Pages

Tuesday, October 27, 2015

***ဂုဏ်ယူစရာ***


အာင်မြင်မှုနှင့်ရာထူးသည်
ဂုဏ်ယူစရာမဟုတ်
မိမိအလုပ်အပေါ်တွင်
စိတ်ကျေနပ်မှုရရှိပြီး
ပူးပေါင်းဆောင်ရွက်
တတ်ခြင်းသည်သာ
ဂုဏ်ယူစရာ ဖြစ်သည်။


လရိပ်လေး ( မောင်းမကန် )
26.10. 2015
http://layeiklay.blogspot.com/

***အလှဂုဏ်***

မြန်မာဆန်ဆန် ဝတ်စားဟန်သည်
သာမာန်အလှ ပေါ်လွင်ကြပြီး
မြင်ရသူငေး စိတ်ချမ်းအေးလျက်
တသွေးတမွေး လှရက်သည်။


သွားလာလှုပ်ရှား နေရာများတွင်
ဝတ်စားပြင်ဆင် လွဲမှားလျင်ကား
အမြင်မသင့် ပွဲမတင့်ပဲ
ချစ်ခင်သူများ နည်းလိမ့်မည်။

မြန်မာမှန်လျင် မြန်မာ့ဆင်သည်
ယဉ်ယဉ်လေးသာ လှရက်တာမို့
သေချာဝတ်ဆင် သွားလာလျင်ကား
ရှုမြင်သူများ အံ့သြသွားလျက်
ချစ်ခင်စိတ်များ ဝင်တော့သည်။

လရိပ်လေး ( မောင်းမကန် )
26.10. 2015
http://layeiklay.blogspot.com/

***သူ***


သူနဲ့သာဆို မိုးမြေပြိုလည်း
တူခိုတွဲကာ ဖြစ်ကြမ္မာကို
ဖြေရှာလို့သာ လျှောက်ရဲပါသည်။

သူ၏စကား နားဝယ်ကြားက
တေးသွားပမာ ချိုမြိန်စွာနှင့်
လှမ်းရာပန်းတိုင် ဆုပ်ကိုင်နိုင်သည်။

သူ၏ရင်ခွင် ထွေးပွေ့လျင်ကား
စိတ်ရွှင်ကြည်နူး အတွေ့ထူးလျက်
ချစ်ရူးလို့ပင် ထင်တော့သည်။

သူသာမရှိ သူမသိဟု
ထင်မိထင်မှား ဖြစ်တုံငြားက
စိတ်အားပျော့ပြောင်း ပျားဖယောင်းသို့
စိတ်ထောင်းကိုယ်ကြေ လွမ်းရစ်စေလျက်
လုပ်တွေမပြီး ရှိတော့သည်။

လရိပ်လေး (မောင်းမကန်)
20 .10.2015
http://layeiklay.blogspot.com/

Tuesday, October 13, 2015

***ရှုထောင့်တစ်နေရာမှ***


သူတစ်ပါးအား ပုတ်ခတ်ရှုတ်ချခြင်းသည်
မိမိ၏ဂုဏ်ရည်ကို မြင့်တက်စေခြင်း မဟုတ်။

မိမိ၏ လုပ်ဆောင်ချက်ကို
ပွင့်လင်းမြင်သာအောင်ချပြနိုင်ခြင်းသည်သာ
မိမိ၏ဂုဏ်ရည်ကို သူတစ်ပါး ယုံကြည်စေနိုင်ခြင်းဖြစ်သည်။

အောင်မြင်သော ရည်ရွယ်ချက်တစ်ခုသို့ ရောက်ရှိနိုင်ရန်
ဝေဖန်အကြံပြုချက်များကို သုံးသပ်ပြင်ဆင်ပြီး
အဘက်ဘက်မှ ထိန်းညှိလျက်
စိတ်ထားမှန်ကန်ဖြောင့်မတ်စွာဖြင့်
ကိုယ့်လမ်းကိုယ်လျှောက်ရမည်။

တစ်ပါးသူအား ပုတ်ခတ်နှိမ်ချပြီးမှ
မိမိအောင်မြင်ခြင်းကိုရရှိလျင်
အောင်မြင်ခြင်းအစစ်အမှန်မဖြစ်နိုင်။

လရိပ်လေး (မောင်းမကန်)
(11. 10.2015)
http://layeiklay.blogspot.com/
photo - google

Thursday, October 8, 2015

***အနှစ်မဲ့ အနမ်း***


ပစ်ခွာနှုတ်ဆက် သူထားရက်လည်း
မပျက်မေတ္တာ ချစ်သစ္စာက
ရင်မှာမြစ်တွယ် ခိုင်မြဲနွယ်လျက်
လွယ်လွယ်မေ့မရ မျက်ရည်ခလို့
တမ်းတရက်ရှည် ချစ်သူဆီ။


ချစ်သူလာလမ်း မျှော်ကာမှန်းလည်း
တစ်ခန်းရပ်နှယ် ဇတ်သိမ်းလွယ်၍
ရည်ရွယ်ပန်းတိုင် မလှမ်းနိုင်ပဲ
ယိုင်နဲ့ကြေကွဲ မေ့အသဲဝယ်
ပူကဲလျက်သာ နာကျင်လာသည်။

