Pages

Monday, December 21, 2015

***စစ်မှန်သော ခင်မင်မှု***

စစ်မှန်သော ခင်မင်မှုသည်
အချိန်ကာလကို မေ့လျော့စေသည်။

လရိပ်လေး (မောင်းမကန်)
19.12.2015
http://layeiklay.blogspot.com/

***သုံးသပ်ခြင်း၏ အစ***

•••••ကိုယ်တိုင်၏ အတ္တများကို ပုံဖော်ရင်း
ဘဝသည် ငြိမ်းချမ်းမှုနှင့် ပိုပိုဝေးလာသည်။

•••••အတ္တကို ဖြည့်ဆည်းရန် လောဘအား
ဖက်တွယ်မိပြန်သည်။

•••••အဖြေထုတ်ကြည့်သည့်အခါ ဘာကြောင့်ဘယ်သူ့အတွက်ဆိုသော ရှင်းချက်များသည် ဒုက္ခကိုကိုယ်တိုင် လက်ခံနေခြင်းဖြစ်သည်။

•••••မိမိအတွက် ပံ့ပိုးပေးနိုင်သည့် အမှန်တရားသည်ကား ဒါန၊ သီလ၊ ဘာဝနာပွား၍ တရားအားထုတ်ခြင်းသာဖြစ်နိုင်သည်ကို တဒင်္ဂ သုံးသပ်မိသည်။

လရိပ်လေး (မောင်းမကန်)
19.12.2015
http://layeiklay.blogspot.com/

***မုဒုံမြို့ ဝင်းစိန်တောရ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရား***

  
မုဒုံမြို့ ဝင်းစိန်တောရ
ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရား
ဆရာတော်ရဲ့ရုပ်ကလပ်တော်ကိုဖူးပြီး
အပြေးအလွှား အမှတ်တရ

လရိပ်လေး (မောင်းမကန်)
19.12.2015
http://layeiklay.blogspot.com/

Monday, December 14, 2015

***စစ်မှန်သော နိယာမ***


ဖူးပွင့်ပန်းများ
လှပငြား
ကြွေသွားနောက်ဆုံး နွမ်းရသည်။

ကား၊လှေ၊ရထား
စီးကာသွား
ဂိတ်များဆုံးက ဆင်းရသည်။

မွေးဖွားလူသား
ကြီးပြင်းငြား
ဆုံးကား သေခြင်းဖြစ်ရသည်။

လရိပ်လေး (မောင်းမကန်)
11.12.2015
http://layeiklay.blogspot.com/

***ကဗျာမဆန်သော မြို့***


သူ့ရင်ခွင် သူ့အရိပ်ကို
ခိုလှုံခွင့်ရဖို့ ခံစားချက်တွေ
သိုသိပ်ထားခဲ့တယ်။
သူမေတ္တာရဖို့ လူတစ်ချို့ကို
ဥပေက္ခာပြုရဲခဲ့တယ်။

သူ့နဲ့ထာဝရလက်တွဲဖို့
သဘာဝ လှပမှုတွေကို
ချန်ထားခဲ့ရတယ်။

သူနဲ့အတူရှိနေရင်
ဘဝရဲ့အရသာ ချိုမြိန်လိမ့်မယ်လို့
ယုံကြည်ပြီး ဘဝတစ်ခုလုံးရင်းလိုက်မိတယ်။

ဒါပေမဲ့ သူရက်စက်တယ်
ခရီးနှောင့်နှေးစေတယ်။
ပူလောင်မှုတွေပေးတယ်။
မသမာမှုတွေ မြင်စေတယ်။
ရိုးသားမှုတွေ ကွယ်ပျောက်နေတယ်။
သူ့အချစ်က ပိုပိုပူလောင်လာတယ်။

သူ့ကိုထားခဲ့ဖို့
နှလုံးသားနဲ့ ရင်းရတော့မယ်။
သူနဲ့ပတ်သက်တဲ့ အောင်မြင်မှု
တိုးတက်မှု၊ စွဲလမ်းမှုကို ဖယ်ခွာရမယ်။
တစ်နေ့တစ်ခြား စိတ်ကုန်လာမိတယ်
မိရန်ကုန်ရယ်။

မှတ်ချက်။ ။ကားတွေအရမ်းကြပ်လွန်းလို့ စိတ်ညစ်ရင်း
ကဗျာတစ်ပုစ်ခံစားရေးမိသည်။

လရိပ်လေး (မောင်းမကန်)
10.12.2015
http://layeiklay.blogspot.com/

***ဆောင်းနေ့ရက်***

နှင်းမှုံဖြာလျက်
ဆောင်းနေ့ရက်
အေးစက်လေမြူး
စိတ်ကြည်နူး။

လရိပ်လေး (မောင်းမကန်)
10.12.2015
http://layeiklay.blogspot.com/

***ကိုယ်ချင်းစာတရား***

ကဗျာလှဖို့ အရေးအသားနဲ့ ခံစားချက်က အရေးကြီးသလို
လူတစ်ယောက်ရဲ့ ဘဝလှပပြည့်စုံဖို့ စိတ်ထားနဲ့
ကိုယ်ချင်းစာတရားက ပိုအရေးကြီးတယ်။

