Pages

Thursday, April 21, 2016

*****အကျဉ်းစံ*****


ဘဝနေ့ရက်ကြား
ဖစ်သင့်တာကို ရွေးချယ်ရင်း
လိုချင်ရမ္မက်အောက်က ဆန္ဒရဲ့ချဉ်ခြင်းကို
အကျဉ်းချထား မိခဲ့သည်။


စွန့်စားခြင်းတွေအတွက်
စွန့်လွှတ်မှုတွေကို ရင်နဲ့ထပ်တူကျစွာ
အလဲအထပ်လုပ်ပြီး ခံစားမှုကို
အကျဉ်းချထားမိခဲ့သည်။

ချစ်ခြင်းတစ်ခုအတွက်
အတ္တတွေကို မြိုသိပ်
အလွမ်းတွေ လှလှပပဖန်ဆင်း
နားလည်ခြင်းဆိုတဲ့အရာနဲ့
နှလုံးသားကို အကျဉ်းချထားမိခဲ့သည်။

ပန်းကိုပွင့်စေချင်သော်လည်း
မခူးရက်သူမို့ ပိုနာကျင်ခဲ့သည်။

လရိပ်လေး (မောင်းမကန်)
13.4.2016
ttp://layeiklay.blogspot.com/

No comments:

Post a Comment