Pages

Tuesday, June 7, 2016

***စွန့်လွှတ်စွန့်စား***

စွန့်စားမှုအတွက်
စွန့်လွှတ်ခဲ့ရတာ ဒုနဲ့ဒေး။

စွန့်လွှတ်မှုအတွက်လည်း
ထပ်မံစွန့်စားဖို့ ဝန်မလေး။

ဘဝဆိုတာ
ရုန်းကန်ရင်းသေဆုံးရမယ်လို့
ခံယူထားသမျှ
ပျော်ရွှင်မှုက
စက္ကန့်တိုင်းမှာ ရှိနေတယ်။

တစ်ခုကိုလိုချင်ရင်
တစ်ခုကိုစွန့်ရစမြဲ
စိန်ခေါ်မှုကိုကျော်ဖြတ်ရဲမှ
ဘဝက လူပီသမှာ။

မေတ္တာဆိုတာ
ငွေကြေးက လာတာမဟုတ်ဘူး
ရင်ထဲကလာတာ။

လရိပ်လေး (မောင်းမကန်)
1.6.2016
http://layeiklay.blogspot.com

No comments:

Post a Comment