Pages

Wednesday, April 6, 2016

*****ခရီး*****


အနီးအဝေး ဘယ်မတွေးပဲ
လွမ်းရေးကိုဖယ် ပညာသယ်ဖို့
နယ်မြေရယ်ခြား ကျေးရွာများသို့
စိတ်အားတင်းလျက် စထွက်ပြီ။


အများတွက်ငှာ ပေးဆပ်ရာဟု
စိတ်မှာခံယူ မှတ်သားမူကြောင့်
ကြည်ဖြူနှလုံး ကြင်နာပြုံးက
သက်ဆုံးထိတိုင် ရင်ဝယ်ပိုင်လျက်
နေနိုင်လိမ့်မည် ထင်မိပြီ။

လူရယ်ဖြစ်လာ ဘဝတာဝယ်
ဝေးမှာနီးမှာ မရှောင်သာပဲ
ကျရာနေရာ ခရီးတာကို
မှန်စွာရည်မှန်း စဉ်လျှောက်လှမ်းမှ
ဘဝလမ်းရှည် သာလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
5.4.2016
http://layeiklay.blogspot.com/

No comments:

Post a Comment