Pages

Friday, February 24, 2017

***တဏှာမဖြစ် ချစ်ခြင်းအစစ်***

တဏှာဖုံးလွှမ်း ရမ္မက်လမ်းဝယ်
စမ်းတဝါးဝါး လျှောက်ကာသွားလျင်
ချစ်များပျောက်ကွယ် မုန်းလိမ့်မယ်။

ချစ်ခြင်းတရား ရှိသော်ငြားက
ဖောက်ပြားယုတ်မာ စိတ်တဏှာကို
ရွံရှာရှောင်ဖယ် မုန်းသင့်တယ်။

ချစ်ခြင်းအစစ် ဖြစ်တည်ရစ်သော်
သင့်မြတ်စိတ်မှာ နားလည်စွာနှင့်
မေတ္တာခြုံလွှမ်း သစ္စာနန်းဝယ်
စံမြန်းလို့ကွယ် နေသင့်တယ်။

လရိပ်လေး (မောင်းမကန်)
၂၃.၂.၂၀၁၇
http://layeiklay.blogspot.com/

1 comment:

  1. အရမ်းကောင်းတယ်

    ReplyDelete