Pages

Friday, February 24, 2017

***တဏှာမဖြစ် ချစ်ခြင်းအစစ်***

တဏှာဖုံးလွှမ်း ရမ္မက်လမ်းဝယ်
စမ်းတဝါးဝါး လျှောက်ကာသွားလျင်
ချစ်များပျောက်ကွယ် မုန်းလိမ့်မယ်။

ချစ်ခြင်းတရား ရှိသော်ငြားက
ဖောက်ပြားယုတ်မာ စိတ်တဏှာကို
ရွံရှာရှောင်ဖယ် မုန်းသင့်တယ်။

ချစ်ခြင်းအစစ် ဖြစ်တည်ရစ်သော်
သင့်မြတ်စိတ်မှာ နားလည်စွာနှင့်
မေတ္တာခြုံလွှမ်း သစ္စာနန်းဝယ်
စံမြန်းလို့ကွယ် နေသင့်တယ်။

လရိပ်လေး (မောင်းမကန်)
၂၃.၂.၂၀၁၇
http://layeiklay.blogspot.com/

***ကျေးဇူးတင်လွှာ***


ရိုးသားစွာကြိုးစားနေသူအတွက်
အောင်မြင်မှုက လက်တစ်ကမ်းမှာပါဆိုတဲ့
ယုံကြည်မှုနဲ့ကြိုးစားခဲ့လို့ လုပ်ပေးပိုင်ခွင့် ရရှိခဲ့ပါပြီ။

ဒီနေရာကိုရောက်လာအောင် ပံ့ပိုးပေးခဲ့သော
ကျွန်မရဲ့ Master Trainer Minty Aung
ဆရာမ သန္တာအောင်၊ ဆရာမရီလဲ့ဟန်
နှင့် အတူတူသင်တန်းတက်ခဲ့သော Trainer များ


သင်တန်းဖြစ်မြောက်အောင် စတင်ကူညီပေးသော
နေပြည်တော်မှ ကိုမောင်မောင်ဦးနှင့်
သင်တန်းသူသင်တန်းသားများ၊

ရန်ကုန်မြို့ရွှေပြည်သာမှ
မသန်စွမ်းအဖွဲ့အစည်းများအတွက်
မနားမနေဆောင်ရွက်ပေးနေသော
ဆရာဦးသိန်းဟန်သူ ဇနီးမောင်နှံနှင့် ဦးချစ်ခင်

ရွှေဘိုမှ ဆရာတော်ဦးကုသလနှင့်
သင်တန်းသူသင်တန်းသားများ၊

ထားဝယ်မှ ဆရာတော် ဦးသုန္ဒရနှင့်
သင်တန်းသူသင်တန်းသားများ၊

ထားဝယ်ALC Centerမှ ကိုသိန်းသန်းစိုးနှင့်
GTCကျောင်းသားကျောင်းသူများ၊

မြဝတီ ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် အရှင်ဓမ္မပါလနှင့်
သင်တန်းသူသင်တန်းများ၊

အများအတွက်ပြန်လည်မျှဝေဖို့
စိတ်ခွန်အား အရည်အချင်းတွေကို မြှင့်တင်
အချိန်တိုင်းလမ်းညွှန်ပြသပေးခဲ့ပါသော
ရန်ကုန်မြို့ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်မှ
ဆရာတော် ဦးဇောတိကအား ကျေးဇူးတင်ဦးခိုက်မိပါတယ်။

ကျေးဇူးတရားများကို သတိရရင်း
နောင်လာမည့်လူငယ်များ အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို
ကျွန်မတတ်နိုင်သည့်နေရာမှ ကူညီပံ့ပိုးသွားပါမည်။
ကျေးဇူးတင်ထိုက်သူအားလုံးကို လေးစားစွာ
ကျေးဇူးတင်လျက် ကျွန်မပျော်ရွှင်ရသလို
အားလုံး လိုရာဆန္ဒပြည့်ဝကြပါစေရှင်။

လရိပ်လေး မောင်းမကန်
၂၃.၂.၂၀၁၇
http://layeiklay.blogspot.com/


Tuesday, February 21, 2017

***ILOအသိအမှတ်ပြု SIYB licensed Trainer ပေးအပ်ပွဲအခမ်းအနား***

SIYB ရဲ့ Trainer Certification Ceremony
@Summit Parkview Hotel

ILOအသိအမှတ်ပြု
SIYB licensed Trainer ပေးအပ်ပွဲအခမ်းအနားမှာ
အမှတ်တရ

လရိပ်လေး(မောင်းမကန်)
21.2.2017
http://layeiklay.blogspot.com/

Monday, February 20, 2017

***အိမ်ပြန်တမ်းချင်း***

ထာဝရတာကောင်းကျိုးအတွက်
ခဏတာလွမ်းဆွတ်မှုကို
ကျွန်မမြိုသိပ်ထားပါ့မယ်။

အမေ့စကားအမြဲကြားခွင့်
အမေ့အပြုံးလေးတွေ အမြဲမြင်ခွင့်ရဖို့
ကြိုးစားပါ့မယ်။

ပျော်ရာမနေ တော်ရာမှာနေရတဲ့ဘဝမို့
အမေနဲ့ရွာကိုတော့
လွမ်းနေမိတယ်လေ။

အဖေ အမေကျေးဇူး ဆပ်ရင်း
ထားဝယ်ဒေသလူငယ်တွေတိုးတက်ဖို့အတွက်
အားတင်းလျက် လွမ်းချင်းတွေကို
တေးမသီတော့ပါဘူး။

