Pages

Tuesday, March 1, 2016

***မဖြေသာ အလွမ်း***

ချစ်စရာမူ ထွေးပွေ့ယူ၍
လူ၏တန်ဖိုး ချစ်မြတ်နိုးလျက်
ဆတိုးပညာ သင်ယူကာဖြင့်
မေတ္တာစစ်တွေ ပေးခဲ့လေသည့်
ရေမြေခြားမှ နည်းပြများအား
လွမ်းအားရယ်စွေ ကျမျက်ရည်။


တစ်လတာတွင်း အချင်းချင်းတွေ
စိတ်ရင်းဖြူစင် ထွေးပွေ့ကြင်၍
သင်ယူလေ့လာ ပညာရှာလျက်
ရပ်ရွာကောင်းကျိုး တူသယ်ပိုးဖို့
အားကိုးလောက်စွာ တော်ကြပါသည့်
ဆရာများအား ကိုယ့်ကိုယ်ပွားနှယ်
စိတ်အားတက်စွာ ဂုဏ်ယူပါသည်။

ချစ်ခြင်းဂုဏ်အင် တွယ်ရစ်ချင်လည်း
မခင်သာဘဝ ကြုံလာရတော့
ချစ်စကိုဖြေ လွမ်းရစ်လေပြီ
နွမ်းကြေသဲအူ စိတ်ထဲပူလျက်
ကူသူမဲ့လွမ်း ရင်ဝယ်ကျွမ်းသမို့
လွမ်းဖြေဆေးလေး ရချင်သည်။

လရိပ်လေး (မောင်းမကန်)
1.3.2016
http://layeiklay.blogspot.com/

***နွံ***

သမုဒယနွံထဲ
နစ်ကာလဲ
စိတ်စွဲလမ်းမှု ဖြစ်ရသည်။

အတ္တနွံထဲ
နစ်ကာလဲ
စိတ်စွဲမာန ဖြစ်ရသည်။

အချစ်နွံထဲ
နစ်ကာလဲ
မချင့်မရဲ ဖြစ်ရသည်။

အမုန်းနွံထဲ
နစ်ကာလဲ
ကြေကွဲစိတ်ဝယ် နာရသည်။

အလွမ်းနွံထဲ
နစ်ပြန်လဲ
ဝဲရမျက်ရည် စိုရသည်။

အချစ်သမုဒယ
သည်အတ္တ
ဖြတ်မှပို၍ ကောင်းလိမ့်မည်။

လရိပ်လေး (မောင်းမကန်)
29.2.2016
http://layeiklay.blogspot.com/

***Mentor training အပြီး လေ့လာရေးခရီး***

စီးပွားရေးနည်းပညာ သင်တန်း နည်းပြများနဲ့ training အပြီး
FAME ဆေးဝါးစက်ရုံလေ့လာရေးခရီး နှင့် ကန်တော်ကြီး မျှော်စင်ကျွန်း
မြန်မာ့လက်မှုအနုပညာပြပွဲတွင် ဆရာကြီးနဲ့ တွေ့ဆုံခြင်းအမှတ်တရ

လရိပ်လေး (မောင်းမကန်)
26.2.2016
http://layeiklay.blogspot.com

***ဆရာကြီး တက္ကသိုလ်ဘုန်းကြွယ်နဲ့ အမှတ်တရ***

စာပေလောကကို စတင်ဖြစ်ဖို့ ခွန်အားတွေပေးပြီး
သမီးလို ချစ်ခင်ပေးခဲ့သော နိုင်ငံကျော်
စာရေးဆရာကြီး တက္ကသိုလ် ဘုန်းကြွယ်နဲ့
အမေရိကားမှ ခေတ္တမြန်မာပြည်ပြန်လာစဉ်
ညချမ်းလှလှ အမှတ်တရ

လရိပ်လေး (မောင်းမကန်)
23.2.2016
http://layeiklay.blogspot.com


စီးပွားရေးနည်းပညာ သင်တန်း နည်းပြများနဲ့ training အပြီး
FAME ဆေးဝါးစက်ရုံလေ့လာရေးခရီး နှင့် ကန်တော်ကြီး မျှော်စင်ကျွန်း
မြန်မာ့လက်မှုအနုပညာပြပွဲတွင် ဆရာကြီးနဲ့ တွေ့ဆုံခြင်းအမှတ်တရ

လရိပ်လေး (မောင်းမကန်)
26.2.2016
http://layeiklay.blogspot.com


*** စစ်မှန်ခြင်း***

ရင်ဘတ်နှင့်ချစ် ဘဝနှစ်လျက်
စိတ်သစ်ခြုံလွှမ်း ဘဝလမ်းဝယ်
ရည်မှန်းရာသို့ လျှောက်လှမ်းဖို့တွက်
တွဲလို့ကူကာ ခေါ်ခဲ့ပါသည်။


စိတ်အစဉ်နွမ်း ကိုယ်ပင်ပန်းလည်း
လန်းဆန်းတက်ကြွ သူတို့လှကြောင့်
ပျော်ရနေ့စဉ် တိုးလို့ခင်၍
ကြင်နာမေတ္တာ တိုးပွားလာလျက်
ပြန်မှာကိုပင် စိုးမိသည်။

