Pages

Tuesday, March 1, 2016

*** စစ်မှန်ခြင်း***

ရင်ဘတ်နှင့်ချစ် ဘဝနှစ်လျက်
စိတ်သစ်ခြုံလွှမ်း ဘဝလမ်းဝယ်
ရည်မှန်းရာသို့ လျှောက်လှမ်းဖို့တွက်
တွဲလို့ကူကာ ခေါ်ခဲ့ပါသည်။


စိတ်အစဉ်နွမ်း ကိုယ်ပင်ပန်းလည်း
လန်းဆန်းတက်ကြွ သူတို့လှကြောင့်
ပျော်ရနေ့စဉ် တိုးလို့ခင်၍
ကြင်နာမေတ္တာ တိုးပွားလာလျက်
ပြန်မှာကိုပင် စိုးမိသည်။

မတတ်သာစွာ ခွဲခွာပါလည်း
မေတ္တာခြွေချ တွေ့ကြုံမျှ၍
ဘဝလေးတွေ တောက်ပစေရေး
လှေကားထစ်နှယ် နင်းတက်လွယ်ဖို့
ရည်ရွယ်လျက်သာ သိပညာကို
ကြုံလာတိုင်းမှာ ပေးရပါစေ
မေတ္တာပန်းဝေ တောင်းဆုခြွေ။

လရိပ်လေး( မောင်းမကန်)
18.2.2016
http://layeiklay.blogspot.com/

No comments:

Post a Comment