ဘဝစစ်တလင်းမှာ ဖြစ်ခြင်းပျက်ခြင်းကို
နှလုံးသွင်းရင်း အမေနဲ့ ထားဝယ်မြေက
တွေ့ဆုံရသူအားလုံးကို ခဏလေးပါလို့
နှုတ်မဆက်ပဲ ပြောခဲ့ပါရစေ။

လရိပ်လေး(မောင်းမကန်)
20.2.2017
http://layeiklay.blogspot.com/

Monday, February 13, 2017

***ချစ်စလေးတွေ ရှည်ပါစေ***

ရေကြည်စိမ်းမြ ရှုခင်းလှက
နွမ်းသမျှတွေ ပျက်ပြယ်သည်။

နားလည်မှုထား သူ့စကားက
အားငယ်သမျှတွေ ပျက်ပြယ်သည်။

တဏှာမြူကင်း သူ့ချစ်ခြင်းက
ရင်တွင်းလွမ်းတွေ ပျက်ပြယ်သည်။

သမုဒယမှသည် တဏှာမှီလျက်
ဖြစ်တည်ရာဂ ဝန်တိုပြက
ချစ်ခဲ့သမျှတွေ ပျက်ပြယ်သည်။

ချစ်ခြင်းကမ္ဘာ တည်ချင်ပါမူ
နှစ်လွှာတူမျှ နားလည်ကြလျက်
ဖေးမလို့သာ လက်တွဲပါမှ
သာယာမှုတွေ ရလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
10.2..2017
http://layeiklay.blogspot.com/

Wednesday, February 8, 2017

***မြတ်ရှင်မော်ဘုရားရောက်အမှတ်တရ***

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်
သမိုင်းဝင်ရှင်ကိုးရှင်ဘုရားတစ်ဆူဖြစ်သည့်
မြတ်ရှင်မော်ဘုရားရောက်အမှတ်တရ

လရိပ်လေး မောင်းမကန်
8.2.2017
http://layeiklay.blogspot.com/
 

***တရားပွဲ***

ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း
ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ)
တရားပွဲသို့ရောက်ရှိ

လရိပ်လေး (မောင်းမကန်)
7.2.2017
http://layeiklay.blogspot.com/

***မောင်းမကန် ကမ်းခြေမှာ***

မောင်းမကန် ကမ်းခြေမှာ

လရိပ်လေး (မောင်းမကန်)
၇.၂.၂၀၁၇
http://layeiklay.blogspot.com/
 
 

***အဆုံးအမကို ခံယူနိုင်စွမ်းရှိအောင်***


သူတစ်ပါးအား
ညွှန်ပြဆုံးမချင်သောသူသည်
မိမိကိုယ်တိုင်ကပင်
အဆုံးအမကို ခံယူနိုင်စွမ်းရှိအောင်
လေ့ကျင့်ထားသင့်သည်။

လရိပ်လေး မောင်းမကန်
6.2.2017
http://layeiklay.blogspot.com/

***ရောင်ပြန်***

ပေးကြ ယူကြသည်။

ပေးဆပ်မှုဟုဆိုရာတွင်
လမ်းကြောင်းမှန်ဖို့လိုအပ်သည်။


မိမိ၏အရိပ်သည် မိမိကိုယ်မှသာ
ဖြာထွက်သည်။

လောက၌ ဘာမှမလုပ်ပဲရခြင်းသည်
သေခြင်းတရား တစ်ခုသာရှိသည်။

လရိပ်လေး (မောင်းမကန်)
၆.၂.၂၀၁၇
http://layeiklay.blogspot.com/

***ထားဝယ်မြို့ ရွှေတောင်စားဘုရား***

ထားဝယ်မြို့ ရွှေတောင်စားဘုရားတွင်
ကုသိုလ်ပြုလုပ်ရင်း
သတ္တဝါအပေါင်း ကျန်းမားချမ်းသာပါစေလို့
ဆုတောင်းခဲ့ရတာ ကြည်နူးစရာပါ။

လရိပ်လေး (မောင်းမကန်)
၃.၂.၂၀၁၇
http://layeiklay.blogspot.com/

***ဆင်ဘုရားနားက လှမ်းကြိုရင်း***


ထားဝယ်ကနေ မောင်းမကန်ကို သွားတဲ့လမ်းလေးမှာ
သင်တန်းသူတွေက ဆင်ဘုရားနားက လှမ်းကြိုရင်း
အစားသောက်လည်းကျွေး စကားတွေ အတွေ့ကြုံလေးတွေပြောကြတယ်။

