ်ခုလုံး ကြယ်ပဲလက်ဖက်ခြောက်မွှေးရနံ့လေး သင်းပျံ့လျက် သောက်ချင်စိတ်က တဖွားဖွားပေါ်လာမိရော။

အရင်ကသောက်ခဲ့ဖူးပါတယ်၊ ဒီနေ့က ပိုမွှေးနေသလားလို့၊တစ်ခွက်လောက်သောက်ကြည့်လိုက်တော့ အရသာကပဲရနံ့လေးသင်းပျံ့လို့ မမေးပဲမနေနိုင်။

"ဘာလို့အရသာပိုကောင်းလာတာလဲ ဆရာ"
 
"အရသာပိုကောင်းတာပေါ့ဗျာ နည်းစနစ်ကျကျ၊
လက်ဖက်ခြောက်ပြုလုပ်နည်းကျွမ်းကျင်သူ ပညာရှင်တွေနဲ့
သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားလို့ပေါ့"

"ဘယ်လိုသောက်ရတာလဲ၊ဘယ်လိုအကျိုးကျေးဇူးတွေရလဲ"
 
"သာမာန်လက်ဖက်ခြောက်လိုပဲ ရေနွေးကြမ်းထဲထည့်သောက်ရတာ"
ပုံမှန်သောက်ရင် တစ်လအတွင်း တကယ်သိသိသာသာဗိုက်ချပ်ပြီး
အဆီကျတယ်၊ဆီးချိုကျတယ်၊ သွေးတိုးကျတယ်၊ နှလုံးအဆီဖုံးတာပါ ပျောက်တယ်။

လရိပ်လေး (မောင်းမကန်)
01.08.2016
http://layeiklay.blogspot.com
 

No comments:

Post a Comment