Pages

Thursday, April 21, 2016

***နှစ်သစ်သို့***


နှစ်ဟောင်းမြေခ နှစ်သစ်စသည့်
လှပဝေဆာ သည်ချိန်ခါတွင်
နှာင်းလာတိတ်ကြောင်း သွေဖယ်ပြောင်း၍
လမ်းကောင်းကိုရွေး ကောင်းရာတွေးလျက်
စိတ်အေးချမ်းသာ နေပ့ါမည်။

စိတ်ကိုပြုပြင် ခွန်အားဆင်၍
မြင်တွေ့ကြုံလာ ဤလူ့ရွာတွင်
လိုရာပန်းတိုင် ဆွတ်ယူနိုင်အောင်
မယိုင်စိတ်ဇွဲ ကိုယ်၌မြဲလျက်
ရဲရဲရင့်ရင့် နေပါ့မည်။

ဘဝသစ်မှာ ပျော်ရွှင်လာဖို့
တိတ်မှာဖြစ်ပျက် နာကျင်ရက်ကို
မဖက်တွယ်ပဲ အသစ်ထဲဝယ်
အားခဲမာန်တင်း စိတ်သစ်ခင်း၍
ချစ်ခြင်းအသစ် မိတ်ဆွေစစ်နှင့်
ချန်ရစ်အတိတ်ကို မေ့ပါမည်။

နေ့ညချိန်ခါ မရွေးသာသည့်
သေမှာတိကျ ကြုံလာရမည့်
ဘဝခဏမှာ လုပ်သင့်ရာကို
မေတ္တာယှဉ်ကာ များတွက်တာဟု
ရင်မှာနှစ်ထား စိတ်ခွန်အားနှင့်
ကြိုးစားအားထုတ် နေပါ့မည်။

သူငါအတ္တ ကင်းဝေးကြ၍
ပေးမျှမေတ္တာ ကြည်ဖြူစွာဖြင့်
မြန်မာတို့တွေ ငြိမ်းချမ်းလေကာ
ရေမြေသဘာဝ စိုပြည်ရသည့်
လှပပြည်ရွာ ဖြစ်လာစေကြောင်း
ဆုချွေတောင်းသည် နှစ်သစ်ဆီ။

လရိပ်လေး (မောင်းမကန်)
15.4.2016
ttp://layeiklay.blogspot.com/

No comments:

Post a Comment