လရိပ်လေး (မောင်းမကန်)
9.12.2015
http://layeiklay.blogspot.com/

***ကိုယ်ချင်းစာလော့***

စစ်မှန်မေတ္တာ ရလိုပါက
လိမ်ညာရှောင်ရှား ကတိထားလျက်
စိတ်ထားဖြူစင် ကောင်းကျိုးယှဉ်၍
ရှုမြင်တွေးကာ ကိုယ်ချင်းစာလော့။

လရိပ်လေး (မောင်းမကန်)
8.12.2015
http://layeiklay.blogspot.com/

***ရင်နွမ်းစေသည့် ဆောင်း***

ဆောင်းအဝင်စ နှင်းမကျပဲ
ရသမပီ ဒီရာသီဝယ်
တိတ်ဆီကိုလွမ်း ရင်မှာနွမ်းသည်။

ဆောင်းလေပြေကြား သူ့လက်များဖြင့်
ထွေးထားလို့သာ တူလျှောက်ပါသည့်
ဆောင်းရာသီလေး ပြန်ကာတွေးလျက်
အဝေးဆီဝယ် ငေးရန်ရွယ်လည်း
နှင်းရယ်မအေး လေမသွေးတော့
ဆွေးမြေ့နွမ်းလျ ရင်မောရသည်။

သူသာနားမှာ ရှိနေပါမူ
ရာသီမအေး နှင်းမဖွေးလည်း
ချစ်သွေးဖြာယှက် တူစုံဖက်၍
ဖြန်းပက်အနမ်း ချစ်ရည်သမ်းလျက်
လွမ်းရိပ်လေးတော့ ပြေလျော့မည်။

လေပြေမအေး ချစ်လည်းဝေးသည့်
လွမ်းရေးသာငင် ဆောင်းအဝင်ဝယ်
ရင်အစုံနွမ်း သူလာလမ်းကို
ရော်ရမ်းလျက်သာ နေတော့မည်။

လရိပ်လေး (မောင်းမကန်)
4.12.2015
http://layeiklay.blogspot.com/

***သြစတေးလျမှ အပြန်***


Sydney Australia airport
waiting to come back
Yangon Myanmar .
 
Australia နိုင်ငံ Sydney မြို့ Sydney တက္ကသိုလ် မှာ
ကျင်းပတဲ့စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
( Empowering Women and People with Disabilities
through Entrepreneurship Education )တက်ရောက်ပြီးလို့
***သြစတေးလျမှ အပြန်*** ပေါ့

လရိပ်လေး(မောင်းမကန်)
29.11.2015
http://layeiklay.blogspot.com/

***လေ့လာရေး***

 Business school of sydney

  
  
 Sydney Opera House

 
Australia နိုင်ငံ Sydney မြို့ Sydney တက္ကသိုလ် မှာ
ကျင်းပတဲ့စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
( Empowering Women and People with Disabilities
through Entrepreneurship Education ) အပြီးမှာ
လေ့လာရေး ထွက်တယ်ပေါ့

လရိပ်လေး(မောင်းမကန်)
28.11.2015
http://layeiklay.blogspot.com/

Thursday, November 26, 2015

***ဈေးဝယ်ထွက်***

 
Australia နိုင်ငံ Sydney မြို့ Sydney တက္ကသိုလ် မှာ
ကျင်းပတဲ့စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
( Empowering Women and People with Disabilities
through Entrepreneurship Education ) အပြီးမှာ
ဒီနေ့ ဈေးဝယ်ထွက်တယ်ပေါ့

လရိပ်လေး(မောင်းမကန်)
27.11.2015
http://layeiklay.blogspot.com/

***မျှဝေခံစား သင်ရိုးများ***

စွန့်ဦးတီထွင် စီးပွာရေးနည်းပညာသင်ရိုး သင်ကြားခဲ့တဲ
အတွေ့အကြုံတွေကို
( Empowering Women and People with Disabilities
through Entrepreneurship Education ) ပွဲမှာ
ဗီယက်နမ်၊မြန်မာ၊ အင်ဒိုနီးရှား သုံးနိုင်ငံမှ
လာရောက်ဆွေးနွေးသူ ပညာရှင်များအား ပြန်လည်မျှဝေ
ဖြေကြားပေးခဲ့စဉ် ကျွန်မတို့ရဲ့ ဆရာမနဲ့အတူအမှတ်တရ
လရိပ်လေး(မောင်းမကန်)
26.11.2015
http://layeiklay.blogspot.com/

***လေ့လာရေး ခရီးအမှတ်တရ***

 
Australia နိုင်ငံ Sydney မြို့ Sydney တက္ကသိုလ် မှာ
ကျင်းပတဲ့စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
( Empowering Women and People with Disabilities
through Entrepreneurship Education ) အပြီးမှာ
လေ့လာရေးတွေလဲ သွားခဲ့ပါသေးတယ်။