အချစ်နဲ့ဘဝ ထပ်တူမကျလည်း
လှမ်းရအုံးမည် ပန်းတိုင်ဆီမို့
တေးသီကဗျာ ရေးစပ်ကာသာ
ဖြေရှာကြိုးစား ရုန်းကန်အားနှင့်
စိတ်ထားပြင်ဆင် လမ်းမှန်ထွင်၍
အမြင်သစ်များ ပြောင်းလဲထားလည်း
စိတ်အားရယ်က ခပ်ငယ်ငယ်။

လရိပ်လေး(မောင်းမကန်)
(8. 10. 2015)
http://layeiklay.blogspot.com/

***အရိပ်စစ်***


နှင်းဆီရင့်ရင့် ပင်ယံတင့်လည်း
ကြွေလွင့်ချိန်မှာ မြေခရာ၏။

တေးသံချိုနှော နွေဥသြသည်
လွမ်းမောစရာ တေးဆိုပါလည်း
ရာသီနှောင်းခါ ချန်ရစ်ရာ၏။

ချစ်ကိုပေါင်းသင် သစ္စာမင်လည်း
မုန်းလျင်ခဏ ချစ်ပြယ်ကြ၍
လွမ်းရသည်သာ ဓမ္မတာပါ။

မိဘဆရာ မိတ်ဆွေဟာလည်း
ဖြစ်ရာဘဝ ကုန်လွန်ရ၍
သေကြမည်မှာ မလွဲပါ။

သို့ပါသောကြောင့်
လောကလူသား ဖြစ်တုံငြားက
တရားနိစ္စ ရှုမြင်ကြလျက်
ချိန်ရတိုင်းသာ တရားရှာ၍
မေတ္တာခြုံလွှမ်း နိဗ္ဗာန်လမ်းကို
လျှောက်လှမ်းမှသာ ငြိမ်းချမ်းရာ၏။

လရိပ်လေး (မောင်းမကန်)
(5. 10 . 2015)
http://layeiklay.blogspot.com/

မိတ်ဆွေအစစ်

ရိုးသားပွင့်လင်းစွာ
ခင်မင်ခြင်းသည်
မိတ်ဆွေအစစ်တို့နှင့်
ဆုံဆည်းရခြင်းအတွက်
ပထမဆုံး ခြေလှမ်းဖြစ်သည်။

လရိပ်လေး(မောင်းမကန်)
October 4 2015
http://layeiklay.blogspot.com/

ရုက္ခဗေဒဥယျာဉ်

ပြင်ဦးလွင်မြို့
ရုက္ခဗေဒဥယျာဉ် သို့အလည်တခေါက်

သူငယ်ချင်းသို့

သူငယ်ချင်း
လွမ်းတယ် ချစ်တယ်ဆိုတာ
ချစ်သူတွေမှ သုံးနှုန်းခွင့်ရှိတာ မဟုတ်ဘူး
စစ်မှန်တဲ့သူငယ်ချင်းမှာလည်း
သုံးခွင့်ရှိတယ်နော်။

 

လရိပ်လေး (မောင်းမကန်)
19. 9 .2015
http://layeiklay.blogspot.com/

***ချစ်အတ္တ***


နက်နဲတဲ့အရာကိုမှ အဖြေရှာချင်ခဲ့တာ
မတန်မှန်းသိရက်နဲ့ ပိုင်ဆိုင်ချင်ခဲ့တာ
တကယ်ဆို ပြိုင်ပွဲမဝင်ခင်က ရှုံးနိမ့်ပြီးသား။

သွေးစိမ့်ယိုစီးနေသော နှလုံးသားဆီမှာ
မီးတောက်တစ်ခုလုံးကို ဝါးမျိုနိုင်လောက်တဲ့
ချစ်ခြင်းရနံ့တွေ သင်းနေသမျှ
ဒူးဆက်ထောက်မိအုံးမှာပါ။

ဖွင့်ဆိုချက်တွေဘယ်လောက်များများ
အချစ်ရဲ့ တံဆိပ်တစ်ခုက
အရာအားလုံးကို ပိုင်ဆိုင်လိုခြင်းပါပဲ။

လရိပ်လေး (မောင်းမကန်)
19. 9 .2015
http://layeiklay.blogspot.com/

EDNA(mm) ရဲ့ ဆွေးနွေးပွဲ အမှတ်တရ



ကျွန်မတို့ EDNA(mm) ရဲ့ ဆွေးနွေးပွဲလေးမှာ
နည်းပြများရဲ့လက်တွေ့ကွင်းဆင်းအပြီး
လက်လီလက်ကားအရောင်းဆိုင်အကြောင်း
တင်ပြနေစဉ် ( September 18, 2015)
ဒီနေ့ဒါရိုက်တာ အစည်းအဝေးပြီး စားသောက်ရင်း 
အခုမှပြန်ဆုံရတဲ့ ဆရာစိုးမင်းသန့်နဲ့ 
အမှတ်တရ ( September 18, 2015)
 

မနေ့က အသစ်တင်လိုက်တဲ့
မင်းသမီးလေး သုံးယောက် ( September 19, 2015)