Pages

Monday, July 21, 2014

ကွန်ဂရက်ကျူလေးရှင်း

ကွန်ဂရက်ကျူလေးရှင်း

လရိပ်လေး(မောင်းမကန်)

http://layeiklay.blogspot.com/

 

မှော်ဝင်ပန်း


အဖူး ထွက်စပဲရှိသေး
အမြင်တွေေ၀၀ါး
အတွေးများ မှောက်မှားလို့
ဒဏ်ရာအစီရီနဲ့ နှလုံးသားက
ငိုညဉ်းသံတွေ ထွက်ကျလာတယ်။

ရနံ့ သင်းရုံပဲရှိသေး
ရင်တစ်ခုလုံး စူးနစ်
နှလုံးသွေးများ ယိုဖိတ်ရင်း
အသက်ရှူသံတွေ ဘောင်ဘင်ခတ်ကုန်တယ်။

သံယောဇဉ် မျိုးစေ့ကို
မေတ္တာနဲ့ ပေါင်းသင်
သစ္စာဆင့် အပင်ပျိုးတဲ့
အချစ် ပန်းပင်မှာ
အလွမ်း ဆိုတဲ့
မှော်ဝင်ပန်း ပဲ ပွင့်လန်းလာခဲ့တယ်။

မပန်ချင်လည်း ကြမ္မာစေတဲ့ပန်းမို့
တစ်သက်စာ ချစ်ပန်းတစ်ပွင့်ရဲ့
လျော်ကြေးလို့ သတ်မှတ်ရင်း
ရဲရဲကြီး ပန်ဆင်လိုက်ပါ့မယ်…..ချစ်သူ။

ချစ်တတ်သူတိုင်း မှော်ဝင်ပန်းလေးနဲ့
မဆုံရပဲ ချစ်ကမ္ဘာလှလှလေးမှာ
ချစ်ပန်းလေးတွေ ပန်ဆင်နိုင်ကြပါစေရှင်။

လရိပ်လေး ( မောင်းမကန်)
(၂၀ .၇ .၂၀၁၄)