Pages

Tuesday, October 27, 2015

***အလှဂုဏ်***

မြန်မာဆန်ဆန် ဝတ်စားဟန်သည်
သာမာန်အလှ ပေါ်လွင်ကြပြီး
မြင်ရသူငေး စိတ်ချမ်းအေးလျက်
တသွေးတမွေး လှရက်သည်။


သွားလာလှုပ်ရှား နေရာများတွင်
ဝတ်စားပြင်ဆင် လွဲမှားလျင်ကား
အမြင်မသင့် ပွဲမတင့်ပဲ
ချစ်ခင်သူများ နည်းလိမ့်မည်။

မြန်မာမှန်လျင် မြန်မာ့ဆင်သည်
ယဉ်ယဉ်လေးသာ လှရက်တာမို့
သေချာဝတ်ဆင် သွားလာလျင်ကား
ရှုမြင်သူများ အံ့သြသွားလျက်
ချစ်ခင်စိတ်များ ဝင်တော့သည်။

လရိပ်လေး ( မောင်းမကန် )
26.10. 2015
http://layeiklay.blogspot.com/

No comments:

Post a Comment