Pages

Friday, February 24, 2017

***ကျေးဇူးတင်လွှာ***


ရိုးသားစွာကြိုးစားနေသူအတွက်
အောင်မြင်မှုက လက်တစ်ကမ်းမှာပါဆိုတဲ့
ယုံကြည်မှုနဲ့ကြိုးစားခဲ့လို့ လုပ်ပေးပိုင်ခွင့် ရရှိခဲ့ပါပြီ။

ဒီနေရာကိုရောက်လာအောင် ပံ့ပိုးပေးခဲ့သော
ကျွန်မရဲ့ Master Trainer Minty Aung
ဆရာမ သန္တာအောင်၊ ဆရာမရီလဲ့ဟန်
နှင့် အတူတူသင်တန်းတက်ခဲ့သော Trainer များ


သင်တန်းဖြစ်မြောက်အောင် စတင်ကူညီပေးသော
နေပြည်တော်မှ ကိုမောင်မောင်ဦးနှင့်
သင်တန်းသူသင်တန်းသားများ၊

ရန်ကုန်မြို့ရွှေပြည်သာမှ
မသန်စွမ်းအဖွဲ့အစည်းများအတွက်
မနားမနေဆောင်ရွက်ပေးနေသော
ဆရာဦးသိန်းဟန်သူ ဇနီးမောင်နှံနှင့် ဦးချစ်ခင်

ရွှေဘိုမှ ဆရာတော်ဦးကုသလနှင့်
သင်တန်းသူသင်တန်းသားများ၊

ထားဝယ်မှ ဆရာတော် ဦးသုန္ဒရနှင့်
သင်တန်းသူသင်တန်းသားများ၊

ထားဝယ်ALC Centerမှ ကိုသိန်းသန်းစိုးနှင့်
GTCကျောင်းသားကျောင်းသူများ၊

မြဝတီ ဓမ္မရောင်ခြည်ကျောင်းတိုက် ဆရာတော် အရှင်ဓမ္မပါလနှင့်
သင်တန်းသူသင်တန်းများ၊

အများအတွက်ပြန်လည်မျှဝေဖို့
စိတ်ခွန်အား အရည်အချင်းတွေကို မြှင့်တင်
အချိန်တိုင်းလမ်းညွှန်ပြသပေးခဲ့ပါသော
ရန်ကုန်မြို့ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်မှ
ဆရာတော် ဦးဇောတိကအား ကျေးဇူးတင်ဦးခိုက်မိပါတယ်။

ကျေးဇူးတရားများကို သတိရရင်း
နောင်လာမည့်လူငယ်များ အသေးစားစီးပွားရေးလုပ်ငန်းရှင်များကို
ကျွန်မတတ်နိုင်သည့်နေရာမှ ကူညီပံ့ပိုးသွားပါမည်။
ကျေးဇူးတင်ထိုက်သူအားလုံးကို လေးစားစွာ
ကျေးဇူးတင်လျက် ကျွန်မပျော်ရွှင်ရသလို
အားလုံး လိုရာဆန္ဒပြည့်ဝကြပါစေရှင်။

လရိပ်လေး မောင်းမကန်
၂၃.၂.၂၀၁၇
http://layeiklay.blogspot.com/


No comments:

Post a Comment