Pages

Monday, August 1, 2016

ကြယ်ပဲ (Sacha Inchi)အကြောင်းသိကောင်းစရာ

ကြယ်ပဲအရွက်ကို ပြုလုပ်ထားသော လက်ဖက်ခြောက်အထုပ်လေးများကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးခဲ့သည်။ သောက်ရသည်မှာ မွှေးပြီးအရသာရှိလှသည်။ စိတ်ဝင်စားမှုနှင့် ကြယ်ပဲ၏ အကြောင်းအရာကို အသေးစိတ်သိလိုစိတ်ဖြစ်ပေါ်ခဲ့သည်။ သို့သော် အလုပ်ကိစ္စများကြောင့် မလေ့လာဖြစ်ပဲ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ခရီးဆက်ခဲ့သည်။

အကြောင်းတိုက်ဆိုင်ချင်တော့ သူငယ်ချင်းဆီရောက်သွား
သည်။ သူငယ်ချင်းမှ ရေနွေးကြမ်းဖြင့် ဧည်ခံသည်။ ရေနွေးကြမ်းက သောက်လို့ကောင်းပြီး မွှေးဆိမ့်နေတော့

‘သူငယ်ချင်းရေ ဒါက ဘာလက်ဖက်ခြောက်လဲ တကယ်သောက်လို့ကောင်းတယ်နော်။’

‘ဟုတ်တယ်သူငယ်ချင်း အဲဒါ ကြယ်ပဲအရွက်ကို ကိုယ်တိုင်လုပ်ထားတဲ့ လက်ဖက်ခြောက်လေ’

‘တကယ်လား ဒါဆို ဘယ်လိုအကျိုးကျေးဇူးတွေရတာလဲ’

‘အဆီကျတယ်၊ နှလုံးအားကောင်းတယ်၊ ကင်ဆာလည်းကာကွယ်ပေးတယ်ပြောတာပဲ အသေးစိတ်တော့
မသိဘူး၊ ဒါပေမဲ့ အမေ့ကို နှလုံးအဆီဖုံးလို့ ဆေးခန်းပြနေတာ တော်တော်ကြာနေပြီ၊၊ နည်းနည်းပဲ သက်သာတယ်၊ ဒါနဲ့ သူများလမ်းညွှန်လို့ ကြယ်ပဲလက်ဖက်ခြောက်ကို တစ်လလုံးလုံးပေးသောက်ဖြစ်တယ်။ တအိမ်သားလုံးလည်း သောက်ကြတယ်။ အရွက်ကိုလည်း ကြော်စားတယ်ပေါ့၊ တစ်လကြာလို့ ဆေးခန်းထပ်ပြတော့ နှလုံးအဆီဖုံးတာ လုံးဝနီးပါးပျောက်သွားတယ်။ ဆရာဝန်ကတောင် အံ့သြနေတယ်သိလား။’

သူငယ်ချင်းနဲ့ စကားပြောဖြစ်ပြီးတာနဲ့ ပိုမိုစိတ်ဝင်စားလာလို့ချက်ချင်း
အင်တာနက်တွင် ကြယ်ပဲအကြောင်းကို ရှာဖွေလေ့လာမိတော့သည်။
ကြယ်ပဲစိုက်ပျိုးမှုနှင့် အသုံးဝင်ပုံများကိုတွှေရှိခဲ့သည်။ ကြယ်ပဲထုတ်ကုန်များကို အဆီ၊ အစေ့၊ လက်ဖက်ခြောက်အဖြစ် ထုတ်လုပ်ထားသည်ကို တွေ့ရှိခဲ့သည်။
ကြယ်ပဲ အစေ့ကိုကြိတ်၍ အဆီအဖြစ်ထုတ်လုပ်သည်။ အစေ့ကိုအကြော်ဖြစ်လည်းကောင်း၊ အလှော်အဖြစ်လည်းကောင်းစားသုံးနိုင်ပြီး လက်ဖက်ခြောက်ကို သာမာန်ရေနွေးကြမ်းအဖြစ်အသုံးပြုလို့ရသည်။

