Pages

Friday, August 5, 2016

***ဆုံခွင့်***


သတိရခြင်းက အချစ်ရဲ့ကျိန်စာဖြစ်နေလည်း
မပျက်ပြယ်စေချင်ဘူး ။

နှုတ်ဆက်ခြင်းက အချစ်ရဲ့ အဆုံးသတ်မှန်းကြိုသိခဲ့ရင်
မမြင်ချင်ယောင်ဆောင်ပြီး ကျောခိုင်းဖြစ်မှာပါ။

အခုတော့ လွမ်းတွေပြည့်ကျပ်နေတဲ့ ရင်ခွင်တစ်ခုက
မျက်ရည်ကြား နှုတ်ဆက်မှုကို ပြန်မြင်နေရင်း
စက္ကန့်တိုင်း တမ်းတနေမိတယ် ချစ်သူရယ်။

ဆုတောင်းတစ်ခု ပြုခွင့်ရမယ်ဆို
သူနဲ့ ပြန်ဆုံခွင့်သာ ရပါလို၏။

လရိပ်လေး (မောင်းမကန်)
5.8.2016
http://layeiklay.blogspot.com

No comments:

Post a Comment