Pages

Saturday, August 20, 2016

***လမ်းခွဲ***


မုန်းသူရှိတာ သိနေပါမူ
မတ္တာထားလျက် ကျောခိုင်းပါ။

တိုက်ခိုက်နေတာ သိနေပါမူ
ခွင့်လွှတ်ပေးလျက် ရှောင်ဖယ်ပါ။

ရိုင်းစိုင်းသူဟု သိနေပါမူ
ကြင်နာထားလျက် ဖေးမပါ။

တန်ဖိုးမထားတာ သိနေပါမူ
ထိုသူနားမှ ထွက်ခွာပါ။

ဘဝဆိုတာ ခဏတာမို့
သေခါလှဖို့ အသိရှိပါ။

လရိပ်လေး မောင်းမကန်
19.8.2016
http://layeiklay.blogspot.com

No comments:

Post a Comment