Pages

Sunday, June 12, 2016

****ကျွန်မနှင့် မိုးရာသီ****


တရိပ်ရိပ်မဲမှောင်နေသည့်ကြားမှ
တစိမ့်စိမ့်ရွာလာသည့် မိုးစက်များအား မော့ကြည့်ရင်း
အးစက်သည့်နှလုံးသားပိုင်ရှင်
တစ်စုံတစ်ယောက်အား လွမ်းမိလာသည်။


ဤသည်ကား အတိတ်ကို တမ်းတခြင်းလား၊
သူ့ကို ကျွန်မအနား ရောက်လာစေချင်တာလား
ဝေခွဲ၍မရနိုင်။
ဖုန်းကလေးကို နှိပ်ကာ
သူ၏အမည်ကို ခေါ်မိသည်။
.
....ဆက်သွယ်မှုဧရိယာပြင်ပတဲ့.....
ရင်ထဲက စကားလုံးကို
လေလှိုင်းထဲချန်ထားလိုက်သည်။
***အရမ်းလွမ်းနေမိတယ်ချစ်သူရယ်***
သူ့အားကြားစေချင်ခဲ့သည်။

လရိပ်လေး( မောင်းမကန်)
၈.၆.၂၀၁၆
http://layeiklay.blogspot.com

No comments:

Post a Comment