Pages

Tuesday, October 13, 2015

***ရှုထောင့်တစ်နေရာမှ***


သူတစ်ပါးအား ပုတ်ခတ်ရှုတ်ချခြင်းသည်
မိမိ၏ဂုဏ်ရည်ကို မြင့်တက်စေခြင်း မဟုတ်။

မိမိ၏ လုပ်ဆောင်ချက်ကို
ပွင့်လင်းမြင်သာအောင်ချပြနိုင်ခြင်းသည်သာ
မိမိ၏ဂုဏ်ရည်ကို သူတစ်ပါး ယုံကြည်စေနိုင်ခြင်းဖြစ်သည်။

အောင်မြင်သော ရည်ရွယ်ချက်တစ်ခုသို့ ရောက်ရှိနိုင်ရန်
ဝေဖန်အကြံပြုချက်များကို သုံးသပ်ပြင်ဆင်ပြီး
အဘက်ဘက်မှ ထိန်းညှိလျက်
စိတ်ထားမှန်ကန်ဖြောင့်မတ်စွာဖြင့်
ကိုယ့်လမ်းကိုယ်လျှောက်ရမည်။

တစ်ပါးသူအား ပုတ်ခတ်နှိမ်ချပြီးမှ
မိမိအောင်မြင်ခြင်းကိုရရှိလျင်
အောင်မြင်ခြင်းအစစ်အမှန်မဖြစ်နိုင်။

လရိပ်လေး (မောင်းမကန်)
(11. 10.2015)
http://layeiklay.blogspot.com/
photo - google

No comments:

Post a Comment