Pages

Thursday, April 21, 2016

*** အချစ်စစ်***


သဝန်တိုရင်း ပိုင်ဆိုင်ခြင်းနှင့်
အပ်နှင်းသစ္စာ သူ့မေတ္တာကို
ကိုယ်သာရလို အတ္တပို၍
ခိုလှုံချင်တာ အချစ်စစ်ပါ။


အချစ်စစ်ကို ပြချင်ပါလည်း
ရင်မှာသိုသိပ် မျက်လွှာမှိတ်လျက်
စိတ်မှာခံစား အတ္တများကို
ပြုံးထားရင်းသာ ဟန်ဆောင်ကာနှင့်
သူသာပျော်စေ နားလည်နေတာ
စေညွှန်ခံရာ အချစ်စစ်ပါ။

အချစ်ဟူသမျှ သည်အတ္တကို
ထုတ်ပြလှစ်ခြွေ သူမြင်လေက
စိတ်ထွေလှုပ်ရှား အမြင်မှားလျက်
ချစ်အားလျော့မှာ စိုးမိတာကြောင့်
စာနာနားလည် ချစ်မပြယ်ပဲ
ဖက်တွယ်မိတာ အချစ်စစ်ပါ။

ချစ်နေခွင့်သာ မြဲချင်တာမို့
ကြုံလာသမျှ ချစ်ဒုက္ခကို
မျှဝေခံစား စိတ်စွမ်းအားဖြင့်
နားလည်လျက်သာ တစ်သက်တာဝယ်
ရင်မှာသိုဝှက် ချစ်သွားမယ်။

လရိပ်လေး (မောင်းမကန်)
15.4.2016
ttp://layeiklay.blogspot.com/

No comments:

Post a Comment