Pages

Thursday, November 26, 2015

***ဈေးဝယ်ထွက်***

 
Australia နိုင်ငံ Sydney မြို့ Sydney တက္ကသိုလ် မှာ
ကျင်းပတဲ့စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
( Empowering Women and People with Disabilities
through Entrepreneurship Education ) အပြီးမှာ
ဒီနေ့ ဈေးဝယ်ထွက်တယ်ပေါ့

လရိပ်လေး(မောင်းမကန်)
27.11.2015
http://layeiklay.blogspot.com/

***မျှဝေခံစား သင်ရိုးများ***

စွန့်ဦးတီထွင် စီးပွာရေးနည်းပညာသင်ရိုး သင်ကြားခဲ့တဲ
အတွေ့အကြုံတွေကို
( Empowering Women and People with Disabilities
through Entrepreneurship Education ) ပွဲမှာ
ဗီယက်နမ်၊မြန်မာ၊ အင်ဒိုနီးရှား သုံးနိုင်ငံမှ
လာရောက်ဆွေးနွေးသူ ပညာရှင်များအား ပြန်လည်မျှဝေ
ဖြေကြားပေးခဲ့စဉ် ကျွန်မတို့ရဲ့ ဆရာမနဲ့အတူအမှတ်တရ
လရိပ်လေး(မောင်းမကန်)
26.11.2015
http://layeiklay.blogspot.com/

***လေ့လာရေး ခရီးအမှတ်တရ***

 
Australia နိုင်ငံ Sydney မြို့ Sydney တက္ကသိုလ် မှာ
ကျင်းပတဲ့စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
( Empowering Women and People with Disabilities
through Entrepreneurship Education ) အပြီးမှာ
လေ့လာရေးတွေလဲ သွားခဲ့ပါသေးတယ်။

လရိပ်လေး(မောင်းမကန်)
26.11.2015
http://layeiklay.blogspot.com/



Wednesday, November 25, 2015

***မမေ့နိုင်သော အမှတ်တရ ခရီးစဉ်***

တန်ဖိုးမဖြတ်နိုင်သော ပညာတွေပေးခဲ့သော ဆရာ့ကျေးဇူးကို
တစ်သက်တာအမှတ်တရ ကန်တော့ရင်း
ငယ်စဉ်ကအစဘဝတစ်လျှောက်လုံး
သင်ကြားပြသပေးခဲ့ကြသော ဆရာများအားလုံးကို
စိတ်မှန်းရည်စူး ပြီး ကန်တော့ ဖြစ်ခဲ့ကြတယ်ရှင်။

ကျွန်မ၏ ဆရာ၊ ဆရာမများ အားလုံးကို 

ကြည်နူးစွာကျေးဇူးတင်နေမိတယ်။ 


  
မြန်မာ့ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံကို
အထူးလေးစားကြောင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း
တခြားနိုင်ငံသူ/သား တွေဆီက ပြန်လည်ပြောလာကြတာမို့
ကျွန်မတို့ အတွက် မမေ့နိုင်သောအမှတ်တရ ခရီးစဉ်ပါ။
 
မြန်မာဝတ်စုံ လွမ်းရစ်ခြုံလျက်
စုပြုံလှပ သဘာဝကျ
ဒီနေ့ စိီးပွားရေးနည်းပညာသင်ရိုးကို
မြန်မာပြည်မှာ သင်ကြားမှုပုံစံအကြောင်း 
Speaker အနေနဲ့ မျှဝေပေးလို့ 
Sydney University မှ 
ဆရာရစ်ချက် (Dr Richard) ကိုယ်တိုင် 
လက်ဆောင်ပေးခဲ့တဲ့ အမှတ်တရ

လရိပ်လေး(မောင်းမကန်)
25.11.2015
http://layeiklay.blogspot.com/

စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
Empowering Women and People with Disabilities
through Entrepreneurship Education
Australia နိုင်ငံ Sydney မြို့
Sydney တက္ကသိုလ် 

Monday, November 23, 2015

***စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ***


Empowering Women and People with Disabilities
through Entrepreneurship Education. ဆွေးနွေးပွဲမှာ
ဆရာရစ်ချက် (Dr Richard) နဲ့အတူ
ဗီယက်နမ်၊ အင်ဒိုနီးရှား ၊ မြန်မာသုံးနိုင်ငံ အကြား
စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးကို
မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သင်ပြခွင့်ရခဲ့တာ
အရမ်းဂုဏ်ယူမိတယ်။

သုံးနိုင်ငံမှာ မြန်မာတစ်နိုင်ငံတည်းပဲ
သင်ရိုးကို စတင်သင်ကြားခဲ့ပြီး
စီမံကိန်းစခဲ့နိုင်တာမို့လို့
မြန်မာနည်းပြတွေကိုယ်စား
အရမ်းပျော်မိတယ်။
ကျွန်မတို့ EDNA MM နည်းပြတွေ အားလုံးကို သတိရတယ်။

