Pages

Wednesday, February 8, 2017

***မှုန်ဝါးဝါး အမှန်တရား***

အပြုံးတွေ အသက်ဝင်စေဖို့
အမုန်းတွေ သင်ပုန်းချေပါ့မည်။

အခါလွန် ခံစားမှုအတွက်
ဥပေက္ခာကို ဖက်တွယ်ထားပါ့မည်။

မမြင်အပ် မပြောအပ်သော အရာများအတွက်
ဆွံ့အစွာနေလျက် တိတ်ဆိတ်ခြင်းကို ဖက်တွယ်ထားပါ့မည်။

အတ္တကိုချစ်မိသောကျ့န်မ
အမှန်တရားအား မုန်းတတ်လာသည်။

တကယ့်အမှန်တရားသည် နီးသလား
ဝေးသလား၊ မှုန်ဝါးဝါးဖြင့်သာ

လရိပ်လေး (မောင်းမကန်)
၂၅.၁.၂၀၁၇
http://layeiklay.blogspot.com/

No comments:

Post a Comment