Pages

Monday, April 25, 2016

*****ချစ်သူမျက်နှာ သူ့အရိပ်မှာ*****


လရောင်ရွှန်းဖြာ ညချမ်းခါဝယ်
ကြည်သာရွင်လန်း စိတ်အေးချမ်း၍
စိတ်နွမ်းများလည်း ပြေရသည်။

အမှောင်ကိုခွင်း လအဆင်းဝယ်
ချစ်ခြင်းတူမျှ ချစ်ခဲ့ရသည့်
တိတ်ကချစ်သူ မေ့သည်းအူကို
ပုံတူထပ်ကာ မြင်ရသည်။

မကြင်စိမ်းကား သူထားသွားလည်း
တိမ်ဖျားထက်က လရောင်လှကြောင့်
ချစ်ရသူအား ပွေ့ဖက်ထားသလို
ထင်မှားစိတ်ဝယ် ပျော်ရသည်။

လရိပ်လေး (မောင်းမကန်)
22.4.2016
ttp://layeiklay.blogspot.com/

Thursday, April 21, 2016

***ချစ်ဆိပ်****

ဖြေဆေးမဲ့ အဆိပ်တစ်ခွက်ကို
သောက်မိမှတော့ အလွမ်းက
ဦးမော့ရင်ကော့ပြီပေါ့။

ရူးမိုက်ခြင်းကို စားသုံး
တစ်ဘဝစာ ရှင်သန်မှုက
အလွမ်းမြေဆီတွေနဲ့
အဆိပ်ပင်ကို ရေလောင်းနေမိကြ။

ဘဝအခင်းအကျင်းလှဖို့
အဆိပ်ပြယ်စေမဲ့ ဗျူဟာ
သုံးရလိမ့်မယ်။

ဘဝဆိုတာ အချစ်တစ်ခုတည်းနဲ့
ရှင်သန်ခွင့်ရှိတဲ့ အရာမဟုတ်ဘူး။

လရိပ်လေး (မောင်းမကန်)
17.4.2016
http://layeiklay.blogspot.com/

***နှစ်ဆန်းတစ်ရက်***


နှစ်ဆန်းတစ်ရက် ဒါနဖက်လျက်
ရေစက်ကုသိုလ် သစ္စာဆိုကာ
ခိုလှုံ၍လာ ဘုရားရိပ်မှာ။

လရိပ်လေး (မောင်းမကန်)
13.4.2016
ttp://layeiklay.blogspot.com/

***နှစ်သစ်သို့***


နှစ်ဟောင်းမြေခ နှစ်သစ်စသည့်
လှပဝေဆာ သည်ချိန်ခါတွင်
နှာင်းလာတိတ်ကြောင်း သွေဖယ်ပြောင်း၍
လမ်းကောင်းကိုရွေး ကောင်းရာတွေးလျက်
စိတ်အေးချမ်းသာ နေပ့ါမည်။

စိတ်ကိုပြုပြင် ခွန်အားဆင်၍
မြင်တွေ့ကြုံလာ ဤလူ့ရွာတွင်
လိုရာပန်းတိုင် ဆွတ်ယူနိုင်အောင်
မယိုင်စိတ်ဇွဲ ကိုယ်၌မြဲလျက်
ရဲရဲရင့်ရင့် နေပါ့မည်။

ဘဝသစ်မှာ ပျော်ရွှင်လာဖို့
တိတ်မှာဖြစ်ပျက် နာကျင်ရက်ကို
မဖက်တွယ်ပဲ အသစ်ထဲဝယ်
အားခဲမာန်တင်း စိတ်သစ်ခင်း၍
ချစ်ခြင်းအသစ် မိတ်ဆွေစစ်နှင့်
ချန်ရစ်အတိတ်ကို မေ့ပါမည်။

နေ့ညချိန်ခါ မရွေးသာသည့်
သေမှာတိကျ ကြုံလာရမည့်
ဘဝခဏမှာ လုပ်သင့်ရာကို
မေတ္တာယှဉ်ကာ များတွက်တာဟု
ရင်မှာနှစ်ထား စိတ်ခွန်အားနှင့်
ကြိုးစားအားထုတ် နေပါ့မည်။

သူငါအတ္တ ကင်းဝေးကြ၍
ပေးမျှမေတ္တာ ကြည်ဖြူစွာဖြင့်
မြန်မာတို့တွေ ငြိမ်းချမ်းလေကာ
ရေမြေသဘာဝ စိုပြည်ရသည့်
လှပပြည်ရွာ ဖြစ်လာစေကြောင်း
ဆုချွေတောင်းသည် နှစ်သစ်ဆီ။

