Pages

Monday, February 20, 2017

***အိမ်ပြန်တမ်းချင်း***

ထာဝရတာကောင်းကျိုးအတွက်
ခဏတာလွမ်းဆွတ်မှုကို
ကျွန်မမြိုသိပ်ထားပါ့မယ်။

အမေ့စကားအမြဲကြားခွင့်
အမေ့အပြုံးလေးတွေ အမြဲမြင်ခွင့်ရဖို့
ကြိုးစားပါ့မယ်။

ပျော်ရာမနေ တော်ရာမှာနေရတဲ့ဘဝမို့
အမေနဲ့ရွာကိုတော့
လွမ်းနေမိတယ်လေ။

အဖေ အမေကျေးဇူး ဆပ်ရင်း
ထားဝယ်ဒေသလူငယ်တွေတိုးတက်ဖို့အတွက်
အားတင်းလျက် လွမ်းချင်းတွေကို
တေးမသီတော့ပါဘူး။

ဘဝစစ်တလင်းမှာ ဖြစ်ခြင်းပျက်ခြင်းကို
နှလုံးသွင်းရင်း အမေနဲ့ ထားဝယ်မြေက
တွေ့ဆုံရသူအားလုံးကို ခဏလေးပါလို့
နှုတ်မဆက်ပဲ ပြောခဲ့ပါရစေ။

လရိပ်လေး(မောင်းမကန်)
20.2.2017
http://layeiklay.blogspot.com/

No comments:

Post a Comment