Pages

Friday, April 7, 2017

***ချစ်စရာ ပိတောက်ပန်းးတွေနဲ့***

သင်တန်းမစခင်လေး
ရွှေဘိုမြို့ရဲ့ အလှတရားတွေအကြား
ချစ်စရာ ပိတောက်ပန်းးတွေနဲ့

လရိပ်လေး (မောင်းမကန်)
၇.၄.၂၀၁၇
http://layeiklay.blogspot.com/

***Improve Your Business စီးပွားရေးနည်းပညာ သင်တန်း***

 
Improve your business စီးပွားရေးနည်းပညာ
သင်တန်းတစ်ခုအောင်မြင်စွာ သင်ကြားပေးနိုင်တဲ့အပြင်
ပညာအရည်အချင်း မြင့်မားပြီး စိတ်သဘောထားပြည့်ဝတဲ့
ဆရာမတွေနဲ့ အတူတူသင်ကြားခွင့်ရလို့ အတိုင်းမသိ
ဝမ်းသာမိပါတယ်။


နောင်လာမဲ့ အချိန်တိုင်းမှာ ဒီထက်မက ကူညီခွင့်ရပါစေလို့
ရွှေဘိုမြို့က ကျောက်စေတီလေးမှာ ဆုတောင်းရင်း အမောပြေခဲ့ပါပြီ။
မနက်ဖြန် နောက်သင်တန်းတစ်ခုအတွက်
အားတင်းရင်း

လရိပ်လေး (မောင်းမကန်)
၅.၄.၂၀၁၇
http://layeiklay.blogspot.com/

 

Saturday, April 1, 2017

***ကိုယ့်အကြောင်းကိုယ်သိဖို့***

အတ္တအရေခြုံထားသူတွေက
ဖြူစင်မှုအကြောင်းကို ချဲ့ကားပြီး
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။

မာနအရေခြုံထားသူတွေက
ကိုယ်ချင်းစာတရားအကြောင်း
ချဲ့ကားပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။

လူသားဖြစ်နေပြီး
လူ့ဘဝအကြောင်းမသိထားသူတွေက
လူသားတွေ အကြောင်းသုံးသပ်နေကြတယ်။

လောကကြီးကလူတွေက
ကိုယ့်စိတ်ထား ကိုယ့်အကြောင်းကို သုံးသပ်ပြီး
အဓိပ္ပါယ်ဖွင့်ဆိုဖို့ မေ့နေတတ်ကြတယ်။

လရိပ်လေး (မောင်းမကန်)
၁.၄.၂၀၁၇
http://layeiklay.blogspot.com/

***စိမ်း***


သခင့်အပါး အချစ်များနှင့်
ဝင့်ကြွားလို့သာ နေချင်ပါလည်း
တဏှာစက်ကွင်း သည်ချစ်ခြင်းက
ရင်တွင်းပူပြင်း နှိပ်စက်ခြင်းမို့
ခပ်ကင်းကင်းလေး နေတော့မယ်။

သခင့်အရိပ် နွေးစေလိမ့်လည်း
ချစ်စိတ်တဏှာ ပူလှတာကို
မှန်စွာသိရ ခုဘဝဝယ်
ခဏအေးငြိမ်း စိတ်မယိမ်းဖို့
ခပ်စိမ်းစိမ်းလေး နေတော့မယ်။

လရိပ်လေး (မောင်းမကန်)
31.3.2017
http://layeiklay.blogspot.com/