Pages

Thursday, August 18, 2016

***လွန်ကျူးမိလျင် စိတ်ကိုပြင်***

စိတ်စေတနာသည် လူတစ်ယောက်ရဲ့
အနာဂတ်အားပြောင်းလဲနိုင်၏။

မေတ္တာဆိုသော အရာသည်တောင်းဆို၍မရနိုင်
လုပ်ယူခြင်းဖြင့်သာ ရရှိနိုင်၏။

လောက၌ ကိုယ်ကအရင်မပေးပဲ
ရသည့်အရာကား အလွန်ရှားပါး၏။

မျှော်လင့်ခြင်းမဲ့ ပေးဆပ်ခြင်းတွက်
ထိုက်တန်သော ရလဒ်သည်
သင့်အားစောင့်ကြိုနေ၏။

မိမိ၏စိတ်နှင့် လုပ်ရပ်အား
သုံးသပ်ပြီး အမှားကိုပြင်ဆင်ခြင်းသည်
လူပီသသော လုပ်ရပ်ဟု ဆိုနိုင်၏။

လရိပ်လေး (မောင်းမကန်)
17.8.2016
http://layeiklay.blogspot.com

No comments:

Post a Comment