Pages

Monday, May 30, 2016

****မိတ်ဆွေ*****


ကလောလှမြေ စိမ်းလို့နေလည်း
မိတ်ဆွေကောင်းများ ဖြူစိတ်ထားကြောင့်
အားရရွှင်မြူး စိတ်ကြည်နူးလျက်
အလှထူးကို ခံစားခွင့်လေးရခဲ့သည်။


ခရီးတစ်ခုဝယ် ငွေပေါကြွယ်လည်း
မိတ်ရယ်မရှိ လူမသိက
ပျင်းရိဖွယ်သာ ရှိတော့သည်။

ခရီးတစ်ခုဝယ် ငွေပေါကြွယ်လျက်
မိတ်ရယ်တွေ့ကြုံ ပေါင်းသင်းစုံက
ကြုံဆုံခဏ ပျော်ရွှင်ရ၍
ဘဝလှကို ဖန်တီးခွင့်လေး ရနိုင်သည်။

လရိပ်လေး (မောင်းမကန်)
27.5.2016
http://layeiklay.blogspot.com

No comments:

Post a Comment