Pages

Tuesday, March 1, 2016

***မဖြေသာ အလွမ်း***

ချစ်စရာမူ ထွေးပွေ့ယူ၍
လူ၏တန်ဖိုး ချစ်မြတ်နိုးလျက်
ဆတိုးပညာ သင်ယူကာဖြင့်
မေတ္တာစစ်တွေ ပေးခဲ့လေသည့်
ရေမြေခြားမှ နည်းပြများအား
လွမ်းအားရယ်စွေ ကျမျက်ရည်။


တစ်လတာတွင်း အချင်းချင်းတွေ
စိတ်ရင်းဖြူစင် ထွေးပွေ့ကြင်၍
သင်ယူလေ့လာ ပညာရှာလျက်
ရပ်ရွာကောင်းကျိုး တူသယ်ပိုးဖို့
အားကိုးလောက်စွာ တော်ကြပါသည့်
ဆရာများအား ကိုယ့်ကိုယ်ပွားနှယ်
စိတ်အားတက်စွာ ဂုဏ်ယူပါသည်။

ချစ်ခြင်းဂုဏ်အင် တွယ်ရစ်ချင်လည်း
မခင်သာဘဝ ကြုံလာရတော့
ချစ်စကိုဖြေ လွမ်းရစ်လေပြီ
နွမ်းကြေသဲအူ စိတ်ထဲပူလျက်
ကူသူမဲ့လွမ်း ရင်ဝယ်ကျွမ်းသမို့
လွမ်းဖြေဆေးလေး ရချင်သည်။

လရိပ်လေး (မောင်းမကန်)
1.3.2016
http://layeiklay.blogspot.com/

No comments:

Post a Comment