Pages

Monday, December 14, 2015

***ရင်နွမ်းစေသည့် ဆောင်း***

ဆောင်းအဝင်စ နှင်းမကျပဲ
ရသမပီ ဒီရာသီဝယ်
တိတ်ဆီကိုလွမ်း ရင်မှာနွမ်းသည်။

ဆောင်းလေပြေကြား သူ့လက်များဖြင့်
ထွေးထားလို့သာ တူလျှောက်ပါသည့်
ဆောင်းရာသီလေး ပြန်ကာတွေးလျက်
အဝေးဆီဝယ် ငေးရန်ရွယ်လည်း
နှင်းရယ်မအေး လေမသွေးတော့
ဆွေးမြေ့နွမ်းလျ ရင်မောရသည်။

သူသာနားမှာ ရှိနေပါမူ
ရာသီမအေး နှင်းမဖွေးလည်း
ချစ်သွေးဖြာယှက် တူစုံဖက်၍
ဖြန်းပက်အနမ်း ချစ်ရည်သမ်းလျက်
လွမ်းရိပ်လေးတော့ ပြေလျော့မည်။

လေပြေမအေး ချစ်လည်းဝေးသည့်
လွမ်းရေးသာငင် ဆောင်းအဝင်ဝယ်
ရင်အစုံနွမ်း သူလာလမ်းကို
ရော်ရမ်းလျက်သာ နေတော့မည်။

လရိပ်လေး (မောင်းမကန်)
4.12.2015
http://layeiklay.blogspot.com/

No comments:

Post a Comment