Pages

Tuesday, June 7, 2016

*****အရိပ်*****


ဇာတ်ပို့တစ်ယောက်အနေနဲ့
အကယ်ဒမီဆုကို မမျှော်လင့်ခဲ့ပါဘူး။

အပင်ကိုပျိုးခဲ့တာ
ပန်းပွင့်စေချင်လို့ပါ။

ကုမုဒြာ ကြာပန်းအတွက်
လရောင်က လိုအပ်သလို
လူတွေအတွက် မေတ္တာလိုအပ်တယ်။

ပေးသင့်တာကို လိုလိုလားလားပေးခဲ့မိတာ
အပြစ်လို့သတ်မှတ်ရင် အဲဒီအတွက်
ကိုယ့်တရားကိုယ်စီရင်မှာပါ။

လရိပ်ဆိုတာ လူတိုင်းကိုအေးမြစေသော်လည်း
တိမ်ဖုံးတဲ့ ဒုက္ခကိုတော့ သူကိုယ်တိုင်ခံရမှာပေါ့။

အမည်ပညတ်ချက်ကမှားလား
ကံတရားကြောင့်လား မဝေခွဲနိုင်ဘူး
ကမ္ဘာကြီးလည်နေသေးရင်တော့
လပြည့်ညရောက်လာပါ။

လရိပ်လေး (မောင်းမကန်)
6.6.2016
http://layeiklay.blogspot.com

No comments:

Post a Comment