Pages

Thursday, August 18, 2016

***ပညာပြပေးသောသူများ***

ကျွန်မ၏ နှလုံးသားအား ခိုးယူစားသောက်ပြီး
ကျွန်မ၏နောက်ကျောအား ဓားနှင့်ထိုးသောသူသည်
ကျွန်မ ချစ်ရသော လေးစားရသော မိတ်ဆွေစစ်အဖြစ်
သတ်မှတ်ထားသော သူများဖြစ်နေကြောင်းသိရှိလိုက်ချိန်တွင်
ရူးမတတ်သောစိတ်နာကျင်မှုကို ခံစားမိတော့သည်။

ထိုသို့ပင်ဖြစ်သော်လည်း ကျွန်မသည် စာပေဖတ်ခြင်းနှင့်
ဘဝမှရရှိသော အတွေ့အကြုံများကြောင့် စိတ်ကိုဖြေသိမ့်ရန်
ခွန်အားကိုရရှိခဲ့၏။

ကျွန်မဆရာ ပြောခဲ့သော စကားတစ်ခွန်းရှိခဲ့သည်။
"ပညာပြရင် ပညာရတာပေါ့ ရသမျှယူထားပါတဲ့"
ဘဝ၏ပညာများကို ပိုမိုရရှိလာသည်နှင့်အမျှ
ထိုပညာများအား ပြန်လည်မျှဝေရန်ကြိုးစားပါအုံးမည်။

ပညာပြပေးသောသူများအား အထူးကျေးဇူးတင်လျက်

လရိပ်လေး( မောင်းမကန်)
15.8.2016
http://layeiklay.blogspot.com

No comments:

Post a Comment