လရိပ်လေး(မောင်းမကန်)
24.11.2015
http://layeiklay.blogspot.com/


စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
Empowering Women and People with Disabilities
through Entrepreneurship Education
Australia နိုင်ငံ Sydney မြို့
Sydney တက္ကသိုလ်

*** သြစတေးလျမြေ***

နေ့ညကွာခြား ချိန်ခါများနှင့်
ထူးခြားလှစွာ တည်ငြိမ်ပါသည့်
သာယာစိုပြေ သြစတေးလျမြေ။

လရိပ်လေး(မောင်းမကန်)
24.11.2015
http://layeiklay.blogspot.com/


စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
Empowering Women and People with Disabilities
through Entrepreneurship Education
Australia နိုင်ငံ Sydney မြို့
Sydney တက္ကသိုလ်

***သြစတေးလျနိုင်ငံ ဆွေးနွေးပွဲ ပထမရက်***

စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
သြစတေးလျနိုင်ငံမှာ ဦးဆောင်တဲ့ Dr, Richard ရယ်
မြန်မာတွေနဲ့အမှတ်တရ ပထမရက်

လရိပ်လေး (မောင်းမကန်)
23.11.2015
http://layeiklay.blogspot.com/

Sunday, November 22, 2015

***Australia နိုင်ငံ Sydney မြို့***

Australia နိုင်ငံ Sydney မြို့ရဲ့အလှတရားများအကြား

လရိပ်လေး (မောင်းမကန်)
22.11.2015
http://layeiklay.blogspot.com/

Saturday, November 21, 2015

***သြစတေးလျသို့***

သြစတေးလျသွားဖို့ လေဆိပ်ရာက်ပြီ သူငယ်ချင်းတို့ရေ

 လေယာဉ်ပေါ်မှာပေါ့
မလေးရှား လေဆိပ်ရောက်ပြီ

လရိပ်လေး (မောင်းမကန်)
21.11.2015
http://layeiklay.blogspot.com/


Friday, November 20, 2015

EDNA Myanmar


As an Education Officer
we mentor them on delivery of education materials.
We see that the mentors can now independently deliver
the materials in their own communities.
All we do now is, facilitate when needed.


***ဘ၀ နှင့် တာဝန်***

အဖြေရှာရန်
အားထုတ်ကြိုးစားနေခြင်းသည်
ဘဝဖြစ်သည်။

လူတိုင်းသည် မိမိလုပ်နိုင်မည်ဟု 
ယုံကြည်သောအလုပ်ကို
ပြင်းပြသောဆန္ဒဖြင့် 

တာဝန်ယူမှုရှိရှိ လုပ်ဆောင်သင့်သည်။

လရိပ်လေး (မောင်းမကန်)
14.11.2015
http://layeiklay.blogspot.com/

Wednesday, November 11, 2015

***လမ်း***

အမှောင်ကွယ်ပျောက် အလင်းရောက်ဖို့
ထွန်းတောက်လူငယ် မျိုးဆက်နွယ်များ
မကွယ်မဝှက် ပွင့်လင်းလျက်သာ
နေ့ရက်တိုင်းမှာ အားထုတ်ပါလော့။


လမ်းသာရာကို သွားချင်ပါက
လမ်းရှာဖောက်ထွင်း လမ်းကြောင်းရှင်း၍
မပျင်းလုံ့လ ဝိရိယဖြင့်
နေ့ညမနား ကြိုးစားထားလျက်
ခွန်အားနဲ့ယှဉ် လမ်းကိုပြင်လော့။

လမ်းကြောင်းသာယာ ပြည်ချမ်းသာက
ပညာစီးပွား ခွင့်လမ်းများသည်
တိုးပွားလာမှာ အမှန်ပါ။

လရိပ်လေး(မောင်းမကန်)
11.11.2015
http://layeiklay.blogspot.com/

***မဲပေးစို့***



ရောင်နီဖြာလင်း နံနက်ခင်းတွက်
ရှင်းလင်းပြတ်သား ဆုံးဖြတ်ထားလျက်
စိတ်အားသန်စွာ တို့မြန်မာတွေ
ပြည်သာစေဖို့ မဲပေးစို့။

လရိပ်လေး (မောင်းမကန်)
7.11.2015
http://layeiklay.blogspot.com/

***အချစ်မှားသူ***


ကျွန်မ အရမ်းချစ်ခဲ့ရသော အထီးကျန်ခြင်းကို
စွန့်လွှတ်ခဲ့မိသည့် အပြစ်ကြွေးကြောင့်
ဖိအားများကြားက ဘဝနာတရတွေ
ဖြာကျလာတာ အကြိမ်ကြိမ်အခါခါပါ။


ချစ်ခြင်းကြောင့် လွမ်းရသည်။
မုန်းခြင်းကြောင့် ရင်နာရသည်။
လိုချင်မှုကြောင့် လွတ်လပ်မှုကိုဆုံးရှုံးရသည်။
သည်းခံရင်းနှင့် အစော်ကားခံရသည်။
ကျေးဇူးတရားကို ထောက်ထားရင်း
ခြေတစ်လှမ်းနောက်ဆုတ်ရသည်။

