Pages

Monday, May 30, 2016

***သစ္စာ***


ရာထူးအာဏာ ဂုဏ်ရှိန်ဝါသည်
မတ္တာကိုဖျက် သစ္စာပျက်၍
မိတ်ဖက်ကိုလည်း မုန်းစေသည်။

ရာထူးအာဏာ ဂုဏ်ရှိန်ဝါသည်
မေတ္တာရေစက် သစ္စာဖက်၍
မိတ်ဖက်များအား ကိုယ်သွေးသားနှယ်
တရားမျှစွာ ကျင့်သုံးပါမူ
ကြင်နာပွား၍ နွေးစေသည်။

ကျွန်ုပ်သည် ရာထူးအာဏာ
မမက်ပါပဲ ဖေးကူလက်တွဲ
မေတ္တာကဲလျက် အများတွက်တာ
နေ့ရက်များစွာ ဖြတ်ခဲ့ပါ၏။

ဤမှန်စကား သစ္စာတရားကြောင့်
ငယ်သားများစွာ မနစ်နာပဲ
ကျရာနေရာ ဌာနေမှာပင်
မေတ္တာတရား အကျိုးများကို
ခံစားခွင့်များ ရကြပါစေ
အဝေးမှနေ တောင်းဆုခြွေသည်
စိတ်တွေငြိမ်းလို့ အေးပါစေ။

နောင်သောချိန်ခါ ဆုံခဲ့ပါမူ
မေတ္တာရေအေး စဉ်မြဲပေး၍
ရှေ့ရေးဖြာဖြာ ပံ့ပိုးကာဖြင့်
ကောင်းရာညွှန်သူ ဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
25.5.2016
http://layeiklay.blogspot.com

No comments:

Post a Comment