လရိပ်လေး (မောင်းမကန်)
15.4.2016
ttp://layeiklay.blogspot.com/

***ချစ်တတ်တဲ့နှလုံးသား***

အချစ်ဆုံးသူငယ်ချင်းကမေးတယ်
ချစ်တတ်တဲ့နှလုံးသားရှိလို့လားတဲ့လေ။

ရှိတာပေါ့၊ အဲဒီနှလုံးသားနဲ့
ချစ်ခဲ့လို့ပဲ လွမ်းဒဏ်ရာတွေ ပြည့်သိပ်နေတာ
ကျွန်မရဲ့နှလုံးသားပါလို့ ဖြေပါရစေလား
သူငယ်ချင်းရေ။


လရိပ်လေး (မောင်းမကန်)
16.4.2016
ttp://layeiklay.blogspot.com/

*** အချစ်စစ်***


သဝန်တိုရင်း ပိုင်ဆိုင်ခြင်းနှင့်
အပ်နှင်းသစ္စာ သူ့မေတ္တာကို
ကိုယ်သာရလို အတ္တပို၍
ခိုလှုံချင်တာ အချစ်စစ်ပါ။


အချစ်စစ်ကို ပြချင်ပါလည်း
ရင်မှာသိုသိပ် မျက်လွှာမှိတ်လျက်
စိတ်မှာခံစား အတ္တများကို
ပြုံးထားရင်းသာ ဟန်ဆောင်ကာနှင့်
သူသာပျော်စေ နားလည်နေတာ
စေညွှန်ခံရာ အချစ်စစ်ပါ။

အချစ်ဟူသမျှ သည်အတ္တကို
ထုတ်ပြလှစ်ခြွေ သူမြင်လေက
စိတ်ထွေလှုပ်ရှား အမြင်မှားလျက်
ချစ်အားလျော့မှာ စိုးမိတာကြောင့်
စာနာနားလည် ချစ်မပြယ်ပဲ
ဖက်တွယ်မိတာ အချစ်စစ်ပါ။

ချစ်နေခွင့်သာ မြဲချင်တာမို့
ကြုံလာသမျှ ချစ်ဒုက္ခကို
မျှဝေခံစား စိတ်စွမ်းအားဖြင့်
နားလည်လျက်သာ တစ်သက်တာဝယ်
ရင်မှာသိုဝှက် ချစ်သွားမယ်။

လရိပ်လေး (မောင်းမကန်)
15.4.2016
ttp://layeiklay.blogspot.com/

***လှပတဲ့ ဘဝ**


အမုန်းတရားကို ဘောင်ခတ်ထားရင်
ငရဲတမျှ ပူလောင်နိုင်တာမို့
ဥပေက္ခာပြုရင်း မေတ္တာသာချခင်းပေးလိုက်
ဘဝက လှလှပပလေးဖြတ်သန်းခွင့်ရမှာပါ။

လရိပ်လေး (မောင်းမကန်)
15.4.2016
ttp://layeiklay.blogspot.com/

***ထိကရုန်းလိုပေ နွမ်းရစ်ကြွေ***


မြေလွှာပမာ မေ့ရင်လွှာဝယ်
သူသာခိုနား ချစ်ခြင်းများနှင့်
မေ့အားချစ်ကြင် ဖြတ်သန်းချင်လည်း
မခင်သူမုန်း ရှောင်ပြေးပုန်း၍
ထိကရုန်းလိုပေ နွမ်းရစ်ကြွေ။

လရိပ်လေး (မောင်းမကန်)
13.4.2016
ttp://layeiklay.blogspot.com/

*****အကျဉ်းစံ*****


ဘဝနေ့ရက်ကြား
ဖစ်သင့်တာကို ရွေးချယ်ရင်း
လိုချင်ရမ္မက်အောက်က ဆန္ဒရဲ့ချဉ်ခြင်းကို
အကျဉ်းချထား မိခဲ့သည်။


စွန့်စားခြင်းတွေအတွက်
စွန့်လွှတ်မှုတွေကို ရင်နဲ့ထပ်တူကျစွာ
အလဲအထပ်လုပ်ပြီး ခံစားမှုကို
အကျဉ်းချထားမိခဲ့သည်။

ချစ်ခြင်းတစ်ခုအတွက်
အတ္တတွေကို မြိုသိပ်
အလွမ်းတွေ လှလှပပဖန်ဆင်း
နားလည်ခြင်းဆိုတဲ့အရာနဲ့
နှလုံးသားကို အကျဉ်းချထားမိခဲ့သည်။