လရိပ်လေး(မောင်းမကန်)
26.11.2015
http://layeiklay.blogspot.com/



Wednesday, November 25, 2015

***မမေ့နိုင်သော အမှတ်တရ ခရီးစဉ်***

တန်ဖိုးမဖြတ်နိုင်သော ပညာတွေပေးခဲ့သော ဆရာ့ကျေးဇူးကို
တစ်သက်တာအမှတ်တရ ကန်တော့ရင်း
ငယ်စဉ်ကအစဘဝတစ်လျှောက်လုံး
သင်ကြားပြသပေးခဲ့ကြသော ဆရာများအားလုံးကို
စိတ်မှန်းရည်စူး ပြီး ကန်တော့ ဖြစ်ခဲ့ကြတယ်ရှင်။

ကျွန်မ၏ ဆရာ၊ ဆရာမများ အားလုံးကို 

ကြည်နူးစွာကျေးဇူးတင်နေမိတယ်။ 


  
မြန်မာ့ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ပုံကို
အထူးလေးစားကြောင်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း
တခြားနိုင်ငံသူ/သား တွေဆီက ပြန်လည်ပြောလာကြတာမို့
ကျွန်မတို့ အတွက် မမေ့နိုင်သောအမှတ်တရ ခရီးစဉ်ပါ။
 
မြန်မာဝတ်စုံ လွမ်းရစ်ခြုံလျက်
စုပြုံလှပ သဘာဝကျ
ဒီနေ့ စိီးပွားရေးနည်းပညာသင်ရိုးကို
မြန်မာပြည်မှာ သင်ကြားမှုပုံစံအကြောင်း 
Speaker အနေနဲ့ မျှဝေပေးလို့ 
Sydney University မှ 
ဆရာရစ်ချက် (Dr Richard) ကိုယ်တိုင် 
လက်ဆောင်ပေးခဲ့တဲ့ အမှတ်တရ

လရိပ်လေး(မောင်းမကန်)
25.11.2015
http://layeiklay.blogspot.com/

စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
Empowering Women and People with Disabilities
through Entrepreneurship Education
Australia နိုင်ငံ Sydney မြို့
Sydney တက္ကသိုလ် 

Monday, November 23, 2015

***စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ***


Empowering Women and People with Disabilities
through Entrepreneurship Education. ဆွေးနွေးပွဲမှာ
ဆရာရစ်ချက် (Dr Richard) နဲ့အတူ
ဗီယက်နမ်၊ အင်ဒိုနီးရှား ၊ မြန်မာသုံးနိုင်ငံ အကြား
စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးကို
မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သင်ပြခွင့်ရခဲ့တာ
အရမ်းဂုဏ်ယူမိတယ်။

သုံးနိုင်ငံမှာ မြန်မာတစ်နိုင်ငံတည်းပဲ
သင်ရိုးကို စတင်သင်ကြားခဲ့ပြီး
စီမံကိန်းစခဲ့နိုင်တာမို့လို့
မြန်မာနည်းပြတွေကိုယ်စား
အရမ်းပျော်မိတယ်။
ကျွန်မတို့ EDNA MM နည်းပြတွေ အားလုံးကို သတိရတယ်။

လရိပ်လေး(မောင်းမကန်)
24.11.2015
http://layeiklay.blogspot.com/


စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
Empowering Women and People with Disabilities
through Entrepreneurship Education
Australia နိုင်ငံ Sydney မြို့
Sydney တက္ကသိုလ်

*** သြစတေးလျမြေ***

နေ့ညကွာခြား ချိန်ခါများနှင့်
ထူးခြားလှစွာ တည်ငြိမ်ပါသည့်
သာယာစိုပြေ သြစတေးလျမြေ။

လရိပ်လေး(မောင်းမကန်)
24.11.2015
http://layeiklay.blogspot.com/


စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
Empowering Women and People with Disabilities
through Entrepreneurship Education
Australia နိုင်ငံ Sydney မြို့
Sydney တက္ကသိုလ်

***သြစတေးလျနိုင်ငံ ဆွေးနွေးပွဲ ပထမရက်***

စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ သင်ရိုးအကြောင်း ဆွေးနွေးပွဲ
သြစတေးလျနိုင်ငံမှာ ဦးဆောင်တဲ့ Dr, Richard ရယ်
မြန်မာတွေနဲ့အမှတ်တရ ပထမရက်

လရိပ်လေး (မောင်းမကန်)
23.11.2015
http://layeiklay.blogspot.com/

Sunday, November 22, 2015

***Australia နိုင်ငံ Sydney မြို့***

Australia နိုင်ငံ Sydney မြို့ရဲ့အလှတရားများအကြား

လရိပ်လေး (မောင်းမကန်)
22.11.2015
http://layeiklay.blogspot.com/

Saturday, November 21, 2015

***သြစတေးလျသို့***

သြစတေးလျသွားဖို့ လေဆိပ်ရာက်ပြီ သူငယ်ချင်းတို့ရေ

 လေယာဉ်ပေါ်မှာပေါ့
မလေးရှား လေဆိပ်ရောက်ပြီ

လရိပ်လေး (မောင်းမကန်)
21.11.2015
http://layeiklay.blogspot.com/