Pages

Tuesday, March 1, 2016

***ပြစ်ကင်းစင်က စိတ်အဆင်းလှ***


မျက်နှာအဆင်း
ချိုကာလင်းလည်း
စိတ်တွင်းကောက်ကျစ် သူရှိသည်။

စကားချိုချို
ဟန်ဆောင်ဆိုလည်း
မနာလိုစိတ်ထား သူရှိသည်။

အများတွက်တာ
လုပ်တာပါဟု
မော်ကာဝင့်ကြွား
ပြောသော်ငြားလည်း
လိမ်ညာလှည့်စားသူ ရှိသည်။

ထိုသို့ခြင်းရာ
တွေ့ခဲ့ပါမူ
စိတ်မှာမှတ်ထား
မေတ္တာပွား၍
ငါကားပြင်ဆင်
လုပ်လျင်ကား
စိတ်ထားဖြူသူ ဖြစ်လိမ့်မည်။

လရိပ်လေး (မောင်းမကန်)
12.2.2016
http://layeiklay.blogspot.com/

No comments:

Post a Comment