ပန်းကိုပွင့်စေချင်သော်လည်း
မခူးရက်သူမို့ ပိုနာကျင်ခဲ့သည်။

လရိပ်လေး (မောင်းမကန်)
13.4.2016
ttp://layeiklay.blogspot.com/

***ရင်နွမ်းပန်း***


ပိတောက်ဝါဝါ
ပွင့်လို့လာ
ချိန်ခါလှလှ သင်္ကြန်ကျ။

သင်္ကြန်ချိန်ခါ
ပျော်ချင်ပါလည်း
ဖော်ကွာဝေးက လွမ်းနေရ။

လွမ်းရဆွေးရ
သင်္ကြန်လ
ဓမ္မဖြင့်သာ ဖြေနေရ။

လရိပ်လေး (မောင်းမကန်)
10.4.2016
ttp://layeiklay.blogspot.com/

***အချစ်***

ရေမြေခြားလည်း
ရင်ချင်းနီးရုံမျှနှင့်
ပျော်ရွှင်စေသော အရာအား
အချစ်ဟုဖွဲ့ဆိုချင်ပါသည်။

လရိပ်လေး (မောင်းမကန်)
8.4.2016
ttp://layeiklay.blogspot.com/

Wednesday, April 6, 2016

*****ခရီး*****


အနီးအဝေး ဘယ်မတွေးပဲ
လွမ်းရေးကိုဖယ် ပညာသယ်ဖို့
နယ်မြေရယ်ခြား ကျေးရွာများသို့
စိတ်အားတင်းလျက် စထွက်ပြီ။


အများတွက်ငှာ ပေးဆပ်ရာဟု
စိတ်မှာခံယူ မှတ်သားမူကြောင့်
ကြည်ဖြူနှလုံး ကြင်နာပြုံးက
သက်ဆုံးထိတိုင် ရင်ဝယ်ပိုင်လျက်
နေနိုင်လိမ့်မည် ထင်မိပြီ။

လူရယ်ဖြစ်လာ ဘဝတာဝယ်
ဝေးမှာနီးမှာ မရှောင်သာပဲ
ကျရာနေရာ ခရီးတာကို
မှန်စွာရည်မှန်း စဉ်လျှောက်လှမ်းမှ
ဘဝလမ်းရှည် သာလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
5.4.2016
http://layeiklay.blogspot.com/

***လူ့ဘဝ***


ချစ်ခြင်းရင်မှာ
ဖြစ်တည်လာသော်
သာယာလှပ လူ့ဘဝ။

လရိပ်လေး(မောင်းမကန်)
4.4.2016
ttp://layeiklay.blogspot.com/

***နှလုံးသားအမြူတေ***


နှလုံးသား၌ စူးဝင်နှစ်မြှုပ်နေသော
အချစ်ဟူသည့် အရာသည်
ပြောင်းလဲအစားထိုးရန် ခက်ခဲသည်။

တက်မက်တွယ်ငြိနေသမျှ
တခါတရံ ကြည်နူး၍
တခါတရံ ငိုကြွေးရင်း လွမ်းနေသည်။

သို့သော် အချစ်ကို
ကျွန်မချစ်နေပါသေးသည်။

လရိပ်လေး(မောင်းမကန်)
30.3.2016
ttp://layeiklay.blogspot.com/

***သူငယ်ချင်းသို့***

သက်မဲ့နှလုံးသားရဲ့
မလှမပ စကားလုံးတွေနဲ့
ကဗျာအဖြစ် ဖန်ဆင်းရင်
ရသ မမြောက်နိုင်သလို

မိတ်ဆွေအစစ်ကို
ဟန်ဆောင်ခြင်းတွေနဲ့
ပေါင်းသင်းရင်လည်း
ဘဝက မလှပနိုင်လောက်ဘူး
သူငယ်ချင်း။

လရိပ်လေး (မောင်းမကန်)
26.3.2016
http://layeiklay.blogspot.com/

***ကဗျာ***

စိတ်မှာနွမ်းရ လွမ်းသမျှကို
တွေးမှလွင့်စေ စိတ်ကူးတွေနဲ့
ရေမှာမျှောကာ စိတ်ကြည်သာလျက်
ကဗျာဆန်ဆန် ရိုက်တဲ့ဟန်။

လရိပ်လေး (မောင်းမကန်)
23.3.2016
http://layeiklay.blogspot.com/

ဆရာမကြီး မွေးနေ့မှာ အမှတ်တရ

စေတနာအပြည့်ဖြင့် တပည့်များအတွက် ပညာမျှဝေပေးခဲ့သော
ဆရာမကြီး မွေးနေ့မှာ ဆရာကြီး၊ ဆရာမကြီးများနဲ့ အတူ

လရိပ်လေး (မောင်းမကန်)
11.3.2016
http://layeiklay.blogspot.com/