ပေါ့ပေါ့ပါးပါးနဲ့ လူငယ်တွေနဲ့တသားတည်း အတူတူ
စကားတွေပြောရတာ အရမ်းကြည်နူးမိတယ်။


ကြိုဆိုမှုအတွက်ရော ဖော်ရွေလှတဲ့ အပြောလေးတွေအတွက်
အားလုံးကို ထာဝရကျေးဇူးပါနော်။

အသက်ရှင်နေသရွေ့ လူငယ်တွေအတွက်
ကြိုးစားရင်း အချိန်ကုန်စေပါ့မယ်လို့
တွေးရင်း လူပီသချင်စိတ်က တဖွားဖွားပါပဲ။

လရိပ်လေး (မောင်းမကန်)
၂.၂.၂၀၁၇
http://layeiklay.blogspot.com/

***ထွက်ခဲ့ပါပြီ မြို့ထားဝယ်ဆီ***


ထွက်ခဲ့ပါပြီ မြို့ထားဝယ်ဆီ
 
လရိပ်လေး (မောင်းမကန်)
၂.၂.၂၀၁၇
http://layeiklay.blogspot.com/

***အမှန် & အမှား***

အမှန်ကိုသိ၍ အမှားကိုမြင်သော်လည်း
တစ်ပါးသူလက်ခံနိုင်အောင်
မည်သို့ပြောရမည်ဆိုသည့် အချက်ကိုကား
လူတိုင်းမသိနိုင်။

လရိပ်လေး (မောင်းမကန်)
၁.၂.၂၀၁၇
http://layeiklay.blogspot.com/

***ပန်းချီကားလက်ဆောင်***


ကိုးရီးယားမှ ရန်ကုန်အထိ အိမ်တိုင်ရာရောက် 
ပန်းချီကားလက်ဆောင် ပေးပို့သော
ဆရာ ဦးမောင်လွင်အား တကယ်ကျေးဇူးတင်ပါတယ်ရှင်။

လရိပ်လေးအတွက်
သီးသန့်များရေးဆွဲထားသလားတောင်ထင်ရ

လရိပ်အောက်မှာ
တစ်ကောင်တည်း အဖော်ကွဲမျှော်ဆဲ
လွမ်းတွေသဲနေရော့သလားနော်။

ဆရာ့ရဲ့ပန်းချီကားကို လက်ခံရရှိလို့
အရမ်းပျော်ပါတယ်။

နောင်ဒီထက်မကအောင်မြင်ပြီး
ငြိမ်းချမ်းခြင်းကိုပိုင်ဆိုင်နိုင်ပါစေဆရာ။

လရိပ်လေး( မောင်းမကန်)
၁.၂.၂၀၁၇
http://layeiklay.blogspot.com/
 

***သေခြင်းတရား***

အရာအားလုံး မမြဲသော်လည်း
သေခြင်းတရားကား မြဲသည်။

ဘဝ၏အနှစ်သာရအား
ဥာဏ်နှင့်ပညာယှဉ်လျက် အားထုတ်ရန်
လိုအပ်နေပေပြီ။
 
လရိပ်လေး မောင်းမကန်
30.1.2017
http://layeiklay.blogspot.com/

***ပေးဆပ်ခွင့်***

ဆုံစည်းမှု၏ နောက်ကွယ်တွင်
ရိုးရှင်းသော လွမ်းဆွတ်မှုတို့ ဖြစ်တည်သည်။

အောင်မြင်မှု၏ နောက်ကွယ်တွင်
ရင်ဖြင့်ရင်းရသော စွန့်လွှတ်မှုတို့ ဖြစ်တည်သည်။

ပေးဆပ်မှု၏ နောက်ကွယ်တွင်
အသက်တမျှပျော်ရွှင်ရသော ငြိမ်းချမ်းမှုတို့ ဖြစ်တည်သည်။

ပျော်ရွှင်မှုကို ဖန်းတီးရန်အတွက်
ရွေးချယ်မှုကသာ အဓိကကျပေသည်။

လရိပ်လေး မောင်းမကန်
28.1.2017
http://layeiklay.blogspot.com/

***မှုန်ဝါးဝါး အမှန်တရား***

အပြုံးတွေ အသက်ဝင်စေဖို့
အမုန်းတွေ သင်ပုန်းချေပါ့မည်။

အခါလွန် ခံစားမှုအတွက်
ဥပေက္ခာကို ဖက်တွယ်ထားပါ့မည်။

မမြင်အပ် မပြောအပ်သော အရာများအတွက်
ဆွံ့အစွာနေလျက် တိတ်ဆိတ်ခြင်းကို ဖက်တွယ်ထားပါ့မည်။

အတ္တကိုချစ်မိသောကျ့န်မ
အမှန်တရားအား မုန်းတတ်လာသည်။

တကယ့်အမှန်တရားသည် နီးသလား
ဝေးသလား၊ မှုန်ဝါးဝါးဖြင့်သာ

လရိပ်လေး (မောင်းမကန်)
၂၅.၁.၂၀၁၇
http://layeiklay.blogspot.com/