အဲဒီအချိန်မှာ ကျွန်မခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင်
မိမိအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော၊ ဖောက်သည်တွေအတွက်ပါ အကျိုးရှိုနိုင်တဲ့ လုပ်ငန်းကိုလုပ်သင့်တယ်ဆိုတာပါပဲ။ အဲဒီအတွေးကြောင့် ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ်တိုင်ထုတ်လုပ်နေသော
မြန်မာနိုင်ငံကြယ်ပဲထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး (၂) ဦးမောင်မောင်ဦးအား သွားရောက်တွေ့ဆြုံ့ပီး
ကြယ်ပဲထုတ်ကုန်များ၏ အသုံးဝင်ပုံများကို လေ့လာဖို့သွားရောက်ခဲ့တယ်။
လိုအပ်တာလေးတွေကိုမေးမြန်းခဲ့တယ်။

မေး----- ကြယ်ပဲကို ဘယ်လိုတွေ့ရှိပြီး စိုက်ပျိုးခဲ့တာလဲ။
ဖြေ----- စင်္ကာပူက သူငယ်ချင်းက မျိုးစေ့ပို့ပေးရာကနေ စတင်စိုက်ပျိုးခဲ့တာပါ။

မေး----- ဘယ်လိုထုတ်ကုန်တွေ အဓိကထုတ်လုပ်တာလဲ။
ဖြေ----- ထုတ်ကုန်ကတော့ အဆီ၊ လ္ဘက်ခြောက်၊ အစေ့ကြော် အလှော်ပါ။

မေး----- အဆီကို ဘယ်လိုအသုံးပြုပြီး ဘယ်လိုအကျိုးရှိတာလဲ ပြောပြပေးပါ။
ဖြေ----- အဆီကိုကျန်းမာရေကောင်းတဲ့သူဆို လက်ဖက်ဇွန်း တစ်ဇွန်းနေ့စဉ်သောက်ပေးရပါတယ်။
ကျန်းမာရေးမကောင်းတဲ့သူဆို ဟင်းခတ်ဇွန်းနဲ့ တစ်နေ့ တစ်ဇွန်း သောက်ပေးရပါမယ်။ သွေးတိုးကျပြီး၊
ဆီးချိုကိုထိန်းပေးတယ်။ အရွယ်တင်နုပျိုစေတယ်၊
ခေါင်းလိမ်းဆီအဖြစ်လည်း အသုံးပြုပါက ဦးရေပြားအေးမြပြီး ခေါင်းကြည်လင်တယ်၊
ဆံပင်နက်မှောင်စေပါတယ်။
အသားအလှဆီ( Body lotion) အဖြစ် အသုံးပြုပါက အသားအရေကို ချောမွေ့စေပြီး နေပူဒဏ်ခံနိုင်တယ်။

မေး---- လ္ဘက်ခြောက်က ဘယ်နှစ်မျိုးထုတ်တာလဲ၊ ဘယ်လိုအသုံးပြုရတာလဲ။
ဖြေ---- အခုလက်ရှိက နှစ်မျိုးထုတ်ပါတယ်။ တစ်မျိုးက စိမ်သောက်တဲ့ အထုတ်ကလေးတွေပါ။
နောက်တစ်မျိုးက ဒီအတိုင်း သာမာန်လ္ဘဘက်ခြောက်လိုမျိုးပါ၊ရေနွေးအိုးထဲထည့်ခတ်သောက်ရတာပါ။

မေး---- အစေ့ကိုရော ဘယ်လိုမျိုးအသုံးပြုပါသလဲ။
ဖြေ---- အစေ့ကို ကြိတ်ပြီး အဆီအဖြစ်ရောင်းတယ်။ ပြန်လည်စိုက်ပျိုးမဲ့သူတွေကိုမျိုးစေ့များအဖြစ်လည်း ရောင်းချပေးတယ်။ အကြော်၊အလှော်အဖြစ်လည်းရောင်းချတယ်။ကြယ်ပဲ အစေ့ကို မနက်ပိုင်း ဆယ်စေ့ကနေ ဆယ့်ငါးစေ့အထိစားသုံးလို့ရပါတယ်။

