Pages

Sunday, June 12, 2016

*****ချစ်စကားမှသည် လွမ်းရိပ်ဆီ*****


ရင်မှပေါက်ဖွား ချစ်စကားကြောင့်
စိတ်အားတက်ကြွခဲ့ဖူးသည်။

ရင်မှပေါက်ဖွား ချစ်စကားကြောင့်
စိတ်အားငယ်ခဲ့ဖူးပါသည်။

ရင်မှပေါက်ဖွား ချစ်စကားကြောင့်
လွမ်းအားများလည်း ပိုခဲ့သည်။

ထိုသို့ချစ်စကား ဒုက္ခများလည်း
နှလုံးသားအား ပေးခဲ့သည်။

ချစ်စကားနွမ်း အမုန်းလွှမ်းတော့
ချစ်ခန်းလျက်ပင် လွမ်းရသည်။

လရိပ်လေး (မောင်းမကန်)
10.6.2016
http://layeiklay.blogspot.com

****ကျွန်မနှင့် မိုးရာသီ****


တရိပ်ရိပ်မဲမှောင်နေသည့်ကြားမှ
တစိမ့်စိမ့်ရွာလာသည့် မိုးစက်များအား မော့ကြည့်ရင်း
အးစက်သည့်နှလုံးသားပိုင်ရှင်
တစ်စုံတစ်ယောက်အား လွမ်းမိလာသည်။


ဤသည်ကား အတိတ်ကို တမ်းတခြင်းလား၊
သူ့ကို ကျွန်မအနား ရောက်လာစေချင်တာလား
ဝေခွဲ၍မရနိုင်။
ဖုန်းကလေးကို နှိပ်ကာ
သူ၏အမည်ကို ခေါ်မိသည်။
.
....ဆက်သွယ်မှုဧရိယာပြင်ပတဲ့.....
ရင်ထဲက စကားလုံးကို
လေလှိုင်းထဲချန်ထားလိုက်သည်။
***အရမ်းလွမ်းနေမိတယ်ချစ်သူရယ်***
သူ့အားကြားစေချင်ခဲ့သည်။

လရိပ်လေး( မောင်းမကန်)
၈.၆.၂၀၁၆
http://layeiklay.blogspot.com

Tuesday, June 7, 2016

*****အရိပ်*****


ဇာတ်ပို့တစ်ယောက်အနေနဲ့
အကယ်ဒမီဆုကို မမျှော်လင့်ခဲ့ပါဘူး။

အပင်ကိုပျိုးခဲ့တာ
ပန်းပွင့်စေချင်လို့ပါ။

ကုမုဒြာ ကြာပန်းအတွက်
လရောင်က လိုအပ်သလို
လူတွေအတွက် မေတ္တာလိုအပ်တယ်။

ပေးသင့်တာကို လိုလိုလားလားပေးခဲ့မိတာ
အပြစ်လို့သတ်မှတ်ရင် အဲဒီအတွက်
ကိုယ့်တရားကိုယ်စီရင်မှာပါ။

လရိပ်ဆိုတာ လူတိုင်းကိုအေးမြစေသော်လည်း
တိမ်ဖုံးတဲ့ ဒုက္ခကိုတော့ သူကိုယ်တိုင်ခံရမှာပေါ့။

အမည်ပညတ်ချက်ကမှားလား
ကံတရားကြောင့်လား မဝေခွဲနိုင်ဘူး
ကမ္ဘာကြီးလည်နေသေးရင်တော့
လပြည့်ညရောက်လာပါ။

လရိပ်လေး (မောင်းမကန်)
6.6.2016
http://layeiklay.blogspot.com

****နောက်ဆုံးဆုတောင်း****


ကျွန်မ၏ မျက်ရည်စနှင့် ရှိုက်သံတို့သည်
ကျွန်မကြည်ဖြူစွာပေးဆပ်ခဲ့သော
လူအများ၏ ကောင်းကျိုးအတွက်သာဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
2.6.2016
http://layeiklay.blogspot.com

***စွန့်လွှတ်စွန့်စား***

စွန့်စားမှုအတွက်
စွန့်လွှတ်ခဲ့ရတာ ဒုနဲ့ဒေး။

စွန့်လွှတ်မှုအတွက်လည်း
ထပ်မံစွန့်စားဖို့ ဝန်မလေး။

ဘဝဆိုတာ
ရုန်းကန်ရင်းသေဆုံးရမယ်လို့
ခံယူထားသမျှ
ပျော်ရွှင်မှုက
စက္ကန့်တိုင်းမှာ ရှိနေတယ်။

တစ်ခုကိုလိုချင်ရင်
တစ်ခုကိုစွန့်ရစမြဲ
စိန်ခေါ်မှုကိုကျော်ဖြတ်ရဲမှ
ဘဝက လူပီသမှာ။

မေတ္တာဆိုတာ
ငွေကြေးက လာတာမဟုတ်ဘူး
ရင်ထဲကလာတာ။

လရိပ်လေး (မောင်းမကန်)
1.6.2016
http://layeiklay.blogspot.com

*** အောင်မြင်ခြင်းအစစ်အမှန်***



***ငွေကြေးနှင့်ရာထူးတိုးတက်ခြင်းသည်
အောင်မြင်ခြင်း အစစ်အမှန်မဟုတ်

*** မိမိ၏ရည်ရွယ်ချက် ဆန္ဒတစ်ခုအား
ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းသည် 
အောင်မြင်ခြင်းအစစ်အမှန်ဖြစ်သည်။

လရိပ်လေး (မောင်းမကန်)
30.5.2016
http://layeiklay.blogspot.com