ဘဝ၏အနာဂတ်ကို ငေးရင်းမျက်ရည်ကျဖူးသည်။
အတိတ်ကို တွေးရင်း ကြည်နူးခဲ့ဖူးသည်။
ပစ္စုပ္ပန်ဝယ် အမှန်ကို သယ်ဆောင်ရင်း
သေခြင်းသမိုင်းလှဖို့ ကျွန်မရုန်းကန်နေရသေးသည်။

မဟာပထဝီမြေကြီးသည်
ကျွန်မအားလက်ကမ်းကြိုလျက်
နေ့ရက်တွေ ရေတွက်နေခဲ့ပြီ။

လရိပ်လေး (မောင်းမကန်)
9.11.2015
http://layeiklay.blogspot.com/

***နေရာ***

 နေရာဆိုသည်မှာ
အစားထိုးရန်၊ ပြောင်းလဲရန် လွယ်ပေမဲ့
တည်မြဲရန်အတွက်မူ ခက်ခဲသည်။
လေးစားမှုဖြင့်ဆန်းစစ်ပြီး
လူသားသားဆန်ဆန်
စီမံခန့်ခွဲမှ
လုပ်ငန်းရေရှည်တည်တံ့မည်။


လရိပ်လေး (မောင်းမကန်)
5. 11 .2015
http://layeiklay.blogspot.com/

***ဘာကြောင့်လဲ - ဘယ်လိုလဲ***

ပန်းပင်တစ်ပင်ကို ပျိုးလိုက်သောသူသည်
ပန်းပွင့်ကိုလိုချင်သည် (သို့) ပန်းပင်ကို ရှင်သန်စေချင်သည်။
ပန်းပွင့်ကို ကြည့်ခွင့်ရနေချင်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုအကြောင်းရာအားလုံး၏
နောက်ကွယ်တွင် တက်မက်ခြင်း တဏှာတစ်ခု ကပ်ငြိပါနေသည်။

ပြိုင်ပွဲတစ်ခုတွင် ဝင်ပြိုင်သူများသည်
အောင်နိုင်ခြင်းကို နှစ်သက်ကြသလို
ရှုံးနှိမ့်ခြင်းကို စက်ဆုပ်ကြသည်။
ယှဉ်ပြိုင်ခြင်းသာ အဓိကဟူသည့် စကားသည်
လိုချင်တက်မက်သော လောဘတဏှာအတွက်
မုသားသုံးထားခြင်း ဖြစ်သည်။

လောက၌လူသားတိုင်းသည်
မိမိကိုယ်ကိုသာ ပိုချစ်ကြသည်ဖြစ်၍
မိမိကိုယ်ကိုယ်သာ ပြန်လည်သုံးသပ်ပြီး
မိမိ၏ ယုံကြည်ချက်ကို အသက်သွင်းသင့်သည်။

အလုပ်တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုအတွက်
- ဘာကြောင့် လုပ်တာလဲ
- ဘယ်လိုလုပ်မှာလဲ
ဆိုသည့် အချက်များကို ထည့်သွင်းစဉ်းစားသင့်ပေသည်။

လရိပ်လေး (မောင်းမကန်)
1. 11 .2015
http://layeiklay.blogspot.com/

*** ခေါင်းဆောင်မှု***

 လက်အောက်ငယ်သားတွေ
ကျောခင်းပေးသောလမ်းကိုလျှောက်
လွတ်လပ်မှုတွေကို စည်းမျဉ်းချ ထိန်းချုပ်
ပြောသမျှ ခေါင်းညိတ် နေရသေးတယ်ဆိုရင်
အဲဒီလူရဲ့ ခေါင်းဆောင်မှုက
နည်းနည်းလေးလွဲနေသေးတယ်။


လရိပ်လေး (မောင်းမကန်)
1. 11 .2015
http://layeiklay.blogspot.com/

***ရွှေရောင်အနားကွပ် သီတင်းကျွတ်***


ဆီမီးရောင်ဆင်း လရောင်လင်းနှင့်
သီတင်းကျွတ်လ ခါသမယဝယ်
ဗုဒ္ဓဘာသာ တို့မြန်မာတွေ
ဘာဝနာပွား ဒါနများဖြင့်
စည်ကားလှစွာ ဘုရားမှာ။


ထူးမြတ်လှရာ သည်ချိန်ခါဝယ်
ဆရာမိဘ ရည်စူးကြလျက်
လှူရကုသိုလ် အဖုံဖုံသည်
ဆုံကြုံရက်ဆက် ဘဝသက်တာ
မပျက်ပါပဲ ရေစက်မြဲ၍
ခန္ဓာစဲထိ တည်စေသော်ဝ်။


လရိပ်လေး (မောင်းမကန်)
28.10.2015
http://layeiklay.blogspot.com/