Pages

Monday, May 30, 2016

***လွမ်းမောမဆုံးသည် ဤမြို့ဆီ***


ပူလောင်သောက ဖြစ်သမျှတွေ
အေးမြစေကာ သာယာပါသည့်
ချစ်စရာဒေသ တောင်ပေါ်အလှမှ
ခဏခွဲခွာ ပြန်ခဲ့ပါပြီ
လွမ်းမောမဆုံးသည် ဤမြို့ဆီ။

လရိပ်လေး (မောင်းမကန်)
30.5.2016
http://layeiklay.blogspot.com

*** အောင်ပန်းမြို့***

ရှမ်းပြည်နယ် အောင်ပန်းမြို့
လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးနေ့ အခမ်းအနားအတွက်
စီးပွားလုပ်ငန်းရှင်နဲ့ သွားရောက်တွေ့ဆုံရင်း
အမှတ်တရ

လရိပ်လေး (မောင်းမကန်)
28.5.2016
http://layeiklay.blogspot.com



***ပင်းတယမြို့ အမှတ်တရ***


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ပင်းတယမြို့သို့ အလည်သွားရင်း
အမှတ်တရ များစွာ

လရိပ်လေး (မောင်းမကန်)
27.5.2016
http://layeiklay.blogspot.com


****မိတ်ဆွေ*****


ကလောလှမြေ စိမ်းလို့နေလည်း
မိတ်ဆွေကောင်းများ ဖြူစိတ်ထားကြောင့်
အားရရွှင်မြူး စိတ်ကြည်နူးလျက်
အလှထူးကို ခံစားခွင့်လေးရခဲ့သည်။


ခရီးတစ်ခုဝယ် ငွေပေါကြွယ်လည်း
မိတ်ရယ်မရှိ လူမသိက
ပျင်းရိဖွယ်သာ ရှိတော့သည်။

ခရီးတစ်ခုဝယ် ငွေပေါကြွယ်လျက်
မိတ်ရယ်တွေ့ကြုံ ပေါင်းသင်းစုံက
ကြုံဆုံခဏ ပျော်ရွှင်ရ၍
ဘဝလှကို ဖန်တီးခွင့်လေး ရနိုင်သည်။

လရိပ်လေး (မောင်းမကန်)
27.5.2016
http://layeiklay.blogspot.com

***ကလောမြို့ နှင့် မြင်းမထိသဘာဝလိုဏ်ဂူတော်****

ကလောက သူငယ်ချင်းက
စိတ်ရှည်သည်းခံပြီး လိုက်ပို့ပေးခဲ့တဲ့
ကလောမြို့ နှင့် မြင်းမထိသဘာဝလိုဏ်ဂူတော်
အမှတ်တရ

လရိပ်လေး (မောင်းမကန်)
26.5.2016
http://layeiklay.blogspot.com

***သစ္စာ***


ရာထူးအာဏာ ဂုဏ်ရှိန်ဝါသည်
မတ္တာကိုဖျက် သစ္စာပျက်၍
မိတ်ဖက်ကိုလည်း မုန်းစေသည်။

ရာထူးအာဏာ ဂုဏ်ရှိန်ဝါသည်
မေတ္တာရေစက် သစ္စာဖက်၍
မိတ်ဖက်များအား ကိုယ်သွေးသားနှယ်
တရားမျှစွာ ကျင့်သုံးပါမူ
ကြင်နာပွား၍ နွေးစေသည်။

ကျွန်ုပ်သည် ရာထူးအာဏာ
မမက်ပါပဲ ဖေးကူလက်တွဲ
မေတ္တာကဲလျက် အများတွက်တာ
နေ့ရက်များစွာ ဖြတ်ခဲ့ပါ၏။

ဤမှန်စကား သစ္စာတရားကြောင့်
ငယ်သားများစွာ မနစ်နာပဲ
ကျရာနေရာ ဌာနေမှာပင်
မေတ္တာတရား အကျိုးများကို
ခံစားခွင့်များ ရကြပါစေ
အဝေးမှနေ တောင်းဆုခြွေသည်
စိတ်တွေငြိမ်းလို့ အေးပါစေ။

နောင်သောချိန်ခါ ဆုံခဲ့ပါမူ
မေတ္တာရေအေး စဉ်မြဲပေး၍
ရှေ့ရေးဖြာဖြာ ပံ့ပိုးကာဖြင့်
ကောင်းရာညွှန်သူ ဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
25.5.2016
http://layeiklay.blogspot.com

***ဖြေသိမ့်လိုက်***


ကျန်ခဲ့သူမဖြစ်ဖို့
ချန်ထားရဲရမယ်။

လွမ်းတတ်သူမဖြစ်ဖို့
ဖြေသိမ့်တတ်ရမယ်။

စွန့်စားမှုအတွက်
စွန့်လွှတ်ရဲရမယ်။

အသေမြတ်ဖို့
အနေတတ်ရမယ်။

ဘဝခရီးသမိုင်းလှဖို့
လူသားဆန်ရမယ်။

လရိပ်လေး (မောင်းမကန်)
22.5.2016
http://layeiklay.blogspot.com

*****ရှေ့သို့*****


ပိတ်လှောင်နေသည့် အမှောင်မှ
အလင်းရောင်ကို မြင်ချင်လျှင်
ရုန်းထွက်ရန် ခွန်းအားလိုသည်။

ကြောက်ရွံ့စိတ်ဖြင့် တွယ်ငြိနေလျှင်
အခွင့်အလမ်းများသည် မိမိအား
ကျောခိုင်းသွားပါလိမ့်မည်။

မိမိရည်မှန်းချက်သို့သွားရာတွင်
လမ်းကြောင်းများစွာရှိသည်။

မိမိ၏ရွေးချယ်နိုင်မှုနှင့်ဖန်တီးနိုင်စွမ်းက
မှန်ကန်ဖို့ အထောက်အကူပေးလိမ့်မည်။

စိတ်ခွန်အား၊ ဉာဏ်ပညာ၊ ဝီရိယတို့သာ
ရှိနေပါမူ လူတစ်ယောက်သည်
ဘယ်တော့မှ ကျရှုံးမည်မဟုတ်။

လရိပ်လေး (မောင်းမကန်)
21.5.2016
http://layeiklay.blogspot.com

Saturday, May 14, 2016

***ဘဝလမ်း***


တစ်နေ့ထက်တစ်နေ့ လူပီသဖို့
ဟန်ဆောင်ခြင်းကို ဖက်တွယ်နေမိ။

နာသာခံခက် စကားလုံးတွေက
ရင်ကိုဆောင့်ကန်လည်း
ရှိုက်သံတောင် မထွက်ရဲခဲ့။

ဘဝကခါးလွန်းတဲ့
အဆိပ်တစ်ခွက်ဆိုရင်တောင်
ရဲရဲကြီးသောက်ဖို့ အင်အားတော့
ကျန်နေသေးတယ်။

လရိပ်လေး(မောင်းမကန်)
9.5.2016
http://layeiklay.blogspot.com/