မတတ်သာစွာ ခွဲခွာပါလည်း
မေတ္တာခြွေချ တွေ့ကြုံမျှ၍
ဘဝလေးတွေ တောက်ပစေရေး
လှေကားထစ်နှယ် နင်းတက်လွယ်ဖို့
ရည်ရွယ်လျက်သာ သိပညာကို
ကြုံလာတိုင်းမှာ ပေးရပါစေ
မေတ္တာပန်းဝေ တောင်းဆုခြွေ။

လရိပ်လေး( မောင်းမကန်)
18.2.2016
http://layeiklay.blogspot.com/

***သတင်း***

- အမှန်တရား ကိုမြင်သာစေသည်။
- ပြင်ဆင်ရန် လိုအပ်ချက်ကို သိစေသည်။
- အချက်အလက်များကို တည်ဆောက်ရန်
အထောက်အကူဖြစ်စေသည်။

- ဖော်ပြခံရသူ၏ ဂုဏ်ရည်ကို အများသိသာစေသည်။
- အတုယူအားကျလိုစိတ် ဖြစ်ပေါ်သည်။

- အမှန်တရား ပျောက်ကွယ်စေသည်။
- ပြင်ဆင်ရန် မေ့လျော့စေသည်။
- ပျက်စီးစေသော အကြောင်းတရားကိုဖော်ညွှန်းတတ်သည်။
- ဖော်ပြခံရသူ၏ ဂုဏ်ရည်ကို ထိခိုက်နိမ့်ကျစေသည်။
- စက်ဆုပ်ဖွယ်ဖြစ်တတ်သည်။

အဘယ်သို့သော သတင်းမျိုးကို
ပေးပို့မည်ဆိုသည်ကားမိမိ၏ဆုံးဖြတ်ချက်၊
စိတ်ထားအမြင်နှင့်သာသက်ဆိုင်သည်။

လရိပ်လေး (မောင်းမကန်)
15.2.2016
http://layeiklay.blogspot.com/

***အဆိပ်သင့်ပန်း***

- မျက်ကန်းတစ်ယောက်
ပန်းအလှကို မမြင်သလို
- ရူးမိုက်စွာချစ်တတ်သူသည်
ချစ်သူ၏အမုန်းကိုမမြင်။


- အနာဂတ်သည် အချစ်ဆိပ်ကြောင့်
ပျောက်လုလုဖြစ်နေသော်လည်း
အချစ်ကိုတက်မက်နေမိသေးသည်။

- အတိတ်ကို ပြန်တွေးရင်း
လွမ်းပန်းတွေက
နှလုံးသားမှာ ဖူးပွင့်နေသေးသည်။

- သူ၏အချစ်သည် ကျွန်မနှလုံးသားအား
စက္ကန့်တိုင်း အဆိပ်ရည်လောင်းနေသည့် တမန်တော်ဖြစ်နေလည်း
ကျွန်မ သူ့ကို တမ်းတနေမိအုံးမည်။

လရိပ်လေး (မောင်းမကန်)
14.2.2016
http://layeiklay.blogspot.com/

***ပြစ်ကင်းစင်က စိတ်အဆင်းလှ***


မျက်နှာအဆင်း
ချိုကာလင်းလည်း
စိတ်တွင်းကောက်ကျစ် သူရှိသည်။

စကားချိုချို
ဟန်ဆောင်ဆိုလည်း
မနာလိုစိတ်ထား သူရှိသည်။

အများတွက်တာ
လုပ်တာပါဟု
မော်ကာဝင့်ကြွား
ပြောသော်ငြားလည်း
လိမ်ညာလှည့်စားသူ ရှိသည်။

ထိုသို့ခြင်းရာ
တွေ့ခဲ့ပါမူ
စိတ်မှာမှတ်ထား
မေတ္တာပွား၍
ငါကားပြင်ဆင်
လုပ်လျင်ကား
စိတ်ထားဖြူသူ ဖြစ်လိမ့်မည်။

လရိပ်လေး (မောင်းမကန်)
12.2.2016
http://layeiklay.blogspot.com/

***ဌာနေဆီ***


အဖေမေဆန္ဒ ပိုပြည့်ဝဖို့
ဝေမျှပညာ ကြံပြုကာဖြင့်
နေရာမရွေး ကူညီပေးလျက်
ဆွေးနွေးရတာ ပျော်ရွှင်ပါသည်။

သို့ပါသော်လည်း
ဖေမေကိုလွမ်း ရင်မှာနွမ်း၍
ပင်ပန်းစိတ်တွေ ဖိစီးလေလျက်
ဌာနေကိုသာ ပြန်ချင်သည်။

လရိပ်လေး (မောင်းမကန်)
11.2.2016
http://layeiklay.blogspot.com/

***တံလျှပ် ***

*** အစစ်အမှန်ကိုရှာရင်း
အမှားနွံထဲ နှစ်သထက်နှစ်လာသည်။

*** နားခိုရာမဲ့နှလုံးသားတစ်စုံသည်လည်း
လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ပြီ။

*** ဆာလောင်မွတ်သိပ်ခြင်းများက
လူ၏စရိုက်ကို ဖျက်ဆီးလိုက်လေပြီ။

လရိပ်လေး (မောင်းမကန်)
26.1.2016
http://layeiklay.blogspot.com/