မေး---- ကြယ်ပဲ အကြောင်းအရာနဲ့ အကျိုးကျေးဇူးကို အသေးစိတ်လေးပြောပြပေးပါလား။
ဖြေ---- ကြယ်ပဲမှာ သက်စောင့်ဓာတ် အိုမီဂါ(၃) ၅၄ ရာခိုင်နှုန်း၊ အိုမီဂါ(၆) ၃၃.၄ ရာခိုနှုန်း၊ အိုမိဂါ (၉)၇.၂ ရာခိုင်နှုန်းပါဝင်တယ်။
၁။ သွေးတိုးကျ၊ ဆီးချိုထိန်း၊ နှလုံးခုန်နှုန်းကောင်းမွန်စေခြင်း။
၂။ ခန္ဓာကိုယ်မှအဆီပိုများလျော့ကျခြင်း၊ ကင်ဆာရောဂါကာကွယ်၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း။
၃။ ဆီးလမ်းကြောင်းသန့်စင်ပြီး ကျောက်ကပ်အားကောင်းစေခြင်း။
၎။ ကိုယ်အလေးချိန်ထိန်းညှိုပေးခြင်း၊သွေးခြောက်ခြားခြင်းကိုကူညီပေးခြင်း။
၅။ သွေးဆုံးခါနီးရောဂါများ ကာကွယ်၊ ဦးနှောက်သွေးကြောမပြတ်၊ နှလုံးသွေးကြောကျဉ်းရောဂါကုနိုင်
၆။ အာရုံကြောအားတိုး၊ အမေ့လွန်ရောဂါများမဖြစ်။အဆစ်အမြစ်ရောင်ရမ်း၊ ကိုက်၊ နာ သက်သာစေ။
၇။ မျက်စိကြည်လင်၊ အသားအရည် ဝင်းပစိုပြေ၊ အရွယ်တင်နုပျိုခြင်း၊ စိတ်ပျော်ရွှင်စေသည်။
၈။ ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ အရိုးကျန်းမာရေးကို အထောက်အကူပေးခြင်း။
၉။ ဝမ်းချုပ်လွန်း၊ ဝမ်းပျက်၊ အူမကြီး အူသိမ်ရောဂါများကို ကုသနိုင်။
၁၀။ မှတ်ဥာဏ်အားကောင်းပြီး စိတ်ငြိမ်စေသည်။

ကြယ်ပဲထုတ်ကုန်များ၏ အကြောင်းအရာ အသေးစိတ်ရှိလိုပါက ဦးမောင်မောင်ဦးကို ဖုန်းဖြင့်ဆက်သွယ်ပြီး
မေးမြန်းနိုင်ပါတယ်။ ပျိုးပင်များ၊ထုတ်ကုန်များကို ကိုယ်စားလှယ်အနေဖြင့်ရောင်းချလိုပါကမှာယူနိုင်ပါတယ်။
ဦးမောင်မောင်ဦး၏ ဖေ့ဘုတ် အကောင့်တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဖေ့ဘုတ်အကောင့်- Mingalar Oo ဖြစ်ပြီး
Sacha Inchi ဟု Googleတွင်ရိုက်ထည့်ပြီး နိုင်ငံတကာမှ ကြယ်ပဲ အကြောင်းအရာများကို လေ့လာနိုင်ပါတယ်။

ဦးမောင်မောင်ဦးရဲ့ နေရပ်လိပ်စာကတော့
အမှတ်(၈၇၇)ပေါင်းလောင်း (၂)လမ်း၊ ၁၈လမ်းနှင့် ငုဝါလမ်းထောင့်၊ ပျဉ်းမနား၊နေပြည်တော်။
ဖုန်း- ၀၆၇- ၂၅၆၅၁၊ ၀၉-၇၉၇၈၉၇၁၅၀၊ ၀၉၂၆၅၂၉၈၁၇၉ ပါ။

http://layeiklay.blogspot.com
 
 

No comments:

Post a Comment