Pages

Tuesday, August 2, 2016

*** လူပီသက ဘဝလှ***

ပန်းခူးဖို့ လက်တွန့်ပေမဲ့
ပန်ပျိုးဖို့ လက်မတွန့်ခဲ့။

ရယူဖို့ လက်တွန့်ပေမဲ့
ပေးဆပ်ဖို့လက်မတွန့်ခဲ့။

မျက်ရည်ကျဖို့ ကြောက်ရွံ့ပေမဲ့
ပြုံးပြဖို့ မကြောက်ရွံ့ခဲ့။

ဥပေက္ခာဆိုတာ
ချစ်ခြင်း မုန်းခြင်းကင်းပြီး
မျှော်လင့်ခြင်းမဲ့ ပေးဆပ်ခြင်းတစ်မျိုးလို့
ခံယူရင်း ဘဝကိုလူပီသချင်ခဲ့။

ဘဝမလှလည်း သမိုင်းလှစေ
ရုပ်မလှလည်း စိတ်လှနေရင်
ငြိမ်းချမ်းခြင်းက လက်တစ်ကမ်းမှာပါ။

လရိပ်လေး (မောင်းမကန်)
23.7.2016
http://layeiklay.blogspot.com

No comments:

Post a Comment